Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ချက်ကျလက်ကျ တွေးမြင်ဝေဖန်ပေးတဲ့ မောင်လေး ကို ကိုကို ကို လေးစားပါတယ်... ဒါနဲ့ပတ်သက်ပြီး နည်းနည်းလောက်တော့ ပြောချင်ပါတယ်... ငါ့မောင် စကားတစ်ခွန်း ကြားဖူးမယ်ထင်ပါတယ်။ "မှန်တိုင်းလည်း မကောင်းဘူး"ဆိုတာလေ။ အစ်မ ငယ်ငယ်ကလည်း မျက်စိရှေ့အမြင်မတော် ဝင်ပါ၊ ဝင်ပြောတတ်လွန်းလို့ လူကြီးတွေ၊ ဆရာဆရာမတွေရဲ့ သတိပေးခြင်းကို ခဏခဏ ခံခဲ့ရဖူးတယ်။ ကိုယ်ကတော့ အမှန်တရားတစ်ခုကို မြတ်နိုးလို့ ပြောလိုက်တာပေမယ့် အခန့်မသင့်ရင် အဲဒီအကြောင်းအရာသေးသေးလေးက ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေကြားမှာ အပ်ကြောင်းတစ်ခုဖြစ်လာနိုင်တယ်။ လုပ်ငန်းခွင်ရောက်ရင်လည်း ဒီထက်မကတဲ့ အမှန်တရားတွေကို ချုပ်တီးထားရတာတွေ မကြာခင် လုပ်ငန်းခွင်ဝင်တော့မယ့် ငါ့မောင် ကိုယ်တိုင်ကြုံတွေ့ နားလည်လာပါလိမ့်မယ်။ ဒါကတော့ စိတ်ထဲရှိတာ သိပ်မထားတတ်တဲ့ အကျင့် (အကျင့်ဆိုးလား၊ အကျင့်ကောင်းလားတော့မသိဘူး) အတိုင်း ငါ့မောင်ကို လေးစားချစ်ခင်လို့ ပြောတာပါ။

အဲ...နောက်တစ်ခုကတော့ ငါ့မောင်ပြောတဲ့ blogကိစ္စ။ blogတစ်ခုကို ရှေ့လူတင်ပြီးသားလား မတင်ရသေးဘူးလား မသိဘဲ တင်မိတတ်ကြတာကတော့ အစ်မအနေနဲ့ အပြစ်တစ်ခုလို့ မမြင်မိပါဘူး။ ဘာလို့ဆိုတော့ နောက်ပိုင်းမှ memberဖြစ်လာကြတဲ့သူတွေ၊ အကြောင်းကြောင်းကြောင့် MOSနဲ့ ကင်းကွာနေကြတဲ့သူတွေက ရာချီရှိနေတဲ့ Postတွေကို တင်ပြီးသားလား၊ မတင်ရသေးဘူးလားဆိုတာကို ပြန်မကြည့်နိုင်ကြဘူးလေ။ ကိုယ်တွေက သိခဲ့ရင်လည်း သူဘာကြောင့်တင်သလဲဆိုတဲ့ သူ့စေတနာလေးကိုပဲ အလေးထားဖို့လိုမယ်ထင်ပါတယ်။ နောက်တစ်ခုက blogဆိုတာ အရေးကြီးတာမှန်ပါတယ်... "အကျိုးရှိစေမယ့်၊ ဗဟုသုတရစေမယ့်၊ မသိတာတွေကို သိအောင်၊ ကြုံဖူး၊ ကြားဖူးတဲ့ အဖြစ်အပျက်တွေ" ဆိုတဲ့အသုံးအနှုန်းလေးက နည်းနည်းတော့ "တာ"သွားတယ်လို့ အစ်မ မြင်တယ်။

