Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

အတိတ်ကို 'အိပ်မက်ဆိုး'လို့ပြော...
စောဒက မတက်ဘဲ ငါ ယုံလိုက်မယ်...
ပစ္စုပ္ပန်ကို ငါ ယုံစားထားလို့...
ကြားကာလမှာ 'အိပ်မက်'ဆက်မက်နေရင်...
အနာဂတ်မှာ ထောက်ထားစရာတွေက
သေချာစွာ ဘေးထွက်ထိုင်နေလိမ့်မယ်...

ငါက ယုံကြည်ခြင်းဘာသာရပ်မှာ...
ဂုဏ်ထူးအမြဲထွက်ခဲ့တော့...
စာစစ်သူ ဆရာဆိုးနဲ့တွေ့မှပဲ...
ကျရှုံးခြင်းက သဘောခွေ့နိုင်လိမ့်မယ်...
ငါ့ကိုယ်ငါ ယုံတယ်....
လူတွေကိုလည်း ငါယုံတယ်...
ဒါပေမယ့်
တစ်ခါတစ်လေ ဆုံရတဲ့...
ဘဝစစ် ပါမောက္ခတွေက...
ရိုးသားခြင်းတွေကို လာဘ်ထိုးမှ...
လုပ်ရိုးလုပ်စဉ်လို့ ထင်ကြတော့...
စာသင်လူသားတွေရဲ့ စာရိတ္တတွေလည်း
စောက်ထိုးကျ,နေကြတယ်...

လူတွေထဲက လူပေမယ့်...
အူတူတူ ငါက...
သူတော်ကောင်းလည်း ဖြစ်ချင်သေးတာ...
ခွင့်လွှတ်ခြင်းဆိုတာကို ထမ်းပိုး...
နားလည်ခြင်းတွေကို စမ်းစမ်းသုံးရင်း...
စုန်းပြူးတွေအလယ်မှာ...
မရောင်ရာဆီလူး ငါက...
သဘောထားကြီးသလိုလို... ဘာလိုလို...

ဆိုခဲ့ပြီးသလို...
လူတွေထဲက လူတစ်ယောက်ဖြစ်တဲ့ ငါ...
အရာရာတိုင်းမှာတော့ ချွင်းချက်တွေ ရှိတယ်...

အတိတ်ကို ခွင့်လွှတ်တယ်...
လွတ်မြောက်ခွင့်နဲ့...
အရိပ်တိုင်းကို ကြည်ဖြူမယ်...
ပစ္စုပ္ပန်ကိုတော့ ဆေးမဆိုးနဲ့...
သိုးငယ်မဟုတ်တဲ့ ငါ...
အဆိပ်တော့ ပြင်းတယ်...
အနာဂတ်မှာ...
ခွင့်လွှတ်ခြင်းတွေ အိမ်နဲ့ဝေးလိမ့်မယ်...


Created By: k2tmaung (03 October 2009 Tuesday 07:31PM)

ဆက်လက်ဖတ်ရှုရန်...

ဝိဇိတာဝီစာအုပ်လေးက သူ့အမှား၊ သူ့အပြစ်တွေကို သံဝေဂရနေပြီဖြစ်တဲ့ အဇာတသတ်ဘုရင်အကြောင်း ရေးထားတာပါ... အဇာတသတ်ဆိုတာနဲ့ လူတွေက ကြောက်စရာကောင်းတဲ့ မင်းသားဆိုးတစ်ပါးအဖြစ် မြင်ကြတယ်လေ... ဒီစာအုပ်လေးကိုဖတ်ပြီးတော့မှ အမှားမကင်းကြတဲ့ လူသားတိုင်းတို့ရဲ့ အစဉ်အလာအတိုင်း အဇာတသတ်ဘုရင်လည်း အမှားတွေ၊ အပြစ်တွေလုပ်ခဲ့လို့ နောင်တရနေတဲ့သူတစ်ဦးအဖြစ် သနားစာနာမိခဲ့ပါတယ်... ဒီ့အပြင် ဗုဒ္ဓဘာသာ တည်တံ့ရေးအတွက် အဇာတသတ်ဘုရင်က သင်္ဂါယနာတင်ပွဲကြီးတွင် အထောက်အကူများစွာပြုခဲ့သော မင်းတစ်ပါးအဖြစ်လည်း ကျေနပ်မိပြန်ပါတယ်...

ဝိဇိတာဝီ - ချစ်ဦးညို


စာပေများမှ တဒင်္ဂဖြစ်ဖြစ် ခံစားမှုတစ်ခုခုကို ပိုင်ဆိုင်နိုင်ကြပါစေ...

Created By: k2tmaung (03 October 2009 Tuesday 05:45PM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..