အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျမ အိမ်ထောင်ပြုဖို့ အမျိုးသားတစ်ယောက်ကို လက်ထပ်တယ်ဆိုတာကို ဒီလို လက်ခံထားတယ်...
အိမ်ထောင်ပြုတယ်ဆိုတာ အမျိုးသမီးတွေအတွက် ချစ်တာအပြင် အားကိုးချင်တာလည်း ပါပါတယ်... အားကိုးမရဘဲ ချစ်ရုံနဲ့ လက်မထပ်သင့်ဘူး မှန်ပါတယ်... ဒါပေမယ့် မချစ်ဘဲ အားကိုးဖို့သက်သက် ဘာအတွက် လက်ထပ်မှာလဲ... အချိန်တန် ယောက်ျားတစ်ယောက် ယူကိုယူရမယ်ဆိုတာမျိုးကို ကျမ ဘယ်တုန်းကမှ လက်မခံခဲ့ဘူး... အိမ်ထောင်ပြုမှ ဖြစ်မယ်ဆိုတဲ့သူတွေကို ကျမ မေးလေ့ရှိတဲ့ မေးခွန်းက "ကိုယ့်ဘာသာ ရပ်တည်လို့မရလို့လား"လို့...
လောကမှာ ငွေက အဓိကအကျဆုံး အရာတော့ မဟုတ်ပါဘူး... ဒါပေမယ့် ငွေမရှိဘဲတော့လည်း ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပါဘူး...
ကိုယ်က မှီဖို့ မလိုအပ်သလို ကိုယ့်ကို မှီမယ့် ယောက်ျားမျိုးလည်း သေလောက်အောင်ချစ်ဦးတော့ စဉ်းစားဖို့တော့ လိုသေးတယ်... ကိုယ် ဘယ်လောက်ထိ အမှီခံနိုင်မှာလဲလို့... ယောက်ျားမိန်းမမှ မဟုတ်ပါဘူး... နှစ်ယောက်လုံး ကိုယ့်အခြေအနေနဲ့ကိုယ် တန်းတူညီမျှ ရုန်းကန်နိုင်ဖို့ လိုအပ်တယ်လို့ထင်တာပဲ... ဒီခေတ်ကြီးမှာ သာမာန်လူတန်းစားတွေအတွက် တစ်ယောက်ယောက်ကချည်း အမြဲမှီနေဖို့ရာ မဖြစ်နိုင်ပါဘူး...