Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

























ကျား နဲ့ ကြောင်က အသွင်သဏ္ဍန် အတော်တူတယ်လို့ ကျမ ထင်တယ်...
သူတို့ သားကောင်အပေါ် ရက်ရက်စက်စက် ဖမ်းဆီးစားပစ်တတ်တာလည်း တူကြတယ်...

ဒါပေမယ့် ကျားတွေဟာ သူတို့ သဘာဝအရ သားကောင်ကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ပြီး စားသောက်ကြပေမယ့် ဒဏ်ရာရထားတဲ့ သားကောင်ကိုတော့ စိမ်ပြေနပြေ လွှတ်ပေးလိုက်ပြန်ဖမ်းလိုက်နဲ့ အကြင်နာတရားမဲ့စွာ မကစားတတ်ကြဘူး... သူတို့ အာဟာရ သူတို့ သဘာဝအရ ရက်စက်ပေမယ့် သူတို့ ဗိုက်ဝနေရင်တော့ ဘယ်သူ့ကိုမှ ရန်မမူတတ်ကြသလို သူတို့ရဲ့ခွန်အားကို သူတို့ ယုံကြည်တဲ့အတွက်လည်း လူတွေအပါအဝင် သတ္တဝါတွေကို ကြောက်ရွံ့ခြင်း မရှိကြဘူး...

ကြောင်တွေကတော့ ကျားတွေနဲ့ အသွင်သဏ္ဍန်ခြင်း ဆင်ပေမယ့် သူတို့က သူတို့ထက် ခွန်အားကြီးသူတွေကို ကြောက်ရတယ်... အဲ့တော့ လိုအပ်ရင် လိုအပ်သလို နူးညံ့တတ်ရတယ် ပရိယာယ်ပိုများကြတယ်... အထူးသဖြင့် လူသတ္တဝါတွေအပေါ် နူးညံ့ပွတ်သပ်ပြီး သူတို့အပေါ် ချစ်ခင်ယုယအောင် ပြုလုပ်တတ်တယ်... ဒါဟာလည်း သူတို့ကို ရန်မူတတ်တဲ့ ခွေးတွေထက် အားကြီးတဲ့လူတွေနဲ့ ပူးပေါင်းခြင်းဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ခြင်း ဖြစ်မယ်ထင်တယ်... ဒါပေမယ့် သူတို့ထက် အားနည်းတဲ့ သားကောင်တွေအပေါ်မှာတော့ သူတို့က အရက်စက်ဆုံး ပြူမူကြတယ်... မသေမရှင်နဲ့ ဒဏ်ရာရနေတဲ့ သားကောင်တွေအပေါ် သွေးအအေးဆုံး အကြင်နာမဲ့စွာ စော့ကစားပြီးမှ သတ်ဖြတ်တတ်ကြတယ်...

ဒါကြောင့် နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ထင်ရတဲ့ ကြောင်လေးတွေဟာ အမှန်တော့ အသွင်သဏ္ဍန် ခက်ထန်ကြမ်းတမ်းတဲ့ ကျားတွေထက် ပိုသွေးအေးပြီး ရက်စက်ကြတယ်လို့ ကျမထင်မြင်မိတယ်...

စိတ်ထဲ ပေါ်လာတဲ့ ကျမရဲ့ အတွေးတစ်စအပေါ် ဆက်လက်၍ ကျယ်ပြန့်စွာ တွေးတောနိုင်ပါစေ... :)
Created By: k2tmaung (04 November 2012 Sunday 06:18PM)

ဆက်လက်ဖတ်ရှုရန်...

























"လူတစ်ယောက်ရဲ့ အားနည်းချက်၊ ပြစ်ချက်ကို တကယ်လက်ခံပေးဖို့ဆိုတာ ခွင့်လွှတ်နားလည်ရုံနဲ့ မလုံလောက်ပါဘူး... အဲ့ဒီအားနည်းချက်၊ ပြစ်ချက်တွေကို မီးမောင်းထိုးပြထားသလိုဖြစ်နေတဲ့ အရာတွေအားလုံးကိုလည်း မီးမှိတ်ပေးသင့်ပါတယ်..."

လူတိုင်း ကိုယ့်အယူအဆနဲ့ကိုယ်.. ကိုယ့်အတွေးအခေါ် ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်... တိုးတက်မှုကို ရှာကြတယ်... ကံအကြောင်းတရား အတိမ်းအစောင်းတစ်ခုကြောင့် ဘဝမှာ အပြစ်တွေ၊ အမှားတွေ လုပ်မိတတ်ကြတယ်... လူတစ်ယောက်က Perfect ဖြစ်နေတယ်ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ကျမ ထင်တယ်... အရှုံး၊ အမှား၊ အပြစ် တစ်ခုခုတော့ ဘဝမှာ အမည်းစက်အစွန်းအထင်းတစ်စုံတစ်ရာ ရှိကိုရှိကြမယ်လို့ ကျမ ယုံကြည်တယ်... 


ဆက်လက်ဖတ်ရှုရန်...













လွန်ခဲ့တဲ့ နှစ်လ ဒီလိုအချိန်တုန်းက ကျမ အရမ်းပျော်ရွှင်ကြည်နူးခဲ့ရတယ်...

