Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...




















အပျိုကြီး၊ လူပျိုကြီး ဖြစ်တာ ရယ်စရာလား လှောင်စရာလား သနားစရာလား ကျမ နားမလည်ဘူး...
သူတို့ဘာသာသူတို့ မရလို့ဘဲဖြစ်ဖြစ် မလိုချင်လို့ဘဲဖြစ်ဖြစ် သူတို့ဘာသာ သူတို့ မယူတာ၊ မရတာ ဘယ်သူ့ထိခိုက်လို့ပါလိမ့်...
သူတို့မှာ သူတို့ အကြောင်းပြချက်နဲ့သူတို့ရှိနိုင်ပါတယ်... အားနည်းချက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်... ဒဏ်ရာဒဏ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်... အဲ့ဒါကို လိုက်ပြောတာ လှောင်တာ ရယ်စရာလုပ်နေတာတွေကို နားမလည်ဘူး... အပျိုကြီး လူပျိုကြီးမို့ ဂွကျတယ် ဘာညာနဲ့လည်း သိပ်မမြင်ပါနဲ့... လူတိုင်းလူတိုင်းမှာ အားနည်းချက် အားသာချက်ကိုယ်စီ ရှိကြတာချည်းပါပဲ... ကိုယ့်မျက်ချေး ကိုယ်မမြင်တတ်တာ သိပ်တော့လည်း မဆန်းပါဘူး... အိမ်ထောင်ရေးအဆင်ပြေသူတွေက အိမ်ထောင်ပြုတာ ကောင်းတယ် ပြောမှာပါပဲ... အိမ်ထောင်ရေးအဆင်မပြေသူတွေက အိမ်ထောင်ပြုတာ မကောင်းဘူး ပြောမှာပါပဲ... အဲ့လိုပဲ လူပျိုကြီး အပျိုကြီးတွေမှာလည်း သူတို့အမြင်နဲ့ သူတို့ ရှိကြမှာ ဒါသဘာဝပါပဲ...

အပျိုကြီး၊ လူပျိုကြီးတွေကလည်း ယောက်ျား၊ မိန်းမ မရလို့ ဘာအားငယ်စရာရှိပါလိမ့်... အိမ်ထောင်ရေးကံမကောင်းလို့ သားသမီးကံမကောင်းလို့ မျက်ရည်ကျရတဲ့ ဒုက္ခတွေထက် အများကြီးသာပါတယ်... 'အရင်း'အတိုင်းပဲလေ မရှုံးပါဘူး... ဘိုးဘွားရိပ်သာမရောက်ဘဲ လမ်းဘေးအပစ်ခံရတဲ့ အဘိုးအိုအဘွားအိုတွေ၊ ယောက်ျားမိန်းမ ဖောက်ပြန်လို့ ပူလောင်ရတဲ့ ဆင်းရဲဒုက္ခတွေ၊ သားဆိုးသမီးဆိုးတွေကြောင့် စိတ်ဆင်းရဲသောက ရောက်ရတာတွေထက် အများကြီးသာပါသေးတယ်... လူဆိုတာ လာတုန်းကလည်း တစ်ယောက်တည်း ပြန်သွားတော့လည်း တစ်ယောက်တည်း... လင်ယူသားမွေး မိန်းမရှာကျွေးဖို့သက်သက် လောကကြီးထဲ လာကြတာမှမဟုတ်တာ... လုပ်ချင်ရင် လုပ်စရာတွေမှ အများကြီးရယ်ပါ... အရာရာတိုင်းမှာ အားသာချက် အားနည်းချက်တွေ ဒွန်တွဲရှိစမြဲပဲ... အားနည်းချက်တွေချည်း ထိုင်တွေးနေရင် depression ရတယ်... အားသာချက်တွေချည်း ထိုင်တွေးနေရင်လည်း ဘဝင်မြင့်ရောဂါရဖိုပဲရှိတယ်... ယောက်ျားယူခြင်းမယူခြင်း မိန်းမယူခြင်းမယူခြင်းက ကိုယ့် personal ကိစ္စ... ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှုနေတာ... ဘယ်သူ့အမြင်နဲ့မှ အသက်ရှင်ဖို့ မလိုပါဘူး...

အထီးကျန်လို့ အချိန်တန်လို့ ဘာလို့ညာလို့ ယောက်ျားမိန်းမယူရမယ်ဆိုတဲ့ သီအိုရီတွေ ဟိုးရှေးရှေးကတည်းက လက်မခံဘူး... ယူချင်ယူမယ် မယူချင်မယူဘူး ယူတော့ရော ဘာဖြစ်တုန်း မယူတော့ကော ဘာဖြစ်တုန်း... အချိန်တန် ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ရင် ဘယ်သူ့ဂရုစိုက်လို့... နော့... ကိုယ် အဆင်ပြေဖို့၊ စိတ်ချမ်းသာဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့ပဲ လိုပါတယ်... ဘယ်နှယ့်... ယောက်ျားမိန်းမမရလို့ ရယ်စရာထိုင်လုပ်တဲ့သူနဲ့ သူများပြောလို့ သူများအားကျလို့ ဟိုလူ့စိတ်ဝင်စားရကောင်းနိုးနိုး ဒီလူ့မိတ်ဆက်ရကောင်းနိုးနိုး ဟိုလူ့ချိတ်ရမလိုလို ဒီလူ့အရောဝင်ရမလိုလိုတွေနဲ့ စိတ်ပျက်စရာပဲ... လူတွေက ယောက်ျားမိန်းမမရလို့ ဘာဖြစ်သွားမှာမို့ ရေးကြီးခွင်ကျယ် လုပ်နေကြလဲ နားကိုမလည်တာ အမှန်ပဲ...

ဒါ ဒီအသက်အရွယ်ရောက်မှ ပြောတဲ့စကားမဟုတ်ပါဘူး... ဆယ်ကျော်သက်ကတည်းက ပြောခဲ့တဲ့စကားပါ... ယောက်ျားမိန်းမရှာဖို့ထက် အရေးကြီးတာတွေမှ အများကြီးရယ်လေ...

Created By: k2tmaung (08 September 2014 Monday 02:23PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..