Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...


တစ်ခါလာလည်း လက်ညှိုးထိုး... နောက်တစ်ခါလာလည်း အကြောင်းအရာသာ ပြောင်းသွားတယ်... ဒီလက်ညှိုးပဲ ထိုးထိုးနေကြတယ်... ဖတ်ရတာများတော့ အချဉ်ကပေါက်လာပြီ...

ဖတ်မိသမျှစာတွေ လိုက်ပြီး comment ရေးရရင်လည်း ကျီးမဲကြား ကျီးဖြူ သွားရန်စတယ် ဖြစ်ဦးမယ်... အဲ့တော့ ကိုယ့်ဝေါ်ပေါ်မှာပဲ public လုပ်ပြီး ကိုယ့်ဘာသာ ရေးတယ်...

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

တစ်ဖက်စောင်းနင်းသိပ်ဆန်တဲ့ စာဖြစ်စေဦးတော့ ရေးထားတဲ့ ဘာသာစကားကို ဖတ်တတ်သူတိုင်း နာတတ်ကြတာ၊ နာပြတတ်တာ အမျိုးသားရေးတော့ မဟုတ်ဘူး ထင်ပါရဲ့...

မြန်မာပြည်မှာ တရုတ်တွေ မှတ်ပုံတင်ရတာ မနာလိုတာလား... ကန့်ကွက်ချင်တာလား.... မြန်မာတွေကော တစ်ခြားတိုင်းပြည်မှာ နိုင်ငံသားခံသွားကြတာ ဘယ်လောက်များပြီလဲ... ရွာကနေမြို့ပြောင်း၊ ဒီမြို့ကနေ ဟိုမြို့ပြောင်း၊ ဒီတိုင်းပြည်က ဟိုတိုင်းပြည်ပြောင်းနဲ့ အဆင်သင့်ရာ နေထိုင်ကြတာ အဆင်ပြေသူရှိသလို မပြေတာတွေလည်း အများကြီး... ဘယ်လူမျိုးက ကောင်းပြီး ဘယ်လူမျိုးက မကောင်းဘူးလို့ လက်ညှိုးထိုးတာ ဝါးလုံးရှည်နဲ့ စဉ်းစားဉာဏ်မဲ့ပြီး လိုက်ရမ်းနေတာနဲ့တူတယ်...
ဟိုလူမျိုးမကောင်းဘူး၊ ဒီလူမျိုးမကောင်းဘူးနဲ့... ပြောနေတဲ့သူတွေ... မြန်မာတိုင်းကကော ကောင်းလို့လား... ပြည်သူတွေ ခဏခဏဆဲတဲ့ တို့တိုင်းပြည်က ဗိုက်ကားကားနဲ့လူတွေက တရုတ်တွေလား၊ ကုလားတွေလား၊ ဘိုတွေလား...
လူမျိုးနဲ့မဆိုင်ဘူး၊ ဘာသာနဲ့မဆိုင်ဘူး... ကောင်းတဲ့သူက ကောင်းပြီး မကောင်းတဲ့သူက မကောင်းဘူးပဲ... ဗုဒ္ဓဘုရားက ကုလားမျိုးနွယ်က လာတာဖြစ်ပြီး ရေရှုကကော မြန်မာဟုတ်လို့လား...
လူမျိုးတူသူချင်း ဘာသာတူသူချင်း အကြောင်းသင့်စေချင်တာ လူမျိုးတိုင်း၊ ဘာသာတိုင်းပဲ... ရေစက်ပါလို့ လူမျိုးမတူတာ၊ ဘာသာမတူတာနဲ့ အကြောင်းသင့်ဦးတော့ အဲ့ဒါ အပြစ်မှ မဟုတ်တာ...
တိုင်းပြည်အရေး အားတက်သရောရှိတဲ့ ဗိုလ်ချုပ်မြေးကရော မြန်မာစစ်စစ် ဟုတ်လို့လား...

တစ်ခုတော့ မေးချင်လေရဲ့...
လူမျိုး လူမျိုးဆိုပြီး သိပ်ခွဲခြားနေတဲ့ လူတွေကိုပေါ့... လူသားအစ အာဒံဧဝ လို့ ပြောပြောနေတတ်တာ... အဲ့ဒီ အာဒံနဲ့ဧဝက ဘာလူမျိုးပါလိမ့်... ကမ္ဘာအစ ဘယ်လူမျိုးက စ,ခဲ့တာပါလိမ့်...
တိုင်းပြည်ဆိုတာနဲ့ နယ်နိမိတ်စည်းသားထားလို့သာ ဘာနိုင်ငံ ညာနိုင်ငံနဲ့ အဲ့နိုင်ငံတွင်းမှာ ရှိတဲ့ လူမျိုးတွေကလည်း ဘာနိုင်ငံသား ညာနိုင်ငံသား ဖြစ်လာကြတာ...
သေချာခွဲခြမ်းကြည့်ပါဦး... ကချင် နဲ့ မြန်မာ၊ ရခိုင် နဲ့ မြန်မာ လူမျိုးတူလား... ဘာသာစကားတူလို့လား... ကိုယ့်တိုင်းပြည်မှာ ရှိတဲ့လူတွေမှ လူတွေလား... လူတိုင်း မျက်လုံးနှစ်လုံး၊ နှာခေါင်း နှစ်ပေါက်၊ ပါးစပ်တစ်ခုကို မျက်နှာပေါ် တင်ထားတာချင်းတူတူ ဟိုလူမျိုးမကောင်း၊ ဒီလူမျိုးမကောင်းနဲ့... လိုက်လိုက်ရမ်းနေတာ တော်တော့်ကို အာရုံက နောက်တယ်...

