Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...





ကျမက သီချင်းဆို စာသားထက် melody ကို အရင်ခံစားနားထောင်တတ်တာများပါတယ်... ခံစားမှုပေါ်လိုက်ပြီး သီချင်းတွေကို ကြိုက်တတ်တဲ့ ကျမအတွက် ဒီသီချင်းလေးတွေက အဓိပ္ပါယ် နားမလည်ပေမယ့် နားထောင်လိုက်ရုံနဲ့ ထိရှစေတဲ့ သီချင်းလေးတွေလို့ (ကျမအတွက်တော့) ထင်မိတယ်... သီချင်းစာသားတွေကို translate လုပ်ထားတာလေး ဖတ်လိုက်ရတော့ ပိုပြီးခံစားလို့ ကောင်းပြန်ပါရော... SPICA ရဲ့ Ghost သီချင်းလေးထဲက အကြိုက်ဆုံးစာသားလေးက They forget it so well in Movies and Novels. Are my tears funny? Do you think my feelings are easy? ပါ... ခံစားချက်ဆိုတာ ရုပ်ရှင်တွေထဲကလို ဝတ္ထုတွေထဲကလို တစ်လကြာသောအခါ တစ်နှစ်ကြာသောအခါဆိုပြီး ကျော်လိုက်လို့မှ မရတာ... ကျမအတွက်တော့ ဘယ်လိုခံစားချက်မျိုးပဲဖြစ်ဖြစ် ဘဝရဲ့ရသတစ်ခုအဖြစ် ကိုယ်ခံစားကိုခံစားရမယ့်အရာအဖြစ် ပြည့်ပြည့်ဝဝ ခံစားတတ်တယ်ထင်ပါရဲ့...

ဟိုးအရင်ကတည်းက ကိုယ်ပိုင်ခံစားချက်မရှိပါဘဲ အဆွေးသီချင်းတွေ ကြိုက်တတ်၊ အလွမ်းဝတ္ထုတွေ ကြိုက်တတ်ပြီး ဘာကိုမှန်းမသိ တွေးနေဆွေးနေငေးနေလွမ်းနေရတာကို သဘောကျတတ်တာက ရှေ့ပြေးနိမိတ်များလားလို့ တခါတလေ တွေးရင်း ပြုံးမိတယ်... ခုချိန်ထိလည်း တစ်ယောက်တည်း အေးအေးဆေးဆေး စိတ်လိုလက်ရရှိတဲ့အခါ အဆွေးသီချင်းတွေကို လိုက်ပါစီးမျောတတ်ပေမယ့် များသောအားဖြင့် ခုလို တစ်ယောက်တည်း နေဖြစ်တာများလာတဲ့အခါ၊ ခံစားချက်တွေကို မြိုသိပ်ရတဲ့ ရင့်ကျက်တဲ့ အရွယ်ကိုရောက်လာတဲ့အခါ အရင်လို အဆွေးသီချင်းတွေထက် rock သီချင်းလို ပေါက်ကွဲလို့ကောင်းတဲ့၊ pop-dance လို ခုန်ပေါက်လို့ကောင်းတဲ့ သီချင်းတွေကို ပိုကြိုက်မိတာတော့ အမှန်ပါပဲ... ဘာလို့ဆို စိတ်ညစ်စရာကောင်းတဲ့အချိန်တွေ စိတ်ရှုပ်စရာများတဲ့အချိန်တွေ ဘဝမှာ များပြီးရင်း များများလာတော့ စိတ်ညစ်ညူးရမယ့် စကား၊ အသံ၊ အာရုံ ဘယ်အရာကိုမှ ကိုယ့်အနားမှာ ရှိမနေစေချင်ဘူးလေ... အဲ့ဒါတွေက ကိုယ့်စိတ်ကို ပိုပြီး affect ဖြစ်စေသလို down ဖြစ်စေတယ်လို့လည်း ထင်မိတယ်... အရင်က ပျော်ပျော်ပေါ့ပေါ့နေတတ်ပြီး ခပ်ဂျစ်ဂျစ် ခပ်တင်းတင်း ဘာမှသိပ်ဂရုမစိုက်တတ်နဲ့ ဘယ်သူ့မှ မတွယ်တာတတ်တဲ့ ကျမကြိုက်တဲ့ ကျမရဲ့ trade mark လေး ပျောက်သွားမှာ စိုးတာလည်း ပါ,တယ်ပေါ့လေ... 😃 ပြောင်းလဲခြင်းတွေထဲ ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အမူအရာ၊ ကိုယ်ပိုင်စတိုင်လ်ကို ပြောင်းလဲရမှာ အပျင်းဆုံးနဲ့ မကြိုက်ဆုံးပဲ... ဒါပေမယ့် အမြဲပြောင်းလဲနေတဲ့ လောကကြီးထဲမှာ ကိုယ်မသိလိုက်ပါဘဲ ပြောင်းလဲသွားတဲ့အရာတွေကလည်း အများသားလား... မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နူးညံ့ခြင်းထက် ကြမ်းတမ်းခြင်းကို ပိုသဘောကျတဲ့သူမို့ လူတွေက ကျမကို စကားနည်းလို့ အေးဆေးတယ် မြင်တဲ့အခါ အမှန်အတိုင်းပြောရရင် ကျမ ကိုယ့်ကိုယ်ကိုယ် သဘောမကျဘူး... ငယ်ငယ်ကလို ပေါက်ကွဲသောင်းကျန်းတတ်တာမျိုးတွေ ချုပ်တည်းလိုက်ရတဲ့အခါ သီချင်းတွေနဲ့ ထိရှခံစားစီးမျောနေလိုက်တဲ့ အချိန်တွေ များလာခဲ့တယ်...

