Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

သွားစမ်းပါ...
ကြားရတဲ့ စကား...
နားခါးရအောင်...
လာလာ မကြွားစမ်းပါနဲ့...

နင့်အတွက် မရိုးပေမယ့်...
ငါ့အတွက် အဖြစ်ဆိုး...
အပြစ်တစ်မျိုးတိုးအောင် ...
နင် ဆူးချိုးပြီးပြီပဲ...

နင်လည်း ပြန်မဆုတ်...
ငါလည်း ရှင်းချက်မထုတ်တဲ့...
ဟိုနေ့ညက ဇာတ်ထုတ်လေး...
ဘယ်သူ့ကြောင့် မိုးချုပ်သွားတာပါလိမ့်...

ကိစ္စမရှိပါဘူး...
စ,ကတည်းက အရိပ်ကောင်းခဲ့သူမဟုတ်လို့...
ထိတ်လန့်ခံရတယ်ဆိုလည်း...
မိုးတိတ်နိုင်အောင်ပဲ ငါ ကြိုးစားလိုက်တော့မယ်...။


Created By: k2tmaung (29 May 2011 Sunday 12:51AM)

ဆက်လက်ဖတ်ရှုရန်...

ဘဝက လမ်းများတာ အဆန်းလား...
အဟ... ငါလည်း ဒီနေ့ကစ မိန်းမကြမ်းပေါ့...
လန်းတယ်ထင်ရင် ပန်းတာလေးတွေ နည်းနည်းလျှော့...
ငါနဲ့အတူ မော့တာပေါ့...
မလန်းဘူးထင်ရင် မေတ္တာတွေ ခမ်းထားလိုက်...
...လုံးဝ လုံးဝ ဂရုမစိုက်...
ကြိုက်ချင်ကြိုက် မကြိုက်ချင် ပြိုင်မိုက်တာပေါ့... နော့...။


Created By: k2tmaung (27 May 2011 Friday 03:35AM)

ဆက်လက်ဖတ်ရှုရန်...

အချစ်ဆိုတာ သာပေါင်းညာစား...
ဗိုက်မဝရင်လည်း အချစ်က ခါးတယ်...
စံနှုန်းတွေနဲ့ ဇကာချ...
ကျန်တာကိုတောင် အဆစ်ကလေးရ,မှ တဲ့..
ပေးနိုင်တုန်းခဏသာ ချိုမြိန်တာ...
ကြာကြာထားတော့ သွားကြားများ ညက်သလို...
ဟိုဟာဘဝင်မကျ ဒီဟာကြည့်မရ...
အချစ်ဆိုတာ ပါမုန့်ထောပတ်သုပ်လို...
ပါးပါးနဲ့ သကြားပါ,ပါမှ...
တော်ကာကျလေရဲ့..။


Created By: k2tmaung (27 May 2011 Friday 3:14AM)

ဆက်လက်ဖတ်ရှုရန်...

အတုအယောင် အိပ်မက်တွေကြား...
ခါးသီးခြင်းတွေ မေ့...
ဒီတစ်နေ့တော့ အိပ်ရေးဝဝ အိပ်ပါရစေ...
ကျေးဇူးပြု၍ အစေးမကပ်တဲ့...
ဒီတစ်ရက်... လာမနှိုးရက်ကြပါစေနဲ့...။


Created By: k2tmaung (24 May 2011 Tuesday 12:51AM)

ဆက်လက်ဖတ်ရှုရန်...

ပန်းဆိုတာ ညှိုးနွမ်းပြီးရင်...
ပြန်လန်းရိုး ထုံးစံ မရှိပါဘူး... ။
မပန်ချင်နေပါ...
တန်ဖိုးမဲ့အောင်တော့ မဖဲ့ချွေပါနဲ့... ။
မစာနာရင်နေပါ...
မာနကျိုးအောင်တော့ ဆူးမချိုးပါနဲ့... ။


Created By: k2tmaung (24 May 2011 Tuesday 12:24AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..