12 May 2014
ရုံးမှာ admin department ကလွဲပြီး ကျန်တဲ့သူတွေက ၉ခွဲမှ ရုံးတက်တာ... admin တစ်ခန်းလုံးမှာကလည်း ဒီနေ့ ကိုယ်တစ်ယောက်တည်း...
ရုံးထွက်သွားတဲ့သူ စားပွဲသွားကြည့်ပြီး အမြင်မတော်ရင် မနေနိုင်လွန်းတာမို့ ရှုပ်နေတာလေး သပ်သပ်ရပ်ရပ်လုပ်ပေးရင်း မသုံးတော့တဲ့ စာရေးကိရိယာအချို့ကို stationery တွေ ထည့်ထားတဲ့ ဘီဒိုထဲထည့်ဖို့ လုပ်မိတယ်... အောက်ဆုံးအံဆွဲကို ဖွင့်ဖို့ ဆောင့်ကြောင့်ထိုင်လိုက်ရုံရှိသေး ဘီဒိုဘေးနားက လိုက်ကာနားမှာ ဘယ်သူ ကပ်ခွါချသွားတယ်မသိ... ကြွက်လေးက တလှုပ်လှုပ်နဲ့... သူက ကိုယ့်လန့်မလန့်တော့ မသိဘူး... ကိုယ်ကတော့ တော်တော်လန့်သွားတယ်... ခုနက အဲ့ဒီနား ခေါက်တုန့်ခေါက်ပြန် လျှောက်နေသေးတာ... အဲ့တုန်းက သတိမထားမိဘူ... ခုလို နီးနီးကပ်ကပ်မြင်လိုက်ရတော့ လိပ်ပြာတွေ ဘာတွေတောင် လွင့်သွားသလားထင်ရတယ်... သန့်ရှင်းရေးအမျိုးသမီးကလည်း မကိုင်ရဲ... သူကလည်း ကပ်ခွါပေါ်ကနေ ကြိုးစားပမ်းစား ရုန်းနေတာသနားစရာ... နည်းနည်းတော့ ကြိုးစားကြည့်ဦးမယ်ဆိုပြီး လိုက်ကာကို မ,ကြည့်လိုက်တယ်... လိုက်ကာမှာပါ ဘယ်လိုလုပ် ကပ်ခွါတွေ ကပ်နေလဲမသိ... သူ့အမွှေးတွေရော လိုက်ကာရော ကော်တွေကပ်နေလေရဲ့... လိုက်ကာအောက်နားတွေလည်း ရုန်းကန်ဖို့ အားဆွဲယူရင်း ကိုက်ထားတာနဲ့တူတယ် ဆုတ်ပြဲနေတယ်... မြင်ရတာ စိတ်လည်းမချမ်းသာ... ကိုယ်ကလည်း မကိုင်ရဲ... ဘယ်သတ္တဝါမဆို ကိုယ့်ဝမ်းစာကိုယ်ရှာပြီး ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထားကြတာပါပဲ... သေချာကြည့်ရင် ကြွက်လေးတွေကလည်း ချစ်စရာကောင်းပါတယ်... ကြွက်ဖြူတို့ hamster တို့တောင် မွေးကြသေးတာပဲဟာ... ဒီကြွက်လေးတွေကျမှ ဘာလို့ မုန်းကြတာပါလိမ့်... သတ်ချင်လည်း တစ်ခါတည်း သေစေနိုင်တဲ့ နည်းမျိုးနဲ့ သတ်ပေါ့... မသေမရှင်နဲ့ မြင်ရတာ တော်တော်စိတ်ဆင်းရဲဖို့ကောင်းပါတယ်... ကိုယ်သာ သူ့နေရာမှာဆိုပြီး နည်းနည်းလေးခံစားကြပြီး ကပ်ခွါတွေ မသုံးကြရင် သိပ်ကောင်းမှာပဲ...