CNBLUE ရဲ့ I'm Sorry သီချင်းကိုတော့ ပေါက်ကွဲလို့ကောင်းတဲ့ သီချင်းတွေထဲကမှ ချစ်သူတွေချင်း လမ်းခွဲချင်ကြတဲ့သူတွေက သူတို့မှာ အပြစ်မရှိသလို အကြောင်းပြချက်တွေ လုပ်တတ်တာလေးကို သီချင်းအိမ်ဆောက်ထားတာမျိုး သဘောကျလို့ပါ... ခံစားရတဲ့သူတစ်ယောက်အနေနဲ့ ပေါက်ကွဲလို့ကောင်း၊ အော်လို့ကောင်းတဲ့ သီချင်းမျိုးပေါ့... မြန်မာသီချင်းတွေထဲမှာဆို "~~~ငါ... နင့်ကို... သတ်ချင်တယ်~~~"လို့ အားရပါးရ ပေါက်ကွဲလို့ရတာမျိုးလေးပေါ့... ကျမအတွက် ဒီသီချင်းလေးက အပြင်မှာ ပြင်းပြင်းထန်ထန် ပေါက်ကွဲသင့်တဲ့အချိန် ပေါက်ကွဲနိုင်ပေမယ့် ပေါက်ကွဲသင့်တာတွေကို ထိန်းချုပ်နိုင်ခဲ့သူမို့ ရင်ထဲမှာ ကျန်နေတဲ့ လက်ကျန်လက်ပစ်ဗုံးတွေကို စနက်တန်ဖြုတ်ခွင့်ပေးတဲ့ သီချင်းလို့ပဲ တင်စားချင်မိတယ်... 😃 ကျမသာ အပြင်မှာ ကျမဗီဇအတိုင်း စိတ်လွတ်ကိုယ်လွတ် ပြောခဲ့လုပ်ခဲ့ရမယ်ဆိုရင် သီချင်းတွေနဲ့ တမြေ့မြေ့ ပေါက်ကွဲဖို့ ရသလက်ကျန် ဘယ်ရှိတော့မလဲလို့ ခံစားတတ်လွန်းတဲ့ ကျမကိုယ်ကျမ တခါတလေတော့လည်း အကောင်းမြင်စိတ် မွေးပေးမိပါတယ်... လူတိုင်းမှာ အစွယ်ဆိုတာတော့ ရှိကြတာပါပဲလေ... ဒါပေမယ့် ကိုယ့် image အတွက် အဲ့ဒီအစွယ်ကို ဘယ်လိုပြသလဲဆိုတာတော့ ကွာသွားမှာပေါ့... ထားလိုက်ပါတော့လေ၊ ရှိပါစေတော့လေလို့ ပြောဖြစ်ခဲ့တာ အကြိမ်ပေါင်း မရေတွက်နိုင်တော့ဘူးထင်ပါရဲ့... ဒီလိုနဲ့ ဒီလိုနဲ့ပဲ သီချင်းတွေနဲ့ ပိုအသားကျရင်း ခံစားချက်ပြင်းထန်တဲ့ သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားရင်း စာတွေရေးဖြစ်လာတယ် ရေးဖြစ်သွားတယ် ရေးဖြစ်နေတယ် ဆိုပါတော့လေ...😃

