Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...


"ဗုဒ္ဓဘာသာငါးမျိုး"ဆိုတဲ့ blogလေးတစ်ခုကို ဖတ်လိုက်ရပြီး စာရေးချင်စိတ် ပါက်သွားတာနဲ့ ကိုယ်သိတာလေးတစ်ချို့ကိုလည်း မျှပေးချင်စိတ် ဖြစ်လာတာမို့ ဒီစာလေး ရးလိုက်ရတာပါ...
ဒီ blogလေးမှာပါတဲ့ စာတစ်ချို့ကိုလည်း ကောက်နှုတ်ဖော်ပြလိုက်ပါတယ်...

"ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကို သိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြားလိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီ ဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ (မိရိုးဖလာ ဗုဒ္ဓဘာသာ)
(၂)။ လာဘ ဗုဒ္ဓဘာသာ (လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ)
(၃)။ ဘယ ဗုဒ္ဓဘာသာ (ဘေးကို ကြောက်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ)
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ (သဒ္ဓါတရားကို အရင်းခံတဲ့ ဗုဒ္ဓဘာသာ)
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ (သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာ) "

အသေးစိတ်ကိုတော့ မဖော်ပြတော့ပါဘူးနော်... blog ထဲက အညွှန်းအတိုင်းပဲ ကိုးကားဖို့ ပြန်ဖော်ပြလိုက်ပါတယ်နော်... (ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစ္စာလေးပါးတရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း)


ကိုယ် လေ့လာသိရှိရသလောက် ပြောရမယ်ဆိုရင် ခုခေတ် လူတော်တော်များများဟာ မိရိုးဖလာ ကိုးကွယ်နေကြတာ များပါတယ်... ဗုဒ္ဓဘာသာလို့ အမည်ခံထားပြီး ကိုယ် ဘယ်ဘုရားကို ကိုးကွယ်လို့ ကိုးကွယ်နေကြမှန်းလည်း သေချာ မသိကြတော့ပါဘူး... ဒါကြောင့်... သိသင့်သိထိုက်တာလေး၊ ကိုယ်တိုင် နားကြားမှတ်သားဖူးသမျှလေးကို မျှတဲ့သဘောနဲ့ 
ရးတာပါ... ဆရာလုပ်ခြင်း... ကြွားဝါလိုခြင်း... ဆိုတဲ့ အပြစ်ဖြစ်ဖွယ် ဆန္ဒတစ်စုံတစ်ရာနှင့် ဒီစာကို ရေးသားရခြင်း မဟုတ်ရပါလို့ ရှေးဦးစွာ ဝန်ခံ တာင်းပန်ပါရစေ...


ဘယ်အတွက်ကြောင့် ဒီစာကို 
ရးရပါသနည်း?

တစ်ခြားဘာသာဝင်တွေက သူတို့ရဲ့ဘုရား သူတို့ရဲ့ဘာသာအကြောင်းကို တစ်ခြားဘာသာခြားများ အလုံးစုံ နားလည် သဘောပေါက်အောင် ရှင်းပြနိုင်သည် မဟုတ်သော်ငြား သူတို့ရဲ့ဘုရား သူတို့ရဲ့ဘာသာကိုတော့ အနက်အဓိပ္ပာယ် ဖွင့်ပြနိုင်ကြပါတယ်... သို့ဆိုရသော် ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေကကော...

ပထမဦးစွာ... "ဗုဒ္ဓဘာသာ၏အဓိပ္ပာယ်သည် အဘယ်နည်း" "ဗုဒ္ဓဘာသာဝင်၏ အဓိပ္ပာယ်သည် အဘယ်နည်း"
ဗုဒ္ဓဘာသာဆိုသည် "ဘုရား၏ အဆုံးအမ" ဟုမည်ပါသည်။
ဗုဒ္ဓဘာသာဝင်ဆိုသည် "ဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးသူ" ဟု မှတ်သားဖူးပါ၏။

"ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ သင် လက်ရှိ ဘယ်ဘုရားကို ကိုးကွယ်နေပါသလဲ" ၊ " ဒီဘဒ္ဒကမ္ဘာမှာ ဘုရားဘယ်နှစ်ဆူ ပွင့်ထွန်းပြီးပါပြီလဲ"
သင်သည် ဂေါတမမြတ်စွာဘုရားကို ကိုးကွယ်ခြင်းလား? ကဿပမြတ်စွာဘုရားလား? ပဒုမတ္တရမြတ်စွာဘုရားလား? ကောဏဂုံမြတ်စွာဘုရားလား???
ဘဒ္ဒကမ္ဘာမှာ ဘုရား ၄ဆူပွင့်ခဲ့ပြီလား ၅ဆူပွင့်ခဲ့ပြီလား???
မြတ်စွာဘုရားတိုင်းသည် ရှိသော တရားကိုဟောပြောခဲ့ခြင်းလား၊ မြတ်စွာဘုရားတို့၏ ဟောကြားခဲ့သော တရားတို့သည် ဖြစ်ပွားတည်ရှိနေကြကုန်သည်လား?
ပွင့်တော်မူပြီးသော မြတ်စွာဘုရားတိုင်းသည် ရှိနေပြီးသော တရားများကိုသာ ဟုတ်တိုင်းမှန်စွာ ဟောပြောတော်မူခဲ့ခြင်းသာ ဖြစ်ပါ၏။ ကွန့်မြူးတီထွင် 
ဟာပြောခဲ့ခြင်းတို့လည်း မရှိကြကုန်၏... သို့ပါ၍... ငါသည် ဂေါတမမြတ်စွာဘုရားကိုသာ ကိုးကွယ်၏... ကဿပမြတ်စွာဘုရားကိုသာ ကိုးကွယ်၏ဟု အဘယ်ကြောင့် ခွဲခြားကြပါသလဲ... တူညီသော တရားကို ဟောပြောခဲ့ကြသော မြတ်စွာဘုရားတို့အနက်မှ ဂေါတမမြတ်စွာဘုရားကိုသာ ရွေးချယ်ကိုးကွယ်ကြခြင်းလား...

ဗုဒ္ဓဘာသာဝင်တို့သည် "ဘုရား၊ တရား၊ သံဃာ" ကို ရိုသေလေးမြတ်ရှိခိုး ပူဇော်ကြပါ၏... ပွင့်တော်မူခဲ့ပြီးသော ဘုရားတိုင်းကို ကိုးကွယ်ကြပါ၏... ဟာကြားတော်မူခဲ့သော တရားတိုင်းကိုလည်း ကိုးကွယ်ကြပါ၏... ရှးရှေးမြတ်စွာဘုရားလက်ထက်တော်ကတည်းက ရှိကြကုန်သော ရဟန်းသံဃာတော်များအပါအဝင် ယနေ့ မျက်မှောက်ကာလမှာ ရှိကြပါသော ရဟန်းသံဃာများကိုလည်း ကိုးကွယ်ကြပါ၏...
ဒီ့အပြင် ဘဒ္ဒကမ္ဘာမှာ ဘုရားအရေအတွက်ပေါင်း မရေမတွက်နိုင်အောင် ပွင့်ထွန်းပြီး ရှိကြပါ၏ "ဂင်းဂါဝါလု သဲစုမက" ပွင့်ပြီး ဖြစ်ပါ၏... ဘုရား ၄ဆူမက ပွင့်ထွန်းပြီး ရှိပါလေ၏...

"ဗုဒ္ဓဘာသာဝင်တို့ ဘာကြောင့် ဗုဒ္ဓဘုရားကို ကိုးကွယ်ကြသလဲ" "ဘာကို ရည်မှန်းလို့ ကိုးကွယ်ပူဇော်ကြပါသလဲ... ပုံတော်ပန်းချီကားတွေလား၊ ဆင်းတုတွေလား"
ဆရာတော် အရှင်ဦးသုမင်္ဂလကတော့ ဘာကြောင့်မြတ်စွာဘုရားဟာ ကျေးဇူးရှိတယ်... ဗုဒ္ဓဘာသာဝင်တို့ကိုးကွယ်ကြသလဲဆိုရင်ဖြင့်... "အကောင်းအဆိုး... အကြောင်းအကျိုး... အမှားအမှန်ကို ပိုင်းခြားသိစေလို့"လို့ ဆုံးမဟောကြားထားပါတယ်။
ကိုးကွယ်ခြင်းနဲ့ ပတ်သတ်လို့ ဒေါက်တာမင်းတင်မွန်ရဲ့ ဆောင်းပါးတစ်ခုမှ ဥပမာလေးတစ်ခုကို ရည်ညွှန်းပါရစေ… "ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။" ဒီဥပမာလေးအတိုင်း ဗုဒ္ဓဘာသာဝင်တို့ ဘာကြောင့် ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေ ကိုးကွယ်ကြသလဲဆိုတာတဲ့အချက်ကို သတိချပ်မိကြမယ် ထင်ပါတယ်... ဒါကြောင့်... ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကိုးကွယ်မှု အစစ်အမှန်သည် ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေ မဟုတ်ရပါ... ရင်ထဲမှာကိန်းနေတဲ့ တရားများသာဖြစ်ပါတယ်...


