ဆက်ရန်မရှိတဲ့ ဇာတ်...
ငါ အထပ်ထပ်မက်တယ်...
အထပ်ထပ်ရေးတယ်...
အမှတ်မရှိတဲ့ငါ...
ရှိုက်သံတွေနဲ့ အသက်ရှုခက်နေတယ်......
နေမကောင်းပေမယ့်...
အိမ်ထဲမှာ ခိုအောင်း...
စိတ်ထောင်းလို့ကိုယ်ကြေ...
ငါတောင်းဆုတွေခြွေတယ်...
ဆောင်းရယ်... အရမ်းလွမ်းတယ်...
ရှိထားတဲ့ အတွေ့အကြုံ...
နောက်တစ်ပြန် ထိတွေ့... ဒီနေ့...
ငါ အသက်ငွေ့ငွေ့ပဲကျန်တယ်...
မငိုမိဖို့ ကြိုးစားရင်း...
ဒီရက်အပိုင်းအခြားရဲ့ ဒိုင်ယာရီဟောင်း
ငါ ပြန် စောင်းငဲ့ကြည့်တယ်...
နေလည်းမကောင်းဘူး...
စိတ်လည်းမကောင်းဘူး...
ဘာဆိုဘာမှ မကောင်းတဲ့နေရာမှာ...
အဖေလည်း မရှိဘူး...
အမေလည်း မရှိဘူး..
သူတို့ သူတို့တွေလည်း မသိဘူး...
ခုဆို ငါ့မှာ ဘာမှမရှိတော့ဘူး...
မရှိခြင်းတွေကြား ငါ့စိတ်ကလေး ခဏနားတော့...
အသိတရား တစ်ခု ဖြစ်ထွန်းတယ်...
ဟာလာနဲ့ ဟင်းလင်း...
စိတ်ကွင်းပြင်ကျယ်မှာ...
ဘာဆိုဘာမှ မရှိတော့ဘူး...
မသိတော့ဘူး...
ဒီတစ်ခါရိုက်ချက်က တကယ်ပြင်းတယ်...
တစ်ချက်တည်းနဲ့ ငါရင်းခဲ့သမျှ စုန်းစုန်းမြုပ်စေတယ်...
အတုံးအရုံးကျရှုံးနေပေမယ့်...
ငါရုံးတော့မထွက်မိခဲ့ဘူး...
ရင်ဘက်ကို တည့်တည့်ထိခဲ့တာကိုး...
ငါ အရှုံးလည်း မပေးချင်ဘူး...
အဆုံးနဲ့လည်း လှည့်မပြန်ချင်ဘူး...
သုံးထားရတဲ့ ငါ့ အမောတွေအတွက်...
ငါ့အပြုံးမှာ အားထပ်ထည့်ဖို့ ...
ကံကြမ္မာရယ် ဒီတစ်ခါ မလှည့်စားနဲ့တော့ဟယ်...
Created By: k2tmaung (18 August 2009 Tuesday 11:23PM)
အရှိတရား နဲ့ အကျိုးဆက်
4 months ago