Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...













ငေးနေတိုင်းလည်း ဆွေးနေတာမဟုတ်သလို
တွေးနေတိုင်းလည်း အမေးတွေ အဖြေမရဘူး
အစေးကပ်တိုင်း အပေးအယူတည့်တာမဟုတ်သလို
ဖေးမတိုင်းလည်း အရေးပေးတာမဟုတ်ဘူး

ကံကြမ္မာဆိုတာ အထအနကောက်တတ်တဲ့
အချော့အမော့ကြိုက်တဲ့ အထာကျကျ ဇာတ်ဆရာ
လူအများစုက မင်းသားမင်းသမီးဖြစ်ချင်တဲ့
အချယ်အသမကင်းတဲ့ အရေခြုံ မယုံရတဲ့အလွှာ

တဝင်းဝင်းတောက်နေတဲ့ အဆီအောက်
တရှပ်ရှပ်ကျဲနေတဲ့ သဲတစ်ဖွဲ
အယောင်အဆောင်တွေနဲ့ ပါးပြောင်
ကိုယ်တိုင်က ဥတစ်လုံးမို့
ခဲတွေကိုလည်း မနှိုင်းသာ
ကိုယ်တိုင်က ဖက်တစ်ရွက်မို့
ဆူးတွေကိုလည်း မယှဉ်သာ

ဘဝဆိုတာ ရတာမလို လိုတာမရ
စလုံးရေစကတည်းက အကျပ်အတည်းနဲ့ စည်းချခံရ
နာကျည်းခြင်း နဲ့ နာကျင်ခြင်းကို ခွဲခြားနိုင်တဲ့အခါ
ထုံကျဉ်ခြင်းနဲ့ ကျင့်သားရလာတာလား
ခံနိုင်ရည်အားနဲ့ ဘဝကို ဖတ်ရှုတတ်လာတာလား
ဖြစ်ပျက်တိုင်းသာ စာတစ်အုပ်လို အတိုချုပ်ရရင်
ရသစုံနဲ့ ထုံမွှန်းမယ့် အစွန်းကင်းတဲ့ အရှုပ်တော်ပုံ...

ပြန်ဖျက်မရတဲ့ မှင်နီရာနဲ့ ခဲခြစ်ရာ
စာတစ်ရွက်လှန်ဖို့ နေရာလွတ်မကျန်
တစ်မျက်နှာပြည့်အောင် ဖြည့်ခဲ့တယ်...
ဝါးကူဖို့ခက်တဲ့ ရေနစ်သူ
အသစ်တစ်ဖန် ပြန်ရှင်သန်ဖို့
စုံးစုံးမြုပ်အောင် ငါ့ကိုယ်ငါ နှစ်ခဲ့တယ်

မလိမ်ခဲ့ဘူး...
မညာခဲ့ဘူး...
အနံ့အသက်ဆိုးကို အမွှေးအကြိုင်နဲ့မချိုးနှိမ်ခဲ့ဘူး
အကျည်းတန်ခြင်းအတွက် မျက်နှာဖုံးတစ်ခု မဖန်တီးခဲ့ဘူး
မာနတွေ အပိုင်းပိုင်းကျိုး
စိတ်ဓာတ်တွေ တစစချိုး
ဖိနှိပ်ခြင်းတွေ အမျိုးမျိုးတိုးတဲ့ စမ်းသပ်မှုတိုင်းမှာ
ငါ ပျိုးခဲ့တာက 'သတ္တိ' တစ်ခုတည်းရယ်...
အရှုံးတွေကြား အပြုံးမသုံးဘဲ အချိန်မဖြုန်းခဲ့သူမို့
ငါ့ကိုယ်ငါတော့ မဆုံးခဲ့ဘူးထင်ပါရဲ့
အမုန်းတွေကြား ချုံးချုံးမချဘဲ ရုန်းထွက်နိုင်ခဲ့သူမို့
ငါ့ကိုယ်ငါတော့ မရှုံးခဲ့ဘူးထင်ပါရဲ့

ငါ နဲ့ ငါသာ တိုက်ရတဲ့ ပွဲ
ငါ နဲ့ ငါသာ လွန်ဆွဲ
ငါ နဲ့ ငါသာ နွှဲရင်း
ငါ နဲ့ ငါသာ.......

စည်းတစ်ကြောင်းရဲ့ တစ်ဖက်တစ်ခြမ်း
ခြေတစ်လှမ်းရဲ့ ရာဇဝင်ကျမ်း...
ငါ့လမ်း ငါ မှန်းပြီးရင်တော့
ရိုးသားမှုတွေခင်း သိက္ခာတွေဆောင်ကျင်း
ငါနင်းမယ့် ငါ့သမိုင်းမှာ
နောက်ပြန်လှည့်ခြင်း အလျဉ်း ကင်းလေရဲ့...