Zawgyi


ဟိုးအရင်ကတည်းက ကိုယ်ပိုင်ခံစားချက်မရှိပါဘဲ အဆွေးသီချင်းတွေ ကြိုက်တတ်၊ အလွမ်းဝတ္ထုတွေ ကြိုက်တတ်ပြီး ဘာကိုမှန်းမသိ တွေးနေဆွေးနေငေးနေလွမ်းနေရတာကို သဘောကျတတ်တာက ရှေ့ပြေးနိမိတ်များလားလို့ တခါတလေ တွေးရင်း ပြုံးမိတယ်... ခုချိန်ထိလည်း တစ်ယောက်တည်း အေးအေးဆေးဆေး စိတ်လိုလက်ရရှိတဲ့အခါ အဆွေးသီချင်းတွေကို လိုက်ပါစီးမျောတတ်ပေမယ့် များသောအားဖြင့် ခုလို တစ်ယောက်တည်း နေဖြစ်တာများလာတဲ့အခါ၊ ခံစားချက်တွေကို မြိုသိပ်ရတဲ့ ရင့်ကျက်တဲ့ အရွယ်ကိုရောက်လာတဲ့အခါ အရင်လို အဆွေးသီချင်းတွေထက် rock သီချင်းလို ပေါက်ကွဲလို့ကောင်းတဲ့၊ pop-dance လို ခုန်ပေါက်လို့ကောင်းတဲ့ သီချင်းတွေကို ပိုကြိုက်မိတာတော့ အမှန်ပါပဲ... ဘာလို့ဆို စိတ်ညစ်စရာကောင်းတဲ့အချိန်တွေ စိတ်ရှုပ်စရာများတဲ့အချိန်တွေ ဘဝမှာ များပြီးရင်း များများလာတော့ စိတ်ညစ်ညူးရမယ့် စကား၊ အသံ၊ အာရုံ ဘယ်အရာကိုမှ ကိုယ့်အနားမှာ ရှိမနေစေချင်ဘူးလေ... အဲ့ဒါတွေက ကိုယ့်စိတ်ကို ပိုပြီး affect ဖြစ်စေသလို down ဖြစ်စေတယ်လို့လည်း ထင်မိတယ်... အရင်က ပျော်ပျော်ပေါ့ပေါ့နေတတ်ပြီး ခပ်ဂျစ်ဂျစ် ခပ်တင်းတင်း ဘာမှသိပ်ဂရုမစိုက်တတ်နဲ့ ဘယ်သူ့မှ မတွယ်တာတတ်တဲ့ ကျမကြိုက်တဲ့ ကျမရဲ့ trade mark လေး ပျောက်သွားမှာ စိုးတာလည်း ပါ,တယ်ပေါ့လေ... :D ပြောင်းလဲခြင်းတွေထဲ ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အမူအရာ၊ ကိုယ်ပိုင်စတိုင်လ်ကို ပြောင်းလဲရမှာ အပျင်းဆုံးနဲ့ မကြိုက်ဆုံးပဲ... ဒါပေမယ့် အမြဲပြောင်းလဲနေတဲ့ လောကကြီးထဲမှာ ကိုယ်မသိလိုက်ပါဘဲ ပြောင်းလဲသွားတဲ့အရာတွေကလည်း အများသားလား... မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နူးညံ့ခြင်းထက် ကြမ်းတမ်းခြင်းကို ပိုသဘောကျတဲ့သူမို့ လူတွေက ကျမကို စကားနည်းလို့ အေးဆေးတယ် မြင်တဲ့အခါ အမှန်အတိုင်းပြောရရင် ကျမ ကိုယ့်ကိုယ်ကိုယ် သဘောမကျဘူး... ငယ်ငယ်ကလို ပေါက်ကွဲသောင်းကျန်တးတ်တာမျိုးတွေ ချုပ်တည်းလိုက်ရတဲ့အခါ သီချင်းတွေနဲ့ ထိရှခံစားစီးမျောနေလိုက်တဲ့ အချိန်တွေ များလာခဲ့တယ်...

