Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...











မယုံကြည်ခြင်း နဲ့ အထင်သေးခြင်း
သံတူကြောင်းကွဲ
အဓိပ္ပါယ်တော့ လွဲပါတယ်

ဖြစ်ချင်ရာကို ဦးတည်ခဲ့ရင်
ဘယ်သူတွေ မျက်ရည်စီခဲ့မစီခဲ့
ဘယ်သူတွေ အမုန်းချည်ခဲ့မချည်ခဲ့
ဘယ်သူတွေ အပြုံးညီခဲ့မညီခဲ့
ရည်ရွယ်ရာကို သွေဖီရိုးမရှိခဲ့
ကိုယ်ဆိုတာ အဲ့လို တကိုယ်ကောင်းစိတ်နဲ့
အရည်ထူခဲ့တဲ့ လူ

သို့သော်
မှားမှန်းသိလို့ ဆုတ်ခဲ့တဲ့
ကိုယ်ကိုယ်တိုင်ရဲ့ ခြေလှမ်း
စိတ်မှန်းနဲ့တောင် မရုတ်ခဲ့
ကိုယ်ဆိုတာ အဲ့လို ကိုယ့်ကတိကိုယ်
ကလူမပြုခဲ့တဲ့ လူ

အချိန်တွေလည်း လွန်ခဲ့ပြီ
အမှားကိုကောက် မျက်ထောက်နဲ့ကြည့်သ၍တော့
အပြစ်တွေလည်း နစ်သထက်နစ်နေဦးမှာပါပဲ...

နွေတွေလည်း ဟောင်းခဲ့ပြီ
ကာယကံရှင်ထက်
ဘယ်သူ့ ဒဏ်ရာက
ပိုနက်နိုင်ဦးမှာလဲ

အနာဂတ်ထဲ ငါ့အမှားတွေ ထုတ်ဖို့
ငါ့ခြေလှမ်းတွေချုပ်
ငါ့လက်တွေကိုတုပ်
မျက်စိရှေ့ထား
နားတွေစွင့်ကား
ငါ နဲ့ ငါကို ခွဲခြားဖို့
လိုကို လိုအပ်ခဲ့လား
အဲ့ဒီလိုဆို...
မေတ္တာတရားအပေါ်
အတ္တ ပွါးတဲ့
စေတနာအမှားလို့
မှင်နီ ပြန်တားပေးပါရစေ

ငါ ကွေ့ထွက်ခဲ့တဲ့ လမ်းခွဲမှာ
ငါသာ သိတဲ့ အကွဲအပြဲ
သတိတွဲပေးဖို့ မလိုအောင်
ငါ အမြဲ အမှတ်ရနေပါတယ်

အခွင့်အရေးဆိုတာ မပေးသ၍
ယုံကြည်ဖို့ရာ ဝေးနေဦးမှာပါပဲ...
အပေးအယူဆိုတာ မကူသ၍
စိုးရိမ်ခြင်းဆိုတာ တာဆူနေဦးမှာပါပဲ...

အမာရွတ်အတွက်
နေရာလွတ်သာ အလိုအပ်ဆုံးပါ...



Zawgyi

မယံုၾကည္ျခင္း နဲ႕ အထင္ေသးျခင္း
သံတူေၾကာင္းကြဲ
အဓိပၸါယ္ေတာ့ လြဲပါတယ္

ျဖစ္ခ်င္ရာကို ဦးတည္ခဲ့ရင္
ဘယ္သူေတြ မ်က္ရည္စီခဲ့မစီခဲ့
ဘယ္သူေတြ အမုန္းခ်ည္ခဲ့မခ်ည္ခဲ့
ဘယ္သူေတြ အျပံဳးညီခဲ့မညီခဲ့
ရည္ရြယ္ရာကို ေသြဖီ႐ိုးမရွိခဲ့
ကိုယ္ဆိုတာ အဲ့လို တကိုယ္ေကာင္းစိတ္နဲ႕
အရည္ထူခဲ့တဲ့ လူ

သို႕ေသာ္
မွားမွန္းသိလို႕ ဆုတ္ခဲ့တဲ့
ကိုယ္ကိုယ္တိုင္ရဲ႕ ေျခလွမ္း
စိတ္မွန္းနဲ႕ေတာင္ မ႐ုတ္ခဲ့
ကိုယ္ဆိုတာ အဲ့လို ကိုယ့္ကတိကိုယ္
ကလူမျပဳခဲ့တဲ့ လူ

အခ်ိန္ေတြလည္း လြန္ခဲ့ျပီ
အမွားကိုေကာက္ မ်က္ေထာက္နဲ႕ၾကည့္သ၍ေတာ့
အျပစ္ေတြလည္း နစ္သထက္နစ္ေနဦးမွာပါပဲ...

ေႏြေတြလည္း ေဟာင္းခဲ့ျပီ
ကာယကံရွင္ထက္
ဘယ္သူ႕ ဒဏ္ရာက
ပိုနက္ႏိုင္ဦးမွာလဲ

အနာဂတ္ထဲ ငါ့အမွားေတြ ထုတ္ဖို႕
ငါ့ေျခလွမ္းေတြခ်ဳပ္
ငါ့လက္ေတြကိုတုပ္
မ်က္စိေရွ႕ထား
နားေတြစြင့္ကား
ငါ နဲ႕ ငါကို ခြဲျခားဖို႕
လိုကို လိုအပ္ခဲ့လား
အဲ့ဒီလိုဆို...
ေမတၱာတရားအေပၚ
အတၱ ပြါးတဲ့
ေစတနာအမွားလို႕
မွင္နီ ျပန္တားေပးပါရေစ

ငါ ေကြ႕ထြက္ခဲ့တဲ့ လမ္းခြဲမွာ
ငါသာ သိတဲ့ အကြဲအျပဲ
သတိတြဲေပးဖို႕ မလိုေအာင္
ငါ အျမဲ အမွတ္ရေနပါတယ္

အခြင့္အေရးဆိုတာ မေပးသ၍
ယံုၾကည္ဖို႕ရာ ေဝးေနဦးမွာပါပဲ...
အေပးအယူဆိုတာ မကူသ၍
စိုးရိမ္ျခင္းဆိုတာ တာဆူေနဦးမွာပါပဲ...

အမာရြတ္အတြက္
ေနရာလြတ္သာ အလိုအပ္ဆံုးပါ...


To my father... You know that I am stubborn and I won't change my decision once I made up my mind... I know you love me and want to protect me from being hurt again but your worries make me suffocating... so please trust me...

Created By: k2tmaung (09 January 2017 Monday 12:20PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..