Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

သူက ဘုရင်မလို့တင်စား...
လူတွေကလည်း မြှောက်စားလို့...
ငါ့ ဘဝင်တွေ လမ်းသလားကောင်းလို့ပေါ့...

"သူခိုး"တဲ့...
တစ်ယောက်က ယိုးစွပ်...
ငါ့မာနတွေ မိုးကြိုးပစ်ခံရတယ်...
ဒါပေမယ့် မမှုပါဘူး...

"ဒမြ"တဲ့...
တစ်ယောက်က စွဲချက်တင်...
မှင်နီဗလပွနဲ့ သိက္ခာတွေ ဘေးထွက်စင်ကုန်တယ်...
ဒါပေမယ့် နောက်မဆုတ်ခဲ့ပါဘူး...

တစ်ခါ... နှစ်ခါ...
ဒီဒဏ်ရာတွေ နင် ဆားသိပ်လို့...
ငါ့ကို နှစ်သိမ့်နေတာလား...
ငါ မလုပါဘူး... မတိုက်ပါဘူး...
အချစ်ဦးမို့...
ငါ ရူးခဲ့တာပါ...
ငါ မူးခဲ့တာပါ...

ကိစ္စမရှိပါဘူး...
နင်ပေးထားတဲ့ စင်ဒရဲလားဖိနပ်လေး...
လမ်းခုလတ်မှာ ပြတ်သွားရုံလေးပါ...
ကိစ္စမရှိပါဘူး...
နင့်ကို တွဲထားတဲ့ ငါ့လက်တွေ မမြဲခဲ့လို့...
ခလုတ်တိုက် ချော်လဲရုံလေးပါ...

သွားပါ...
နင် အတောင်စုံပြီပဲ...
ငါ ယုံခဲ့တာ နင့်အမှားမှမဟုတ်ဘဲ...
နင် ဘွာမခတ်ပါဘူး...
ငါ အထာညက်သွားတာပါ...
ကြာရင်တော့ သက်သာသွားမှာပါ...

ဒါပေမယ့်...
ငါ့ နေရာ... နင် အသေအချာပြောသွားပါ...
ငါက နံပါတ်ဘယ်လောက်လဲ...

Created By: k2tmaung (29 October 2013 Tuesday 04:10PM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..