Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ငါ မုန်းတဲ့ အမှားတရား...
ထပ်ခါထပ်ခါ ငါ့အပေါ် မှားတယ်...
ငါ တစ်ယောက်တည်း အမှန်တွေ ရင်ဝယ်ပိုက်...
ခေါင်းငိုက်စိုက်နဲ့ လူတွေအားလုံးကို မုန်းတယ်...

အမြင်မတော်သူတွေ လက်ပိုက်ရပ်ကြည့်တဲ့ ပွဲ...
အမှန်တရားလို့ အော်သူတွေလည်း...
မမှန်တဲ့ဘက်မှာ ရပ်လို့ အရယ်မရပ်တဲ့ ပွဲ...
ကြောက်တတ်သူတွေ တိတ်တိတ် ရှောင်ဖယ် မျက်နှာလွှဲသွားတဲ့ ပွဲ...
မလိုမုန်းတီးသူတွေ လက်ခုပ်တီး အားပေးကြတဲ့ ပွဲ...
ချစ်ခင်သူတွေ အကျဉ်းချခံထားရတဲ့ ပွဲ...
တရားခံတွေ တရားလိုကို စကားလုံးနဲ့ အနိုင်ပေါက်ကြတဲ့ ပွဲ...

ငါလို ငမွဲ ဒီပွဲမှာ ဆဲတာကလွဲလို့...
ဘာများ တတ်နိုင်ပါ့...
ဒီလိုပွဲတော်မျိုး မျိုးရိုးလိုက်တတ်သလား...
လူဘယ်နှစ်ယောက် ခြေရာဖျောက်လို့ အမျိုးပျောက်သွားကြပြီလဲ...

ပြောပါရစေ နောက်တစ်ခေါက်...
ထပ်မခြောက်ပါနဲ့...
ငါ ကြောက်တတ်ပါတယ်...
ထပ်မဟောက်ပါနဲ့...
ငါ့ တန်ဖိုးလေး ပျောက်ခဲ့ပြီးပါပြီ...
ဆောက်လက်စ ငါ့ အနာဂတ်လေး...
ဘယ်ဘဝရောက်လို့ အမျှဝေရပါ့...

ကူရာကယ်ရာမဲ့တဲ့ ငါ...
ပျော်စရာပါ မဲ့လာတယ်...
ရပါတယ်...
တောက်ခေါက်ပြီး လမ်းဆက်လျှောက်ပါ့မယ်...
အမှားတွေနဲ့ ဝေးရာဆီ...

Created By: k2tmaung (06 November 2013 Wednesday 01:14PM)

ဆက်လက်ဖတ်ရှုရန်...

ဘဝကို လမ်းလျှောက်သင်ခါစ..
မခိုင်တဲ့ ဒူးတွေနဲ့ ခြေချော်ချော်ကျတယ်...

သူ...
ကတီပါခင်း ပိုးသားအဆင်းနဲ့ ရွှေဖိနပ် ပိုင်ရှင်...
ခြေဖဝါးနုနု သွေးခြေဥမှာ ဆိုးသတဲ့...
ဆူးခင်းလမ်းထက် ငါ့ ကို တွဲကူလျှောက်ခဲ့တယ်...

နှင်းမကျတဲ့ ရာသီ ငါ ချွေးကျနေခဲ့တယ်...
ရာသီပြောင်းကူး ငါ အရူးအမူးနဲ့ စွဲချက်တင်...
ငှက်ဆိုတာ ပျံတတ်မှန်း အတောင်ဖြန့်မှ ငါ သတိရတယ်...

အမိုးမလုံတဲ့ ငါ့အိမ်ကလေး...
အညှိုးကြီးတဲ့ ဒီမုတ်သုန်မိုးအောက်...
ကယ်တင်ရှင်ပျောက်လို့...
ပြူတင်းမှန်တွေ တခြွမ်းခြွမ်းကွဲအထွက်...
မိုးကြိုးက ငါ့ အိမ်ကလေးမှ တည့်တည့်ပစ်ချရက်တယ်...

ပြောခဲ့စမ်းပါ...
အမှန်တရားကို သစ္စာရှိတဲ့ စစ်သည်တော်...
ငါ့ အသဲကို နင် အပျော်စော့ခဲ့သလား...
ပြောခဲ့စမ်းပါ...
နောင်တတွေပိုက် ငါ ထပ်မမိုက်ရအောင်...
ဘာမှားခဲ့သလဲလို့ ...

၂၅ရက်...
ညညမက်တဲ့ ဒီအိပ်မက်ဆိုး...
ငါ့ စိတ်တန်ခိုးတွေကို ခိုး...
ခုတော့
အဆာငတ်တဲ့ ငါ့ရင်တွေ နာလွန်းလို့...

Created By: k2tmaung (06 November 2013 Wednesday 12:43PM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..