ချမ်းသာတိုင်း ထင်တိုင်းကျဲတဲ့သူရှိသလို ဆင်းရဲတဲ့သူတွေ မျက်စိစုံမှိတ်ပြီး မိုက်ကန်းတာတွေလည်း အပုံအပင်ပဲ...
ဘယ်နှယ့်... ကိုယ့်တိုင်းပြည် တစ်ခြားလူမျိုးတွေ ရောက်လာမှဘဲ မိန်းမတွေ ကျင်းတူးပြီး နေရတော့မလိုလို... သူများနိုင်ငံက လာတဲ့သူနဲ့ ကိုယ့်နိုင်ငံမှာ ရှိတဲ့သူ ဘယ်သူက ပိုများလဲ... လူနည်းစုကို လူများစုက တွေးပြီး ပူနေတာတော့ မဟုတ်သေးပါဘူး... အသိဉာဏ်မကြွယ်ဝဘူးလို့ထင်ရင် ကြွယ်ဝအောင် ဘယ်လိုလုပ်မလဲ... အသိတရား မတိုးတက်ဘူးထင်ရင် တိုးတက်အောင် ဘယ်လိုလုပ်ရမလဲ ဒါ အတွေးသင့်ဆုံး မဟုတ်ဘူးလား...
ပိုက်ဆံချမ်းသာတဲ့နိုင်ငံခြားသားတွေ ကိုယ့်နိုင်ငံလာလို့ ကိုယ့်လူမျိုးမိန်းကလေးတွေ ဒုက္ခရောက်ကြကြေးဆို ပိုက်ဆံချမ်းသာတဲ့နိုင်ငံမှာ သွားအလုပ်လုပ်နေကြတဲ့ တစ်နည်းအားဖြင့် လူအများစုရှိရာ တို့တိုင်းပြည်က မိန်းကလေးအနည်းစု သွားအလုပ်လုပ်ရင်ကော ဒုက္ခရောက်ရောလား...
ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးအများစုနဲ့နေပြီး လူနည်းစုလာတာကို အတွေးနဲ့ စာချဲ့လိုက်ကြတာ တစ်ထောင့်တစ်ညပုံပြင်တွေလိုပဲ ရေးတဲ့ဘာသာစကားကို နားလည်သူတိုင်းက ဖတ်ကောင်းတယ် မှတ်နေကြတာလည်း အံ့ဩလေရဲ့...

အဲ့ဒီလို... လက်ညှိုးထိုးတတ်ပြီး ထိုးတဲ့ လက်ညှိုးကို လက်မထောင်ပြကြတဲ့သူတွေကို ပြောချင်သေးရဲ့...
ဘယ်နားက ရေဝင်တယ် မရှာဘဲ သင်္ဘောဝမ်းဗိုက်ထဲ ရေဝင်ရင် လူတွေ ရေနစ်ပြီး ဘယ်လို သေကြ၊ ဒုက္ခရောက်ကြမလဲ ဖွဲ့နွဲ့နေရင်တော့ မကြာခင် ရေတွေ မြင်လာရတာ ဆန်းတယ်မခေါ်ဘူး... မိတ်ဆွေ...
လက်ညှိုးထိုးတာ လွယ်လွယ်လေးပါ... ထိုးရမယ့်သူကို တည့်တည့် ထိုးတတ်ဖို့ပဲ လိုလိမ့်မယ်...

တံခါး ဘယ်သူဖွင့်နေသလဲ သေချာမရှာဘဲ ငါ့အိမ်ပေါ် တက်လာတဲ့သူ ငါ့ရန်သူလို့ ထိုင်အော်နေလို့ကတော့ တစ်အိမ်လုံး ရှိတာ ကုန်မယ်လို့ပဲ မှတ်ပါ...
နောက်ကြော ဓားထိုးခံရဦးတော့ ဓားထိုးခံရတယ်ဆိုတဲ့ ခေါင်းစဉ်က အရေးမကြီးဘူး... ဓားဒဏ်ရာ ဘယ်လောက် နက်မနက်ဆိုတာပဲ အရေးကြီးတာ...
အဓိက နဲ့ သာမည ခွဲတတ်ရင်တော့ စာဖတ်ရသူတွေ ပိုတန်ဖိုး ရှိလိမ့်မယ်... စာရေးသူတွေရေ့...။


Created By: k2tmaung (05 October 2011 Wednesday 01:30PM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..