Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...












ခဏကို တဘဝထင်ပြီး
ထိုးစိုက်ခဲ့တဲ့ ခပ်မိုက်မိုက်ဆေးရုပ်တွေ
ကိုယ့်ကိုယ်မှာ အဖြူစစ်စစ်တွေ ရှာမတွေ့မှ
ရူးချင်ယောင်ဆောင် သွေးမကြောင်ချင်ဘူး

ဘယ်လိုဖျက်ဖျက် မပျက်နိုင်တဲ့
အမှားတွေ ခိုးစားထားခဲ့တဲ့ ည
အတိတ်တွေ အရိပ်မထင်ဖို့
ပစ္စုပ္ပန်မှာ ဘယ်ဆေးနဲ့ သွေးတိတ်ရပါ့

ကန့်လန့်ကာရှေ့ အတိတ်မေ့ဖို့
ရိုးသားမှုတွေ ချိုးနှိမ်မထားချင်ဘူး
တခါတလေမှာ...
ပွင့်လင်းတယ်ဆိုတာ
ရင်ဖွင့်ထားရတဲ့ မြှားပစ်ကွင်းလို
လက်တည့်သူပစ်တိုင်း တဆစ်ဆစ် နာဆဲ

ကံကိုယုံ ဆူးပုံနင်းခဲ့တာ မှန်ပေမယ့်
ကိုယ့်အပြစ်ကိုယ်ပိုက် ငါ မိုက်ခဲ့တယ်လို့
ဝန်ခံခြင်းမဟုတ်တဲ့ တောင်းပန်ခြင်းနဲ့
ခေါင်းငုံ့မျက်နှာချ မာနတွေ မြေခဖို့
ဘယ်သူ့မှ ထိရှခဲ့တာ မရှိဘူးလေ

အမှား...
အပြစ်ကင်းသူအတွက် အပြစ်မကင်း ဖြစ်စေတဲ့ အား
ငါ့အတွက်တော့ တသက်တာ ခါးနေမယ့် ဓား
သူ့ခြေလှမ်းတွေကို တားမယ့် တံခါး

မတော်တဆမဟုတ်တဲ့ ဆင်ခြင်မဲ့နောင်တ
ကိုယ်တိုင်ရော
ကိုယ်ချစ်တဲ့သူကိုရော
ဆေးစွန်းစေတယ်........


"တစ်ခါမှား ခွင့်လွှတ်ပေးလို့ရတယ်...
နှစ်ခါမှား နားလည်ပေးလို့ရတယ်...
အကြိမ်ကြိမ်မှားနေပြီဆိုရင်တော့ သိပ်အထင်သေးစရာကောင်းသွားပြီ..."

အမှားမကင်းတဲ့ ကိုယ့်ကိုယ်ကိုယ် ပြောပြောနေဖြစ်တဲ့စကား... လူတိုင်းအမှားမကင်းပါဘူး... အမှားတစ်ခုကို ထပ်ခါထပ်ခါ မကျူးလွန်ဖို့ပဲလိုပါတယ်...

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သူပီပီ အမှားတွေကို လွယ်လွယ်မေ့ပစ်တတ်ပေမယ့် အိပ်မက်ထဲ အကြိမ်ကြိမ် ခြောက်လှန့်နေပြီဆို သေချာတယ် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လို့ မရသေးတဲ့ နောင်တတွေ ဟိုးအတွင်းကျကျ တစ်နေရာမှာ သိမ်းဆည်းထားနေတုန်းပဲ...

အာ... ဘဝတထောက်မှာ တွေ့ခဲ့တဲ့ နာကျင်စေတဲ့သူတွေလား... မှတ်ထားလေ့မရှိပါဘူး... ကိုယ့်နောင်တနဲ့ကိုယ် ပူလောင်ကောင်းပူလောင်နေပါလိမ့်မယ်... ဒါပေမယ့် အဲ့ဒီအမှိုက်တွေ ရင်ထဲထည့် အမုန်းတွေနဲ့ မီးရှို့တတ်တဲ့ လူမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်တာပဲ... အဓိကက သူများအမှားထက် ကိုယ့်ညံ့ကိုယ်ခံရတာကိုပဲ သင်ခန်းစာယူဖို့ စဉ်းစားတယ်... :)


Zawgyi

ခဏကို တဘဝထင္ျပီး
ထိုးစိုက္ခဲ့တဲ့ ခပ္မိုက္မိုက္ေဆးရုပ္ေတြ
ကိုယ့္ကိုယ္မွာ အျဖဴစစ္စစ္ေတြ ရွာမေတြ႕မွ
႐ူးခ်င္ေယာင္ေဆာင္ ေသြးမေၾကာင္ခ်င္ဘူး

