ကိုယ့်အတွက် မမြဲခဲ့တဲ့ ကြိုး
ရိုးမယ်ဖွဲ့လို့ အပြစ်မဆိုသာ
တင်းတင်းဆွဲခဲ့ဖူးတဲ့ ကြိုး
အညှိုးနဲ့ဖြတ်သလို ကျန်ခဲ့ရတဲ့ဒဏ်ရာ
မေးရက်တယ်...
အစွန်းတစ်ဖက် မလွှတ်ရက်လေသလားတဲ့
ကိုယ့်နေရာက ထိလွယ်ရှလွယ်
သေချာပါတယ်
အဲ့ဒီအစွယ် ကိုယ့်ဘက်ကိုယ်လှည့်
တပါးသူတွေကို ငဲ့ဖို့
ကိုယ်ဟာ ရင့်ကျက်သူပါ
ကိုယ်ရဖူးတဲ့ အနာ
ဘယ်သူ့မှ မရှစေရာ
ကိုယ်ဟာ ဆင်ခြင်တတ်သူပါ
ကိုယ့်ဆန္ဒအတွက်
တပါးသူဘဝ မရောထွေးစေရာ
ကိုယ်ဟာ စာနာတတ်သူပါ
ကြိုး
တရစ်ချင်း အထပ်ထပ်ရစ်ခဲ့သမို့
တသက်လုံး အပျက်ပျက် ဖြတ်လို့ရပါ့
သွေးချင်းရဲလို့ တဖက်စွန်းမှာ
မလွှတ်တမ်း မြဲနေပါစေဦး
အဲ့ဒီကြိုးရဲ့တစ်ဖက် ဒီတစ်သက်
ဘယ်တော့မှ ငါသည် ပြန်မကမ်းစေရ...။