ဒီနေ့ စနေရုံးပိတ်ရက်ဆိုတော့ အိမ်မှာ လှိမ့်ပိန့်နေအောင် တော်တော်ပျင်းနေမိတယ်... ဒါနဲ့ game စော့လိုက်... အိပ်လိုက်... သီချင်းလေးနားထောင်လိုက်နဲ့ ကြာတော့ စာဖတ်ချင်လာတယ်... စာမဖတ်ဖြစ်တာလည်း ကြာပြီဆိုတော့ ဘာစာအုပ်ဖတ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားရင်း ဟို blog ဒီ blog လျှောက်ကြည့်ဖြစ်တယ်... အရင်ကတည်းကလည်း စာတွေ လိုက်ဖတ်ပြီး တွေးရတာကို သဘောကျသလို သူများတွေရဲ့ ရေးနည်းရေးဟန်တွေကိုလည်း အတုယူမှတ်သားဖြစ်ပါတယ်... အဲ့ဒါနဲ့ ကဗျာလှလှလေးတွေ ဖန်တီးတတ်တဲ့ ကို ကောင်းကင်ကို ရဲ့ blog ကို ပထမဆုံး ရောက်သွားခဲ့တယ်... သွားရတဲ့ ရည်ရွယ်ချက်က သူ့အတွေးအခေါ်တွေကို ဖတ်ရင်း အတွေးနယ်ချဲ့ဖို့ နဲ့ လှလှပပ သီဖွဲ့တတ်တဲ့ သူ့ကဗျာတွေ ခံစားဖို့ သွားတာပါ... အဲ့ဒီမှာ Chinese Poem ဆိုတဲ့ Post ကို ဖတ်ပြီး လက်တည့် စမ်းချင်တာရယ်... သူ့စာကိုဖတ်ပြီး ကဗျာရေးနည်းတစ်ခု မှတ်သားမိသွားတာမို့ comment ပေးချင်လာတာနဲ့ သူ့ Post မှာပဲ comment ပေးဖို့ ကဗျာတစ်ပုဒ် ဖန်တီးဖြစ်လိုက်တယ်...
စာမရေးတော့ဘူးလို့ စဉ်းစားထားတဲ့ ကျမအတွေးတွေကို သူ့စာ နဲ့ သူ့ကဗျာတွေက အနာကျက်လုလုဖြစ်နေတဲ့ ကျမ ဒဏ်ရာပေါ်က အနာဖေးတစ်ခုကို တစ်ခဏအတွင်း ခွါချပေးလိုက်သလိုပါပဲ...
ဒါနဲ့ ဒီလိုနဲ့ ပျင်းနေတဲ့ ကျမ... ပိုနေတဲ့အချိန်တွေကို ဒီစာစုကို ရေးပြီး ဖြုန်းဖြစ်လိုက်တယ် ဆိုကြပါစို့...
ဒီ Post ဒီ ကဗျာနဲ့အတူ ပညာဖြန့်ဝေပေးတဲ့ ကိုကောင်းကင်ကို ကို ကျေးဇူးတင်ပါကြောင်း...
မကြာမကြာ လာလာသင်ယူရတဲ့ blogger တစ်ယောက်ရှိတယ်...
သူ့ ကဗျာနဲ့ သူ့စာတွေက ကျမ အတွေးနဲ့ အမြင်ကို ကျယ်ပြန့်စေတယ်...
မျက်စိမှုန်တဲ့ ကျမအတွက် မျက်မှန်တစ်လက်က အရာရာကို ကြည်လင်ထင်ရှား အလင်းပေးတဲ့အရာ...
သူကတော့ သူ့ပညာ သူ့အတွေးစနဲ့ ကျမအသိဉာဏ်ကို ကလောင်တံနဲ့ဖွင့်ပေးတဲ့ ကျမရဲ့ဆရာ...
Created By: k2tmaung (23 June 2012 Saturday 11:12PM)
အရှိတရား နဲ့ အကျိုးဆက်
1 month ago
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...