Zawgyi

ေငးေနတိုင္းလည္း ေဆြးေနတာမဟုတ္သလို
ေတြးေနတိုင္းလည္း အေမးေတြ အေျဖမရဘူး
အေစးကပ္တိုင္း အေပးအယူတည့္တာမဟုတ္သလို
ေဖးမတိုင္းလည္း အေရးေပးတာမဟုတ္ဘူး

ကံၾကမၼာဆိုတာ အထအနေကာက္တတ္တဲ့
အေခ်ာ့အေမာ့ၾကိဳက္တဲ့ အထာက်က် ဇာတ္ဆရာ
လူအမ်ားစုက မင္းသားမင္းသမီးျဖစ္ခ်င္တဲ့
အခ်ယ္အသမကင္းတဲ့ အေရျခဳံ မယုံရတဲ့အလႊာ

တဝင္းဝင္းေတာက္ေနတဲ့ အဆီေအာက္
တရွပ္ရွပ္က်ဲေနတဲ့ သဲတစ္ဖြဲ
အေယာင္အေဆာင္ေတြနဲ႕ ပါးေျပာင္
ကိုယ္တိုင္က ဥတစ္လုံးမို႕
ခဲေတြကိုလည္း မႏိႈင္းသာ
ကိုယ္တိုင္က ဖက္တစ္ရြက္မို႕
ဆူးေတြကိုလည္း မယွဥ္သာ

ဘဝဆိုတာ ရတာမလို လိုတာမရ
စလုံးေရစကတည္းက အက်ပ္အတည္းနဲ႕ စည္းခ်ခံရ
နာက်ည္းျခင္း နဲ႕ နာက်င္ျခင္းကို ခြဲျခားႏိုင္တဲ့အခါ
ထုံက်ဥ္ျခင္းနဲ႕ က်င့္သားရလာတာလား
ခံႏိုင္ရည္အားနဲ႕ ဘဝကို ဖတ္႐ႈတတ္လာတာလား
ျဖစ္ပ်က္တိုင္းသာ စာတစ္အုပ္လို အတိုခ်ဳပ္ရရင္
ရသစုံနဲ႕ ထုံမႊန္းမယ့္ အစြန္းကင္းတဲ့ အရွုပ္ေတာ္ပုံ...

ျပန္ဖ်က္မရတဲ့ မွင္နီရာနဲ႕ ခဲျခစ္ရာ
စာတစ္ရြက္လွန္ဖို႕ ေနရာလြတ္မက်န္
တစ္မ်က္ႏွာျပည့္ေအာင္ ျဖည့္ခဲ့တယ္...
ဝါးကူဖို႕ခက္တဲ့ ေရနစ္သူ
အသစ္တစ္ဖန္ ျပန္ရွင္သန္ဖို႕
စုံးစုံးျမဳပ္ေအာင္ ငါ့ကိုယ္ငါ ႏွစ္ခဲ့တယ္

မလိမ္ခဲ့ဘူး...
မညာခဲ့ဘူး...
အနံ႕အသက္ဆိုးကို အေမႊးအၾကိဳင္နဲ႕မခ်ိဳးႏွိမ္ခဲ့ဘူး
အက်ည္းတန္ျခင္းအတြက္ မ်က္ႏွာဖုံးတစ္ခု မဖန္တီးခဲ့ဘူး
မာနေတြ အပိုင္းပိုင္းက်ိဳး
စိတ္ဓာတ္ေတြ တစစခ်ိဳး
ဖိႏွိပ္ျခင္းေတြ အမ်ိဳးမ်ိဳးတိုးတဲ့ စမ္းသပ္မႈတိုင္းမွာ
ငါ ပ်ိဳးခဲ့တာက 'သတိၱ' တစ္ခုတည္းရယ္...
အရွုံးေတြၾကား အျပဳံးမသုံးဘဲ အခ်ိန္မျဖဳန္းခဲ့သူမို႕
ငါ့ကိုယ္ငါေတာ့ မဆုံးခဲ့ဘူးထင္ပါရဲ့
အမုန္းေတြၾကား ခ်ဳံးခ်ဳံးမခ်ဘဲ ရုန္းထြက္ႏိုင္ခဲ့သူမို႕
ငါ့ကိုယ္ငါေတာ့ မရွုံးခဲ့ဘူးထင္ပါရဲ့

ငါ နဲ႕ ငါသာ တိုက္ရတဲ့ ပြဲ
ငါ နဲ႕ ငါသာ လြန္ဆြဲ
ငါ နဲ႕ ငါသာ ႏႊဲရင္း
ငါ နဲ႕ ငါသာ.......

စည္းတစ္ေၾကာင္းရဲ့ တစ္ဖက္တစ္ျခမ္း
ေျခတစ္လွမ္းရဲ့ ရာဇဝင္က်မ္း...
ငါ့လမ္း ငါ မွန္းျပီးရင္ေတာ့
႐ိုးသားမႈေတြခင္း သိကၡာေတြေဆာင္က်င္း
ငါနင္းမယ့္ ငါ့သမိုင္းမွာ
ေနာက္ျပန္လွည့္ျခင္း အလ်ဥ္း ကင္းေလရဲ့...

Created By: k2tmaung (05 August 2016 Friday 11:52AM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..