ဘယ္လိုဖ်က္ဖ်က္ မပ်က္ႏိုင္တဲ့
အမွားေတြ ခိုးစားထားခဲ့တဲ့ ည
အတိတ္ေတြ အရိပ္မထင္ဖို႕
ပစၥဳပၸန္မွာ ဘယ္ေဆးနဲ႕ ေသြးတိတ္ရပါ့

ကန္႕လန္႕ကာေရွ႕ အတိတ္ေမ့ဖို႕
႐ိုးသားမႈေတြ ခ်ိဳးႏွိမ္မထားခ်င္ဘူး
တခါတေလမွာ...
ပြင့္လင္းတယ္ဆိုတာ
ရင္ဖြင့္ထားရတဲ့ ျမႇားပစ္ကြင္းလို
လက္တည့္သူပစ္တိုင္း တဆစ္ဆစ္ နာဆဲ

ကံကိုယုံ ဆူးပုံနင္းခဲ့တာ မွန္ေပမယ့္
ကိုယ့္အျပစ္ကိုယ္ပိုက္ ငါ မိုက္ခဲ့တယ္လို႕
ဝန္ခံျခင္းမဟုတ္တဲ့ ေတာင္းပန္ျခင္းနဲ႕
ေခါင္းငံု႕မ်က္ႏွာခ် မာနေတြ ေျမခဖို႕
ဘယ္သူ႕မွ ထိရွခဲ့တာ မရွိဘူးေလ

အမွား...
အျပစ္ကင္းသူအတြက္ အျပစ္မကင္း ျဖစ္ေစတဲ့ အား
ငါ့အတြက္ေတာ့ တသက္တာ ခါးေနမယ့္ ဓား
သူ႕ေျခလွမ္းေတြကို တားမယ့္ တံခါး

မေတာ္တဆမဟုတ္တဲ့ ဆင္ျခင္မဲ့ေနာင္တ
ကိုယ္တိုင္ေရာ
ကိုယ္ခ်စ္တဲ့သူကိုေရာ
ေဆးစြန္းေစတယ္........


"တစ္ခါမွား ခြင့္လႊတ္ေပးလို႕ရတယ္...
ႏွစ္ခါမွား နားလည္ေပးလို႕ရတယ္...
အၾကိမ္ၾကိမ္မွားေနျပီဆိုရင္ေတာ့ သိပ္အထင္ေသးစရာေကာင္းသြားျပီ..."

အမွားမကင္းတဲ့ ကိုယ့္ကိုယ္ကိုယ္ ေျပာေျပာေနျဖစ္တဲ့စကား... လူတိုင္းအမွားမကင္းပါဘူး... အမွားတစ္ခုကို ထပ္ခါထပ္ခါ မက်ဴးလြန္ဖို႕ပဲလိုပါတယ္...

ကိုယ့္ကိုယ္ကိုယ္ ခ်စ္တတ္သူပီပီ အမွားေတြကို လြယ္လြယ္ေမ့ပစ္တတ္ေပမယ့္ အိပ္မက္ထဲ အၾကိမ္ၾကိမ္ ေျခာက္လွန္႕ေနျပီဆို ေသခ်ာတယ္ ကိုယ့္ကိုယ္ကိုယ္ ခြင့္လႊတ္လို႕ မရေသးတဲ့ ေနာင္တေတြ ဟိုးအတြင္းက်က် တစ္ေနရာမွာ သိမ္းဆည္းထားေနတုန္းပဲ...

အာ... ဘဝတေထာက္မွာ ေတြ႕ခဲ့တဲ့ နာက်င္ေစတဲ့သူေတြလား... မွတ္ထားေလ့မရွိပါဘူး... ကိုယ့္ေနာင္တနဲ႕ကိုယ္ ပူေလာင္ေကာင္းပူေလာင္ေနပါလိမ့္မယ္... ဒါေပမယ့္ အဲ့ဒီအမိႈက္ေတြ ရင္ထဲထည့္ အမုန္းေတြနဲ႕ မီး႐ိႈ႕တတ္တဲ့ လူမဟုတ္ဘူးလို႕ ကိုယ့္ကိုယ္ကိုယ္ ထင္တာပဲ... အဓိကက သူမ်ားအမွားထက္ ကိုယ့္ညံ့ကိုယ္ခံရတာကိုပဲ သင္ခန္းစာယူဖို႕ စဥ္းစားတယ္... :)
Created By: k2tmaung (09 March 2015 Monday 12:45PM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..