 
လူတိုင်းတော့ တန်ဖိုးကြီးတဲ့ စာပေကို မဖန်တီးနိုင်ကြဘူးလေ။ အချစ်ဝထ္တုတစ်ပုဒ်က စာဖတ်သူအတွက် အကျိုးဖြစ်ထွန်းစေချင်မှ အကျိုးဖြစ်ထွန်းမယ်၊ ဗဟုသုတရစေချင်မှရစေမယ်။ ချစ်တာ၊ ကြိုက်တာပဲ၊ ဘာဆန်းလို့လဲ။ သို့ပေမယ့် အဲဒီ မဆန်းပြားတဲ့ ချစ်တာကြိုက်တာထဲမှာကိုက ရသတစ်ခုရှိနေတာလေ။ စာရေးသူတိုင်းမှာ ပေးချင်တာတစ်ခု ရှိကိုရှိကြပါတယ်။ ပေးတဲ့သူနဲ့ ယူတဲ့သူ ခံစားချက်ခြင်းတူဖို့ပဲ လိုမယ်ထင်ပါတယ်။ ဘာလို့ ဒါကိုပြောရသလဲဆိုတော့ ning group တွေမှာ စာရေးသူတွေဟာ 95%သည် လူငယ်တွေ ဖြစ်နေကြလို့ပါပဲ။ လူငယ်ဖြစ်တဲ့အတွက် ခံစားရတာကို ခံစားတတ်သလို ရေးချတတ်ကြမှာပဲလေ။ ပေးချင်တာက ဗဟုသုတမဟုတ်ဘူး ကိုယ်ပိုင်ခံစားချက်တွေလေ။ အနုပညာဆိုတာ အသိဉာဏ်ထက် ရင်ဘက်နဲ့ ခံစားကြည့်မှ ပိုတန်ဖိုးရှိတယ်လို့ အစ်မထင်တယ်။ ပြီးတော့ ning group တော်တော်များများက စာပေရသတွေစုစည်း တင်ပြတဲ့နေရာဆိုတာထက် ပျော်ရွှင်ဖို့ကို အဓိကထားပြီး createလုပ်ထားတာလို့လည်း အစ်မ ထင်တယ်။ ဒါကြောင့်လည်း အားနည်းချက်တွေရှိကြပေမယ့် လွတ်လပ်စွာပဲ ကိုယ်တိုင်ရေးပြီးPostတွေ တင်နေကြတာလို့ အစ်မ ယူဆတယ်။ 


