Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

















"You only regret the things you don't do."
Gary Vaynerchuk

လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်၊ ပြောသင့်ပြောထိုက်တာကို ပြောတယ်၊၊
ဘယ်သူ့အတွက်မှ လုပ်ခြင်း၊ ပြောခြင်းမဟုတ်... တနေ့မှာ ငါ မလုပ်ပေးလိုက်ရလေခြင်း၊ ငါ မပြောလိုက်ရလေခြင်းလို့ ကိုယ့်ကိုယ်ကိုယ် နောင်တမရချင်လို့... ဒါ ကိုယ်ခံယူထားတာ...

အရင်တုန်းက သူများအကြောင်းလည်း မသိချင်သလို ကိုယ့်အကြောင်းလည်း ပြောပြလေ့မရှိဘူး...
ခုအသက်အရွယ်မှာ ဖြတ်သန်းခဲ့ရတဲ့ ဘဝအဆစ်အချိုးတွေကြောင့် သူများအကြောင်းလည်း စိတ်ဝင်စားသလို တဖက်လူက သူ့အကြောင်းပြောပြနိုင်ဖို့ လွယ်ကူအောင် လိုအပ်ရင် ကိုယ့်အကြောင်းလည်း အိတ်သွန်ဖာမှောက် ပြောပြတတ်တယ်...

လူတိုင်းက ဘဝမှာ အမှားတွေ ရှိကြမှာပါပဲ...
ကိုယ့်အမှားကိုယ်ပြင်နိုင်သလို သူများအမှားကို မြင်ပြီးလည်း သင်လို့ ရနိုင်ပါတယ်...
သူတပါးထိခိုက်နစ်နာရအောင် လုပ်ထားတဲ့အမှား မဟုတ်တဲ့အတွက် ထိန်ချန်လျှို့ဝှက်ထားဖို့ မလိုအပ်သလို အဲ့အမှားတွေကနေ အမှန်တွေမြင်တတ်လာတာမို့လည်း အဲ့အမှားတွေကို မမေ့လျော့ထားသင့်ဘူးလို့ ထင်တယ်...

"မှန်တာကို ပြောရဲတာဟာ သတ္တိဆိုရင် မှားတာကို မှားတယ်လို့ ဝန်ခံရဲတာလည်း သတ္တိပဲ"တဲ့...
သတ္တိရှိရှိ နေထိုင်ဖို့ ကြိုးစားခြင်းဟာ အကျိုးမယုတ်စေပါဘူး...

တခါတလေ ကိုယ်က ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ဝင်ပြောတာ၊ ဝင်အကြံဉာဏ်ပေးတာ၊ ဆရာလုပ်တာတွေ များလာရင် ကိုယ်ဟာကိုယ်နဲ့ မတူသလို ခံစားရတယ်... ကိုယ်က ကိုယ့်အကြောင်းကလွဲပြီး စိတ်မဝင်စားချင်တဲ့သူကိုး... သို့သော်... ကိုယ်လိုအပ်တုန်းကလည်း ကိုယ့်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ ကူညီခဲ့တဲ့သူတွေကို အမှတ်ရသောအားဖြင့် ကိုယ်နဲ့မဆိုင်တာတွေ၊ ကိုယ့်အမြင်နဲ့မတည့်တာတွေကို ကိုယ့်သူငယ်ချင်းမောင်နှမအပေါင်းအသင်းတွေကို မကြာမကြာဆိုသလို ဆရာတွေသိပ်လုပ်တယ်... ချစ်လို့ခင်လို့ သူငယ်ချင်းမို့ ဘယ်သူမို့ ဘယ်ဝါမို့ ဂရုစိုက်ခြင်းတစ်မျိုးလို့ မှတ်ပါလေ... 🙂

ဒါကတော့ ဖြစ်သင့်တယ်၊ ဒါကတော့ မဖြစ်သင့်ဘူးလို့ ကိုယ်က ဆရာလုပ်၊ အကြံဉာဏ်ထုတ်ပြီး စေတနာဗရပွတွေနဲ့ သူ့အပူကိုယ့်အပူလုပ်ဖူးတယ်... ကိုယ် ပြောတာတွေ တဖက်လူက နားမထောင်တဲ့အခါ စေတနာဒေါသောနဲ့ ကိုယ့်မှာ ပူလောင်ရဖူးတယ်... အဲ့ဒါကို ကိုယ့်ညီမကို ပြောပြတော့ "နင်လည်း တူတူပဲလေ... နင်လုပ်ချင်၊ ဖြစ်ချင်ရင် ဘယ်သူတားတား ရဖူးလို့လား"တဲ့...

ငါသည် ငါသာ အကောင်းဆုံး ဥပမာပါတကား....

ကိုယ့်စကား နာယူလက်ခံဖို့ဆိုရာမှာလည်း တဖက်လူရဲ့ ကိုယ့်အပေါ် မြင်တဲ့အမြင်ကလည်း သက်ရောက်မှုရှိတယ်...

ဥပမာ - မအောင်မြင်တဲ့သူတယောက်က ဒါလုပ်၊ ဒါမလုပ်နဲ့လို့ ပြောရင် "သူက ဘာမို့လဲ၊ သူဖြင့် ဘာမှမဟုတ်ဘဲနဲ့"လို့ မြင်တဲ့အခါ ပြောတဲ့သူစကားက မှန်နေစေဦး လက်မခံချင်တဲ့ အတွေးတွေက ကန့်လန့်ဖြတ်ဝင်လာတတ်တယ်...

အောင်မြင်တဲ့သူတယောက်က ပြောရင်ဖြင့် ၁၀၀% လက်မခံတောင် နားလည်လက်ခံပေးချင်တဲ့ဆန္ဒဟာ ရာခိုင်နှုန်းများတတ်တယ်...
ကိုယ်ကတော့ အဲ့ဒီကွာဟမှုလေးကို 'အလေးထားမှု'လို့ အမည်တပ်ချင်တယ်...
ကိုယ်က တဖက်လူအတွက် တနည်းတဖုံ အလေးထားရလောက်တဲ့သူတယောက်၊ လေးစားစရာသေးသေးလေးတခုလောက်ဖြစ်ဖြစ်ရှိတဲ့သူတယောက်ဖြစ်နေရင် ကိုယ့်စကားသည် တဖက်လူအတွက် သူ့အတွေးထဲ ထည့်သွင်းစဥ်းစားရလောက်တဲ့ အခြေအနေကို ရောက်မှာပေါ့... တဖက်လူအတွက် ကိုယ်က လေးစားလောက်စရာ၊ အလေးထားလောက်စရာ မရှိတဲ့သူဆိုရင်တော့ ကိုယ့်စကားက ဒီဖက်နားကဝင်ပြီး ဟိုဖက်နားက ပြန်ထွက်သွားမှာပေါ့လေ...

အဲ့တော့... နောင်တချိန်မှာ ငါပြောလိုက်ရင်ကောင်းသား၊ ငါလုပ်ပေးလိုက်ရင်ကောင်းသားလို့ နောင်တမရချင်တဲ့အတွက် လုပ်ပေးတယ်၊ ပြောတယ်... သူများအတွက် မဟုတ်ဘဲ နောင်တမရချင်တဲ့ ကိုယ်ဆန္ဒနဲ့ကိုယ်မို့ တဖက်လူက လက်ခံခြင်း၊ လက်မခံခြင်းဟာလည်း သူတို့ရဲ့ရွေးချယ်မှုလို့ပဲ လက်ခံထားလိုက်တယ်...


Created By: k2tmaung (07 October 2021 Thursday 11:44PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..