CNBLUE ရဲ့ I'm Sorry သီချင်းကိုတော့ ပေါက်ကွဲလို့ကောင်းတဲ့ သီချင်းတွေထဲကမှ ချစ်သူတွေချင်း လမ်းခွဲချင်ကြတဲ့သူတွေက သူတို့မှာ အပြစ်မရှိသလို အကြောင်းပြချက်တွေ လုပ်တတ်တာလေးကို သီချင်းအိမ်ဆောက်ထားတာမျိုး သဘောကျလို့ပါ... ခံစားရတဲ့သူတစ်ယောက်အနေနဲ့ ပေါက်ကွဲလို့ကောင်း၊ အော်လို့ကောင်းတဲ့ သီချင်းမျိုးပေါ့... မြန်မာသီချင်းတွေထဲမှာဆို "~~~ငါ... နင့်ကို... သတ်ချင်တယ်~~~"လို့ အားရပါးရ ပေါက်ကွဲလို့ရတာမျိုးလေးပေါ့... ကျမအတွက် ဒီသီချင်းလေးက အပြင်မှာ ပြင်းပြင်းထန်ထန် ပေါက်ကွဲသင့်တဲ့အချိန် ပေါက်ကွဲနိုင်ပေမယ့် ပေါက်ကွဲသင့်တာတွေကို ထိန်းချုပ်နိုင်ခဲ့သူမို့ ရင်ထဲမှာ ကျန်နေတဲ့ လက်ကျန်လက်ပစ်ဗုံးတွေကို စနက်တန်ဖြုတ်ခွင့်ပေးတဲ့ သီချင်းလို့ပဲ တင်စားချင်မိတယ်... :D ကျမသာ အပြင်မှာ ကျမဗီဇအတိုင်း စိတ်လွတ်ကိုယ်လွတ် ပြောခဲ့လုပ်ခဲ့ရမယ်ဆိုရင် သီချင်းတွေနဲ့ တမြေ့မြေ့ ပေါက်ကွဲဖို့ ရသလက်ကျန် ဘယ်ရှိတော့မလဲလို့ ခံစားတတ်လွန်းတဲ့ ကျမကိုယ်ကျမ တခါတလေတော့လည်း အကောင်းမြင်စိတ် မွေးပေးမိပါတယ်... လူတိုင်းမှာ အစွယ်ဆိုတာတော့ ရှိကြတာပါပဲလေ... ဒါပေမယ့် ကိုယ့် image အတွက် အဲ့ဒီအစွယ်ကို ဘယ်လိုပြသလဲဆိုတာတော့ ကွာသွားမှာပေါ့... ထားလိုက်ပါတော့လေ၊ ရှိပါစေတော့လေလို့ ပြောဖြစ်ခဲ့တာ အကြိမ်ပေါင်း မရေတွက်နိုင်တော့ဘူးထင်ပါရဲ့... ဒီလိုနဲ့ ဒီလိုနဲ့ပဲ သီချင်းတွေနဲ့ ပိုအသားကျရင်း ခံစားချက်ပြင်းထန်တဲ့ သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားရင်း စာတွေရေးဖြစ်လာတယ် ရေးဖြစ်သွားတယ် ရေးဖြစ်နေတယ် ဆိုပါတော့လေ... :D

Created By: k2tmaung (12 March 2015 Thursday 12:47PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..