Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

ငါလား
ဗူးဆို ဖရုံမသီးတတ္တဲ့...
ခပ်ထီးထီး အတွေးခေါင်ခေါင်နဲ့လူပေါ့...

ငါလား...
လူချစ်အောင် ပြုံးပြတတ်သလို...
သုံးစားမရအောင်လည်း မဲ့တတ်သေးတယ်...

ငါလား...
နှစ်ဆယ့်ရှစ်မျက်နှာစာ စာရွက်ပါးကို အဆုံးသတ်ရင်း...
မှတ်ခဲ့ဖူးတာတွေအတွက် လိပ်ပြာသန့်ရဲ့လား...
တည့်တည့်မေးခွန်း ထုတ်ကြည့်နေတယ်...

ငါလား...
တစ်ခါတစ်ခါတော့ ဝေဝါးဝါးပါပဲ...
ခပ်ခါးခါး ဘဝကော်ဖီထဲ...
သကြားထည့်ဖို့ ခပ်သဲ့သဲ့ အပြုံးနဲ့...
နှလုံးသွင်းနေရတယ်...

ငါလား...
ဟန်ဆောင်တတ်ဖို့ ကြိုးစားရင်း...
ရိုးသားမှုကို အထုတ်ထုတ်နေတယ်ဆိုလည်း...
ဟုတ်တယ်လို့ ဝန်ခံချင်တယ်...

ငါလား...
မနာလို ရန်တိုက် အမှိုက်ကားမဖြစ်အောင်...
ခြစ်ချုပ်ချွေတာ အကြွေလှဖို့...
ခပ်လှလှ ဝတ်စားတတ်သူ...

ငါလား...
တစ်ရက် ငိုဖြစ်ရင်...
နှစ်ရက် ရယ်တတ်အောင် ကြိုးစားသူ...

ငါလား...
ခေတ်ဆန်သူတွေထဲ နည်းနည်း ခြေလှမ်းကွာနေပေမယ့်...
ခွါမြင့်မြင့်နဲ့ တင့်နေချင်သေးတယ်...

ငါလား...
အဖြူရောင် လွယ်အိပ်ကို ထမ်းပိုးရင်း...
အချိုးအကွေ့တိုင်းမှာ...
ရိုင်းပင်းသူတွေနဲ့ တစ်ထောက်နားတယ်...

ငါလား...
ဟိုးဝေးဝေးကို လျှောက်ဖို့...
ရောက်နေတဲ့ နေရာမှာ...
ကြာကြာ ပြုံးရင်း...
ခပ်ရှင်းရှင်းနဲ့ လင်းအောင် ကြိုးစားရပ်နေတဲ့...
ခပ်သေးသေး အမှုန်အမွှားပါ...။


Created By: k2tmaung (27 September 2011 Tuesday 05:48AM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..