Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...















ဖတ်ဖို့ရေးခဲ့တာမဟုတ်တဲ့ စာတစ်အုပ်
ရုတ်တရက် ဖတ်မိ ကျိန်စာသင့်၏

အဲ့ဒီမျက်လုံး အဲ့ဒီအပြုံးနဲ့ အဲ့ဒီစကားလုံး
စုန်းမတစ်ယောက်ရဲ့ အရှုံး အမုန်းသင့်စေ

နားထဲမှာ မျက်စိထဲမှာ ခေါင်းထဲမှာ
တဖျတ်ဖျတ် တလက်လက်
ပြုစားခံရတာဆို သူ့ကို အိပ်မက်ထဲမှာ မြင်ဖူးလေရဲ့

"အချစ်"
ရစ်မူး စွံ့အ
တစစ်စစ်နာမှ
အဆိပ်မှန်းသိ
ထိထားတဲ့ စာအုပ်ပေါ်က လက်
ဖျတ်ကနဲ အရုတ်မှာ
ဘဝထဲ ကမောက်ကမ မှောက်ကျ

မှင်တစ်စက်ချင်းက ရှိုက်ချက်ထိပြင်း
ချစ်ခြင်းတွေခင်းကျင်း အမုန်းတွေစစ်ခင်း
စူးခင်းလမ်းပေါ် မာနတွေချနင်း
ရင်ဘတ် နဲ့ရင်းပြီး ရေးတဲ့
နှလုံးသွေးနဲ့ မကင်းတဲ့ ဒဏ်ရာ

ထိမရ ပွေ့မရ နမ်းရှိုက်မရ
ဒိုင်ယာရီဆိုတာ
ခပ်လှမ်းလှမ်းကငေး ရင်ကိုနွေးစေမယ့်
ပြန်မလှန်သင့်တဲ့ ကျိန်စာ။


Zawgyi

ဖတ္ဖို႕ေရးခဲ့တာမဟုတ္တဲ့ စာတစ္အုပ္
ရုတ္တရက္ ဖတ္မိ က်ိန္စာသင့္၏

အဲ့ဒီမ်က္လုံး အဲ့ဒီအျပဳံးနဲ႕ အဲ့ဒီစကားလုံး
စုန္းမတစ္ေယာက္ရဲ့ အရွုံး အမုန္းသင့္ေစ

နားထဲမွာ မ်က္စိထဲမွာ ေခါင္းထဲမွာ
တဖ်တ္ဖ်တ္ တလက္လက္
ျပဳစားခံရတာဆို သူ႕ကို အိပ္မက္ထဲမွာ ျမင္ဖူးေလရဲ့

"အခ်စ္"
ရစ္မူး စြံ႕အ
တစစ္စစ္နာမွ
အဆိပ္မွန္းသိ
ထိထားတဲ့ စာအုပ္ေပၚက လက္
ဖ်တ္ကနဲ အရုတ္မွာ
ဘဝထဲ ကေမာက္ကမ ေမွာက္က်

မွင္တစ္စက္ခ်င္းက ႐ိႈက္ခ်က္ထိျပင္း
ခ်စ္ျခင္းေတြခင္းက်င္း အမုန္းေတြစစ္ခင္း
စူးခင္းလမ္းေပၚ မာနေတြခ်နင္း
ရင္ဘတ္ နဲ႕ရင္းျပီး ေရးတဲ့
ႏွလုံးေသြးနဲ႕ မကင္းတဲ့ ဒဏ္ရာ

ထိမရ ေပြ႕မရ နမ္း႐ိႈက္မရ
ဒိုင္ယာရီဆိုတာ
ခပ္လွမ္းလွမ္းကေငး ရင္ကိုေႏြးေစမယ့္
ျပန္မလွန္သင့္တဲ့ က်ိန္စာ။

Created By: k2tmaung (16 September 2016 Friday 07:28PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..