နောက်ဆုံးတစ်ခုကတော့ ဒီningတွေထဲမှာ စာလာရေးကြတဲ့သူတွေဟာ များသောအားဖြင့် proffessionalတွေ မဟုတ်ကြဘဲ ဝါသနာအရ ရေးနေကြသူတွေ များပါတယ်... proffesional ဆိုလို့ အစ်မကြုံဖူးသမျှထဲမှာ "ကိုလင်းလက်" တစ်ယောက်ပဲ တွေ့ဖူးပါတယ်... နောက်ထပ် bloger ၂ယောက်၃ယောက်ကို တွေ့ဖူးပါတယ်... ထားပါ... ဗဟုသုတနည်းလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်... ပြောချင်တာကတော့ proffessional မဟုတ်ကြတဲ့အတွက် အရေးအသား၊ အသုံးအနှုန်း အထူးသဖြင့် ကဗျာတွေမှာပေါ့ တော်တော်လေးကို အားနည်းကြပါတယ်(ကိုယ်တိုင်အပါအဝင်)... ဒါပေမယ့် သူတို့ကိုယ်တို့ ဖန်တီးကြတဲ့ စကားလုံးတိုင်းဟာ အကုန်လုံးမဟုတ်ရင်တောင် အစိတ်အပိုင်းတော်တော်များများက သူတို့ကိုယ်တို့ရဲ့ ကိုယ်ပိုင်ခံစားချက်၊ ပုံရိပ်တစ်ချို့လို့ အစ်မမြင်တယ်။ personally ပြောရရင် ဒီMOSမှာ အစ်မ ကိုယ်တိုင်ရေးပြီး တင်ထားတဲ့ Post(၂၈)ပိုဒ်ရှိပါတယ်။ အစ်မရဲ့စာတွေတိုင်းက အစ်မအတွက်တော့ အသွေးအသားပဲ။ ကိုယ်ပိုင်ခံစားတစ်ချို့နဲ့ စိတ်ကူးတစ်ချို့ကို ကဗျာအဖြစ်၊ စာအဖြစ်ပြောင်းထားတာပါ။ ဘယ်လို ဗဟုသုတ၊ အကျိုးတစ်စုံတစ်ရာကိုမှ ပေးချင်တာမဟုတ်တဲ့ ခံစားမှုသက်သက်တွေပါ။ ကဗျာတိုင်းက ဗဟုသုတမပါနိုင်ဘူး၊ ဒါပေမယ့် ခံစားမှုတွေတော့ပါတာသေချာတယ်လို့ အစ်မယုံတယ်။ ကိုယ်တိုင်က proffessional တစ်ယောက်မဟုတ်တာရယ်၊ ဘယ်ဆရာကောင်း၊ သမားကောင်းဆီကမှ သင်ယူခဲ့ခြင်း မရှိတာကြောင့် အားနည်းမှုအရာအထောင်ရှိတာကိုလည်း သိပါတယ်။ တစ်စုံတစ်ယောက်က ဝေဖန်ရင်လည်း အတိုင်းမသိ ဝမ်းသာပါတယ်။ ဝေဖန်မှုကိုလည်း ကြိုဆိုပါတယ်။ ကိုယ်တိုင်ရေးတဲ့ Post တစ်ခုနဲ့သူများရေးတဲ့ Post တစ်ခု...commentပြန်ရတဲ့ ခံစားချက်ကလည်း မိုးနဲ့မြေလို ကွာပါတယ်။ အစ်မက ကိုယ်တိုင်လည်း ခံစားမှုကို ဦးစားပေးတော့ ခံစားချက်တွေကို ထုတ်ပြတတ်တဲ့ မောင်နှမတိုင်းရဲ့စာတွေကိုလည်း ကိုယ့်အတွက်အကျိုးတစ်ခုရစေဖို့ဆိုတဲ့အသိထက် သူတို့ရဲ့ခံစားချက်ကို နားလည်ကြည့်ဖို့ ဖတ်တာများပါတယ်။ အစ်မကိုယ်တိုင်လည်း အသိပညာတိုးစေဖို့၊ ဗဟုသုတရစေဖို့ထက် ကိုယ်နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်ကို ပျော်ရွှင်စေဖို့အဓိကထားပြီး Postတင်ဖြစ်တယ်လို့ပဲ ဝန်ခံချင်ပါတယ်။ အစ်မကိုယ်တိုင် တစ်ခြားning group ၆ခုထက်မနည်း ဝင်ထားပြီး Post တင်နေတဲ့အတွက် MOSကိုလည်း တစ်ခြားning groupတွေလိုပဲ Postတွေနဲ့ ပျော်စေပျက်စေ ခင်မင်ရင်းနှီးစေလို့ အစ်မမြင်မိတဲ့အတွက် စိတ်ထဲရှိတဲ့ ခပ်ပေါ့ပေါ့အတွေးနဲ့ပဲ တင်လေ့ရှိပါတယ်။ အခုလည်း ကိုယ်ပိုင်ခံစားချက်သက်သက်နဲ့ ဝင်ပြောမိတာမို့ အမှားတစ်စုံတစ်ရာရှိရင် တောင်းပန်ပါတယ်။ MOSက အစ်မ ကိုယ်တိုင်ရေးတဲ့ postအားလုံးကိုလည်း personal ခံစားချက်အရပဲ အားလုံးကို delete လုပ်ထားပါတယ်။ *ကိုယ်တိုင်လည်း သိပ်မကောင်းမှန်းသိတဲ့ ကဗျာတစ်ပုဒ်ရဲ့ commentတစ်ခုဟာ ကျမအတွက်တော့ ကောင်းကင်က ကြယ်တစ်ပွင့်ကြွေလွင့်ပြီး ကျမဆီ ရောက်လာသလိုကို ခံစားခဲ့ရတာ ကိုယ်တိုင်အသိမို့ comment ပေးခဲ့ကြတဲ့ မောင်နှမတွေအားလုံးကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။* မောင်လေး ကို ကိုကိုရေ အစ်မလည်း ငါ့မောင်နဲ့ ထပ်တူ MOS ကိုမှန်ကန်ပြီး၊ တန်ဖိုးမြင့်မားတဲ့ society တစ်ခုအဖြစ် မြင်တွေ့ချင်ပါတယ်။ အပြောင်းအလဲတစ်စုံတစ်ရာမရှိဘဲ အားလုံးကိုလည်း ချစ်ခင်လေးစားပါတယ်။


နည်းနည်းဆိုပြီးပြောလိုက်တာ မနက်လင်းသွားလို့ ရုံးသွားဖို့ ပြင်လိုက်ပါဦးမယ်...
အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ...
k2tmaung


29 June 2009 ရွှေမြန်မာတွင် မောင်လေး ကိုကို၏ comment အပေါ် ပြန်လည်ချေပရေးခဲ့ခြင်းဖြစ်ပါသည်။

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..