အင်း... ဒီလောက်ဆိုရင်... 
တ်ာသင့်ပြီထင်ပါတယ်...

ဘာသာခြားတို့ မးလေ့ရှိတဲ့ "ဗုဒ္ဓဘာသာ ဆိုတာဘာလဲ"မေးခွန်းကို ဖြေနိုင်တယ်ဆိုရင်ပဲ ဗုဒ္ဓဘာသာဝင်များ ဘာသာခြားတို့ အလယ်မှာ မျက်နှာမငယ်လောက်ဘူးလို့ မျှော်လင့်မိပါရဲ့...
နူးညံ့သိမ်မွေ့ပြီး အနှစ်သာရတွေ စုဝေးနေတဲ့ ကိုယ်တို့ဘာသာကို မကျော်ကြားရင်နေပါစေ... ကွယ်ပျောက်မသွားဖို့ပဲ မျှော်လင့်ပါတယ်... လေ့လာထားတာလေး... ဆွးနွေးတာပါ... သိတာလေးတွေ share လုပ်တဲ့ သဘောလေးပါ... :P

စာကြွင်း-"ဗုဒ္ဓဘာသာငါးမျိုး" blog ကို 
ဒီနေရာ (dreamseeker) နှင့် ဒီနေရာ (လှိုင်စုယဉ်) မှ ကူးယူဖော်ပြပါသည်။ ဒေါက်တာမင်းတင်မွန်ရဲ့ ဆောင်းပါးကိုတော့ forward mail တစ်ခုမှရတာဖြစ်ပြီး ဒီနေရာ မှာ "ဆင်းတုရှိခိုးတာ အကျိုးရှိသလား"ဆိုတဲ့ ခေါင်းစဉ်နဲ့ discussion အဖြစ် ကိုယ်တိုင် တင်ထားပါတယ် www.burmaborn.blogspot.com မှာလည်း သွားရောက်ဖတ်ရှူနိုင်ပါတယ်...


မှတ်ချက် - ဒီblogလေးကို ရေးဖို့အတွက် မှတ်သားနာယူဖူးခဲ့သော "ဆရာတော် ဦးသုမင်္ဂလ"၏ အဆုံးအမများကို recall ပြန်ခေါ်ရေးသားထားခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ မနက်ရုံးသွားချိန် Busစီးရင်း (သို့) ရုံးပြန်ချိန် busစီးရင်း နားထောင်ခဲ့ဖူးသော ဘုန်းဘုန်း၏ MP3 တရားများမှ မှတ်မိသလောက်လေး ပြန် share တာမို့... မည်သူတစ်ဦး တစ်ယောက်ရဲ့ အာဘောမဟုတ်ရပါ... မှားယွင်းမှုတစ်စုံတစ်ရာရှိသော်... မိမိ၏မှတ်သားနာယူမှု သညာအားနည်းခြင်းမို့ ဂရုဏာရှေ့ထားခွင့်လွှတ်ဖို့ မောတ္တာရပ်ခံပါသည်.....

(အမှားအယွင်းတစ်စုံတစ်ရာ အဆင်မပြေမှုအရာအထောင်နဲ့ အရေးအသားမပြေပြစ်မှုအသိန်းအသောင်းရှိခဲ့သော် ကိုယ့်ရဲ့သင်ယူမှတ်သား ဆည်းပူးလိုက်နာမူ ညံ့ဖျင်းခြင်းသာဖြစ်ပါကြောင်း)


Created By: k2tmaung (03 May 2009 Sunday 04:00PM)


0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..