ဓူဝံ...
တစ်စင်းတည်းလင်း...
တစ်မင်းတည်းဝင်းလို့...
ဂုဏ်သတင်းတွေ...
ဆောင်ကျဉ်းနေတယ်...
ကြယ်ကြွေတွေကောက်...
ဆုတောင်းတွေနဲ့ အိမ်ဆောက်...
ခပ်ခြောက်ခြောက် ဘဝက...
ရေကြည်နောက်တဲ့ ရေတွင်းနက်နက်ပေါ့...
ဘယ်ကြယ်တစ်စင်းမှ...
ကြွေမဆင်းသေးတဲ့ ဒီရေတွင်းမှာ...
ဓူဝံ... မင်းကတော့...
ဟိုးတွင်းနက်ထိ ဝင်ပြုံး..
အဆုံးမသတ်နိုင်တဲ့ ပဲ့တင်သံတွေနဲ့...
ကာရံတွေကို နိုးစေတယ်...
ဓူဝံ...
တစ်စင်းတည်း ထွန်းလင်းရလို့...
မင်း အထီးကျန်တယ် ထင်မိမယ်...
ခပ်ကုပ်ကုပ် ကြယ်တစ်အုပ်နဲ့...
ပြိုးပြိုးပြပြ ကြယ်တွေကြား...
မင်းက ထင်ရှားလွန်းနေတာကိုး...
မငိုပါနဲ့ ဓူဝံ...
မင်းလည်း ကြယ်တစ်စင်း...
သူတို့လည်း ကြယ်တစ်စင်း...
အလင်းခြင်း မတူပေမယ့်...
ကမ္ဘာတစ်ခုစီမှာ မင်းတို့က နေမင်းပါ...
လူတွေအတွက်...
လင်းရောင်ခြည် ပေးနေရတဲ့ မင်း...
ရှေ့ဆောင်နေရတဲ့ မင်း...
ခေါင်းငုံ့ မျက်ရည်သုတ်မနေပါနဲ့...
အားတွေ ယုတ်လို့...
မင်း စိတ်ရှုပ်ရင်...
တစ်ချက်တော့ ငဲ့ကြည့်လိုက်ပါ...
ရေတွင်းနက်ထိတောင်...
မင်းအပြုံးက အမြဲ လင်းလက်နေပါတယ်..
ကြယ်ပဲလေ...
မှိတ်တုတ်မှိတ်တုတ် ဘဝမို့...
မှောင်ရတဲ့အခိုက် မင်း ငိုပြီးရင်...
လင်းရတဲ့အခိုက် မင်း အားသစ်တွေတင်းလိုက်ပါ...
ဓူဝံ...
Created By: k2tmaung (25 July 2010 Sunday 05:08PM)
အရှိတရား နဲ့ အကျိုးဆက်
1 month ago