အဲ့ဒီနေ့မနက်က မိုးဖွားတွေကျနေခဲ့တယ်... July လ တတိယပတ် ရောက်တဲ့အထိ ရန်ကုန်မှာ မိုးက သေသေချာချာ မရွာသေးတော့ မိုးရာသီ မကြိုက်တဲ့ ကျမ ရန်ကုန် ပြန်လာလို့ မိုးမရွာတာဆိုပြီး နောက်ပြောင်ဖြစ်သေးတယ်... ဒါပေမယ့် အဲ့ဒီနေ့မနက် အိမ်ကထွက်လာတော့ မိုးဖွားလေးတွေ ကျနေတယ်... 


ဆက်လက်ဖတ်ရှုရန်...




















Internet လေးသုံးပြီး တစ်ဖက်က Nuggets နဂတ်လို့ ခေါ်တဲ့ McDonald က ကြက်ကြော်အသေးစားလေးတွေ စားနဲ့ ဟုတ်နေတာပေါ့... အဲ့ဒီမှာ ပုရွက်ဆိတ်မဲမဲတစ်ကောင်က Nuggets နဲ့ တွဲစားရတဲ့ ကျမသိပ်ကြိုက်တဲ့ Curry Sauce ဗူး နှုတ်ခမ်းပေါ်ကို လာပြီး ရစ်သီရစ်သီ လုပ်တာပေါ့... အမြင်ကတ်ကတ်နဲ့ ဖူးဆိုပြီး လေနဲ့ မှုတ်လိုက်တာ အဲ့ Sauce ဗူးထဲ ပြုတ်ကျသွားပါလေရော... ဘာနဲ့တူလဲဆိုတော့ ရုပ်ရှင်တွေထဲကလို မင်းသား နွံထဲ နစ်နေတာပေါ့... ဟိုကတော့ မင်းသားဆိုတော့ ပရိသတ်တွေက ရင်တမမ အသည်းတယားယား ဖြစ်နေကြမှာပေါ့နော်... သူကတော့ ပုရွက်ဆိတ်မဲမဲကြီးဆိုတော့ အစားအသောက်နားလာတာနဲ့ လူတွေက အမြင်ကတ်ကြမှာပေါ့... အဲ့ဒါနဲ့ ပုရွက်ဆိတ် Sauce ထဲ နစ်ပြီး ယက်ကန် ယက်ကန် ဖြစ်နေတာပေါ့လေ... ကျမလည်း စိတ်ပျက်လက်ပျက်နဲ့ လက်ညှိုးလေးနဲ့ အသာလေး ကလော်လိုက်တာ... အိ... အဲ့တော့မှာ နွံထဲ နှစ်ချလိုက်သလိုဖြစ်ပြီး သူ့တကိုယ်လုံး Sauce တွေထဲ ဝင်သွားတော့တာပေါ့... သေသွားပြီလားမသိဘူးဆိုပြီး ကျမလည်း သနားသွားတာပေါ့... ကိုယ့်ကြောင့် သေသွားရတယ်ဆိုတော့ ဘယ်စိတ်ကောင်းပါ့မလဲ... 

ဆက်လက်ဖတ်ရှုရန်...




ဒီနေ့ စနေရုံးပိတ်ရက်ဆိုတော့ အိမ်မှာ လှိမ့်ပိန့်နေအောင် တော်တော်ပျင်းနေမိတယ်... ဒါနဲ့ game စော့လိုက်... အိပ်လိုက်... သီချင်းလေးနားထောင်လိုက်နဲ့ ကြာတော့ စာဖတ်ချင်လာတယ်... စာမဖတ်ဖြစ်တာလည်း ကြာပြီဆိုတော့ ဘာစာအုပ်ဖတ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားရင်း ဟို blog ဒီ blog လျှောက်ကြည့်ဖြစ်တယ်... အရင်ကတည်းကလည်း စာတွေ လိုက်ဖတ်ပြီး တွေးရတာကို သဘောကျသလို သူများတွေရဲ့ ရေးနည်းရေးဟန်တွေကိုလည်း အတုယူမှတ်သားဖြစ်ပါတယ်... အဲ့ဒါနဲ့ ကဗျာလှလှလေးတွေ ဖန်တီးတတ်တဲ့ ကို ကောင်းကင်ကို ရဲ့ blog ကို ပထမဆုံး ရောက်သွားခဲ့တယ်... သွားရတဲ့ ရည်ရွယ်ချက်က သူ့အတွေးအခေါ်တွေကို ဖတ်ရင်း အတွေးနယ်ချဲ့ဖို့ နဲ့ လှလှပပ သီဖွဲ့တတ်တဲ့ သူ့ကဗျာတွေ ခံစားဖို့ သွားတာပါ... အဲ့ဒီမှာ Chinese Poem ဆိုတဲ့ Post ကို ဖတ်ပြီး လက်တည့် စမ်းချင်တာရယ်... သူ့စာကိုဖတ်ပြီး ကဗျာရေးနည်းတစ်ခု မှတ်သားမိသွားတာမို့ comment ပေးချင်လာတာနဲ့ သူ့ Post မှာပဲ comment ပေးဖို့ ကဗျာတစ်ပုဒ် ဖန်တီးဖြစ်လိုက်တယ်...

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..