Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~
k2tmaung
ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...
ရှိသမျှ အလင်းနဲ့
အမှောင်ထုကိုခွင်း
မနက်ခင်းကို
တံခါးဖွင့်ခဲ့တယ်
ငှက်ကလေးတွေ တေးဆို
မင်းကို ကြိုဆိုကြလိမ့်မယ်...
မွန်းတည့်... တဲ့
မင်း အကဲ့ရဲ့ခံရဆုံးချိန်
ဒါပေမယ့်
အစွမ်းနိုင်ဆုံး
မင်း လင်းခဲ့တာပါပဲ
မင်းရဲ့ခွန်အား
အပူလှိုင်းကြား
မင်းရဲ့အပြုံးကို
ငါတို့အမုန်းနဲ့
တုံ့ပြန်ခဲ့ဖူးတယ်...
အလင်းတွေ မှိန်ဖျော့
အားလျော့တဲ့ ညနေ
အချိန်တန်လို့
မင်းပြန်ရချိန်တောင်
အမှောင်ရဲ့နောက်
မရောက်မချင်း
ခပ်တင်းတင်း ဇွဲနဲ့
မင်းရဲ့ဇာတ်သိမ်းက
ငါတို့ကို မိန်းမောစေတယ်...
တနေ... ဝင်ခဲ့ပြီ
ငါတို့ရဲ့တနေ့တာ
မင်းလိုမှ လှပခဲ့ရဲ့လား...။ ။
Zawgyi
ရှိသမျှအလင်းနဲ့
အမှောင်ထုကိုခွင်း
ငှက်ကလေးတွေ တေးဆို
မရှိသမျှအလင်းနဲ့
အမှောင်ထုကိုခွင်း
ငှက်ကလေးတွေ တေးဆို
မွန်းတည့်တဲ့
ဒါပေမယ့်
အစွမ်းနိုင်ဆုံး
မင်း လင်းခဲ့တာပါပဲ
မင်းရဲ့ခွန်အား
အပူလှိုင်းကြား
မင်းရဲ့အပြုံးကို
ငါတို့အမုန်းနဲ့
တုံ့ပြန်ခဲ့ဖူးတယ်...
အလင်းတွေမှိန်ဖျော့
အားလျော့တဲ့ ညနေ
အချိန်တန်လို့
မင်း ပန်ရချိန်တောင်
အမှောင်ရဲ့နောက်
မရောက်မချင်း
ခပ်တင်းတင်း ဇွဲနဲ့
မင်းရဲ့ဇာတ်သိမ်းက
တနေ... ဝင်ခဲ့ပြီ
ငါတို့ရဲ့တနေ့တာ
Created By: k2tmaung (15 October 2020 Thursday 19:24PM)
0 comments:
Comment here
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...
မင်္ဂလာပါ
ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...
တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...
အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung
My Quotes
ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...
ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...
ကျွန်ုပ်ကို ခင်မင်သူများ...
ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)
ကျွန်ုပ်ခြေရာများသော သူတို့နေရာ...
ရေးထားသမျှ... ခွဲခွဲခြားခြား..