Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...










ကိုယ့်အတွက် မမြဲခဲ့တဲ့ ကြိုး
ရိုးမယ်ဖွဲ့လို့ အပြစ်မဆိုသာ
တင်းတင်းဆွဲခဲ့ဖူးတဲ့ ကြိုး
အညှိုးနဲ့ဖြတ်သလို ကျန်ခဲ့ရတဲ့ဒဏ်ရာ

မေးရက်တယ်...
အစွန်းတစ်ဖက် မလွှတ်ရက်လေသလားတဲ့
ကိုယ့်နေရာက ထိလွယ်ရှလွယ်
သေချာပါတယ်
အဲ့ဒီအစွယ် ကိုယ့်ဘက်ကိုယ်လှည့်
တပါးသူတွေကို ငဲ့ဖို့
ကိုယ်ဟာ ရင့်ကျက်သူပါ

ကိုယ်ရဖူးတဲ့ အနာ
ဘယ်သူ့မှ မရှစေရာ
ကိုယ်ဟာ ဆင်ခြင်တတ်သူပါ

ကိုယ့်ဆန္ဒအတွက်
တပါးသူဘဝ မရောထွေးစေရာ
ကိုယ်ဟာ စာနာတတ်သူပါ

ကြိုး
တရစ်ချင်း အထပ်ထပ်ရစ်ခဲ့သမို့
တသက်လုံး အပျက်ပျက် ဖြတ်လို့ရပါ့
သွေးချင်းရဲလို့ တဖက်စွန်းမှာ
မလွှတ်တမ်း မြဲနေပါစေဦး
အဲ့ဒီကြိုးရဲ့တစ်ဖက် ဒီတစ်သက်
ဘယ်တော့မှ ငါသည် ပြန်မကမ်းစေရ...။


Zawgyi
ကိုယ့္အတြက္ မျမဲခဲ့တဲ့ ႀကိဳး
႐ိုးမယ္ဖြဲ႕လို႕ အျပစ္မဆိုသာ
တင္းတင္းဆြဲခဲ့ဖူးတဲ့ ႀကိဳး
အညိႈးနဲ႕ျဖတ္သလို က်န္ခဲ့ရတဲ့ဒဏ္ရာ

ေမးရက္တယ္... အစြန္းတစ္ဖက္ မလႊတ္ရက္ေလသလားတဲ့
ကိုယ့္ေနရာက ထိလြယ္ရွလြယ္
ေသခ်ာပါတယ္
အဲ့ဒီအစြယ္ ကိုယ့္ဘက္ကိုယ္လွည့္
တပါးသူေတြကို ငဲ့ဖို႕
ကိုယ္ဟာ ရင့္က်က္သူပါ

ကိုယ္ရဖူးတဲ့ အနာ
ဘယ္သူ႕မွ မရွေစရာ
ကိုယ္ဟာ ဆင္ျခင္တတ္သူပါ

ကိုယ့္ဆႏၵအတြက္
တပါးသူဘဝ မေရာေထြးေစရာ
ကိုယ္ဟာ စာနာတတ္သူပါ

ႀကိဳး
တရစ္ခ်င္း အထပ္ထပ္ရစ္ခဲ့သမို႕
တသက္လံုး အပ်က္ပ်က္ ျဖတ္လို႕ရပါ့
ေသြးခ်င္းရဲလို႕ တဖက္စြန္းမွာ
မလႊတ္တမ္း ျမဲေနပါေစဦး
အဲ့ဒီႀကိဳးရဲ႕တစ္ဖက္ ဒီတစ္သက္
ဘယ္ေတာ့မွ ငါသည္ ျပန္မကမ္းေစရ...။

Created By: k2tmaung (07 January 2017 Saturday 06:22PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..