Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ဖြစ်ရတဲ့ဘဝကို အားငယ်တယ်
ခံစားချက်တွေကို မြိုသိပ်

ရင်ခုန်သံတွေကို ထိန်းချုပ်ပြီး
နှလုံးသားတံခါးကို လူမမြင်အောင်
ပိတ်ထားရတာ လွယ်တာမှမဟုတ်တာ။
လေးဖက်လေးလံ လုံနေအောင်
ပိတ်ထားတာတောင်မှ
တစ်ခါ တစ်ခါ လှစ်ကနဲ လှစ်ကနဲ
ပွင့်သွားတတ်သေးတာမို့
သူသိသွားမလား စိုးရိမ်တယ်။
သြော်….. ဆန္ဒ နဲ့ဘဝ
ထပ်တူဖြစ်ခွင့်မရတဲ့ ငါ့အဖြစ်
ရင်တွင်းမှာ ခိုအောင်း
ညဘက်ဆို တိတ်တိတ်ငို
လူလစ်ရင် ခိုးခိုးကြည့်
တဖြည်းဖြည်းနဲ့ ငါဟာ
ခိုးကြောင်ခိုးဝှက်ကြီး ဖြစ်ဖြစ်လာရတာ
ပြန်တွေးမိရင် စိတ်ပျက်စရာ။
သူ့သဘောထားကိုလည်း သိချင်တယ်
ဖွင့်မေးရမှာကျ ခက်ပြန်တယ်
ထုတ်ပြောဖို့ကျ မဖြစ်နိုင်တယ်။
တကယ်တော့
သိချင်တာကို သိနိုင်ဖို့
ကြားချင်တာကို ကြားနိုင်ဖို့
ရင်တွင်းမှာ မဆန့်မပြဲဖြစ်နေတဲ့
စကားလုံးတွေကို
ဖွင့်ပြောခွင့်ရတဲ့ဘဝမှ မဟုတ်တာ………….။



Created By: k2tmaung (2005)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..