Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...











လျှောက်ခဲ့တဲ့ လမ်းတွေပေါ်...
အမှားတွေနဲ့ မှောက်ကျ...
အနာဂတ်တွေ ခဏခဏပျောက်ရှပေမယ့်...
ငါဟာ အမြဲ မှန်ချင်ခဲ့သူသာ...

တကယ်တော့...
ငါ လုပ်ခဲ့သမျှ အမှားတွေ မဟုတ်ခဲ့...
အမှားတွေကသာ ငါ့ကို ခလုတ်တိုက်ခဲ့တာ...

ကဲ ပြော...
ငါ အပြစ်ဖြစ်လောက်တဲ့ အစစ်အမှန်တရား...
ငါ ဘာများ မှားယွင်းခဲ့သလဲ...
ဒါပေမယ့်
ငါ ထွင်းခဲ့တဲ့လမ်းက...
အမြဲ ကြမ်းတမ်းခဲ့တယ်...

ပေးခဲ့ရတဲ့ ချွေး...
နှင်းခဲ့ရတဲ့ ချစ်ခြင်း...
ခွာခဲ့ရတဲ့ မေတ္တာ...
တကယ်ဆို
ပေးဆပ်ရခြင်းတွေနဲ့သာ...
ငါ့ဘဝက ခြောက်ကပ်ခဲ့ရ...

ကဲ ပြော...
မှင်နီသားစရာ ငါ့စာမျက်နှာ...
မာတိကာမရှိတဲ့ စာတစ်အုပ်...
ဖတ်ဖို့ စိတ်ရှုပ်မှာ ငါဘာများ တတ်နိုင်မှာလဲ...
ဒါပေမယ့်
အသပ်ရပ်ဆုံး ရေးခဲ့တဲ့ ငါ့လက်ရေး...
မွေးရာပါတော့ မလှပခဲ့ရိုးအမှန်...

ငါ
ရိုးသားခဲ့တယ်...
ကြိုးစားခဲ့တယ်...
အရှေ့ကိုပဲ ဆက်လျှောက်ခဲ့တယ်...

တခါတလေတော့...
ငါ့ကိုယ်ငါ တိမ်မဖုံး...
အရိပ်မဆုံးဘဲ...
(အားလုံးနဲ့)ပြေလည်နိုင်ဖို့ ရုန်းကန်ရတာ...
ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်...
မှန်ကန်ဖို့ကို ရွေးချယ်ရင်း...
နင်းခဲ့ရတဲ့ ငါ့ဆန္ဒတွေ...
မမြင်ခဲ့လေသလား...
အမြင်မကြည်ခဲ့လေသလား...
အထပ်ထပ်နင်းတော့...
အစင်းရာတွေ ပိုထင်းခဲ့ရပေါ့...

နောက်ပြန်မလှည့်ပါဘူး...
တည့်တည့် နဲ့ မှန်မှန်...
ငါ တစ်ယာက်တည်း...
လမ်း ဆက်လျှောက်ချင်တယ်...


Zawgyi

ေလွ်ာက္ခဲ့တဲ့ လမ္းေတြေပၚ...
အမွားေတြနဲ႕ ေမွာက္က်...
အနာဂတ္ေတြ ခဏခဏေပ်ာက္ရွေပမယ့္...
ငါဟာ အျမဲ မွန္ခ်င္ခဲ့သူသာ...

တကယ္ေတာ့...
ငါ လုပ္ခဲ့သမွ် အမွားေတြ မဟုတ္ခဲ့...
အမွားေတြကသာ ငါ့ကို ခလုတ္တိုက္ခဲ့တာ...

ကဲ ေျပာ...
ငါ အျပစ္ျဖစ္ေလာက္တဲ့ အစစ္အမွန္တရား...
ငါ ဘာမ်ား မွားယြင္းခဲ့သလဲ...
ဒါေပမယ့္
ငါ ထြင္းခဲ့တဲ့လမ္းက...
အျမဲ ၾကမ္းတမ္းခဲ့တယ္...

ေပးခဲ့ရတဲ့ ေခြ်း...
ႏွင္းခဲ့ရတဲ့ ခ်စ္ျခင္း...
ခြာခဲ့ရတဲ့ ေမတၱာ...
တကယ္ဆို
ေပးဆပ္ရျခင္းေတြနဲ႕သာ...
ငါ့ဘဝက ေျခာက္ကပ္ခဲ့ရ...

ကဲ ေျပာ...
မွင္နီသားစရာ ငါ့စာမ်က္ႏွာ...
မာတိကာမရွိတဲ့ စာတစ္အုပ္...
ဖတ္ဖို႕ စိတ္႐ႈပ္မွာ ငါဘာမ်ား တတ္ႏိုင္မွာလဲ...
ဒါေပမယ့္
အသပ္ရပ္ဆံုး ေရးခဲ့တဲ့ ငါ့လက္ေရး...
ေမြးရာပါေတာ့ မလွပခဲ့႐ိုးအမွန္...

ငါ
႐ိုးသားခဲ့တယ္...
ႀကိဳးစားခဲ့တယ္...
အေရွ႕ကိုပဲ ဆက္ေလွ်ာက္ခဲ့တယ္...

တခါတေလေတာ့...
ငါ့ကိုယ္ငါ တိမ္မဖုံး...
အရိပ္မဆံုးဘဲ...
(အားလံုးနဲ႕)ေျပလည္ႏိုင္ဖို႕ ႐ုန္းကန္ရတာ...
ျပင္းျပင္းထန္ထန္ ဒဏ္ရာရတယ္...
မွန္ကန္ဖို႕ကို ေရြးခ်ယ္ရင္း...
နင္းခဲ့ရတဲ့ ငါ့ဆႏၵေတြ...
မျမင္ခဲ့ေလသလား...
အျမင္မၾကည္ခဲ့ေလသလား...
အထပ္ထပ္နင္းေတာ့...
အစင္းရာေတြ ပိုထင္းခဲ့ရေပါ့...

ေနာက္ျပန္မလွည့္ပါဘူး...
တည့္တည့္ နဲ႕ မွန္မွန္...
ငါ တစ္ယာက္တည္း...
လမ္း ဆက္ေလွ်ာက္ခ်င္တယ္...

Created By: k2tmaung (23 January 2017 Monday 00:18PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..