Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ဘာရယ်တော့ မဟုတ်ပါဘူး... discussion ဆိုလို့ ဝင်ပြောကြည့်တာပါ... သိပ်သိလို့တော့ မဟုတ်ဘူးနော်... ဝင်ရွှီးကြည့်တာ... ရွှီးတာမှားတယ် ထင်ရင်တော့လည်း အားလုံးကို sorryပါပေါ့နော်... ကြိုတင်ပြောထားပါရဲ့...ဟဲဟဲ...

အင်း...အချစ်ဆိုတာ...???
စိုင်းစိုင်း သီချင်းလေးလိုပေါ့..."အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတယ်"... အဲလို ထင်တာပဲ...ဟဲဟဲ...

အတည်ပြောရရင် ခက်တော့ ခက်သား... လောကမှာ တည်မြဲတာဆိုလို့ ဘာများရှိလို့ပါလဲ... အပြောင်းအလဲအများဆုံးက စိတ်ခံစားချက်တွေမို့ စိတ်ခံစားချက်တစ်ခုဖြစ်တဲ့ အချစ်ဆိုတာကကော ဘယ်လောက်တည်မြဲနိုင်မှာပါလဲ... အချစ်မှာ "လိုဘ"လေးတော့ အနည်းငယ်ရှိမှာပါပဲ... လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ အဲဒီလူဆီက အနည်းဆုံး တုန့်ပြန်မှုတစ်ခုတော့ တောင့်တမိကြမှာပဲလေ... အဲလိုဆို အချစ်က ရလိုမှုနဲ့ စ,မနေပေဘူးလားနော်...
အချစ်ဆိုတာ ရမ္မ္မက်မီးစာပါတဲ့ မီးတောက်တစ်ခုလိုပဲ... အရှိန်ကောင်းနေချိန်မှာတော့ မီးကတောက်နေဦးမှာပဲ... အချိန်ကြာလာတာနဲ့အမျှ မီးတောက်ရဲ့အရှိန်ကသေလာလေ အချစ်တွေကလည်း လျော့လာလေပဲ... နောက်ဆုံး မီးစာကုန်တာနဲ့ အချစ်ဆိုတာလည်း ပျောက်သွားမှာပဲ... ဒါကြောင့် လူတွေက ချစ်လိုက်ကြ...ကွဲလိုက်ကြ...ပြန်ချစ်ကြနဲ့... မဆုံးနိုင်သော ချစ်ခြင်းတွေနဲ့ချစ်နေနိုင်ကြတယ်မလား... သို့ဆိုသော် အချစ်က မတည်မြဲသော အရာတွေထဲမှာ top 10 စာရင်းထဲ ပါမနေပေဘူးလားနော်... ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ်လည်း မယုံဘူး... ငါရော လူတစ်ယောက်ကို ဘယ်အချိန်ထိ ချစ်နိုင်မှာလဲလို့... မချစ်နိုင်တဲ့ တစ်နေ့ကျရင်ရော ဒါမှမဟုတ် ကိုယ့်ချစ်သူက ကိုယ့်ကိုမချစ်နိုင်တော့ရင်ရောလို့ အမြဲတွေးမိတယ်... (ကိုယ့်ကိုတောင်မယုံတာ တစ်ခြားလူဆိုရင်တော့ ဝေးစွ..ပေါ့...:P ) အဲ..ငယ်ရွယ်တဲ့အချိန်မှာ လမ်းခွဲရတာအကြောင်းမဟုတ်ပေမယ့် နှစ်ရှည်လများ လက်တွဲပြီးမှဆိုရင် ကိုယ့်မျိုးဆက်လေးတွေက မြေဇာပင်ဖြစ်ကြရဦးမယ်... ခက်တော့ခက်သားနော်... အချစ်ဆိုတာ မှန်းလို့မရတာ ခက်ပါတယ်... ဘယ်အချိန်ထိ ဘယ်ကာလအထိလို့ သတ်မှတ်လို့မှမရတာ... Foreverလို့တော့ လက်မခံသေးတာ အသေအချာပါပဲ...


နောက်ပြီး တစ်ခုက... ကိုယ့်အထင်လေး ကိုယ်ပြောတာပါ... တစ်ခြားလူတွေနဲ့တော့ တူချင်မှ တူမှာပေါ့လေ...
လူတစ်ယောက်ကို ချစ်ပါပြီဆိုမှတော့ ကိုယ့်ကိုလည်း ပြန်ချစ်စေချင်တဲ့ဆန္ဒက ရှိမှာပဲလေ...အဲဒါကိုက ရယူလိုခြင်းဖြစ်မနေဘူးလား... သူနဲ့အတူ နေချင်တာ၊ ကိုယ့်ဘေးနား သူ့ကိုရှိနေစေချင်တာကကော ပိုင်ဆိုင်လိုခြင်းဖြစ်မနေဘူးလား... သူ့ကိုချစ်ပြီဆိုမှတော့ သူစိတ်ညစ်ရင် ကိုယ်ပါလိုက်စိတ်ညစ်မိမှာပဲ...သူပျော်ရင် ကိုယ်လည်းလိုက်ပျော်မိမယ်ထင်တာပဲ... ဒါဆို အဲဒီ့ခံစားချက်တွေကကော ပေးဆပ်ခြင်းလို့ ဆိုလို့မရပေဘူးလား... အချစ်မှာ ရယူခြင်းရော၊ ပိုင်ဆိုင်ခြင်းရော၊ ပေးဆပ်ခြင်းရော ရှိမယ်ထင်တာပါပဲ...

ဘာပဲဖြစ်ဖြစ်ပေါ့နော်..."လူတစ်ယောက်ကို ချစ်ဖို့ ခေါင်းစဉ်တွေအမျိုးမျိုးတပ်ဖို့ လိုမယ်မထင်ပါဘူး... အချစ်ဆိုတဲ့ ခံစားမှုလေးကိုပဲ တန်ဖိုးထားဖို့ လိုမယ်ထင်ပါတယ်..."

အဟား... အချစ်အကြောင်းဝင်ပြောလို့ ငါတော့ ဝိုင်းပြောခံရဦးတော့မယ်...အချစ်အကြောင်း သိပ်သိလို့တော့ မဟုတ်ပါဘူး... တွေးမိတာလေး၊ ထင်ထားတာလေး ဝင်ပြောကြည့်တာပါ...

အားလုံးပဲ အချစ်ကို တန်ဖိုးထားနိုင်ကြပါစေ...
k2tmaung



26 June 2009 MOSတွင် ဝင်ဆွေးနွေးခဲ့ပါသည်။

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..