ဒီနေ့... ကျမ တစ်ယောက်တည်း ဆုံးဖြတ်ချက်ချတယ်... ကျမ နေရာကို တစ်ခြားတစ်ယောက်ကို လွှဲပြောင်းပေးလိုက်တော့ဖို့အတွက်... အဲ့ဒီအတွက် အလွှဲအပြောင်း ရှင်းတမ်းလေးတစ်ခုတော့ ရှိသင့်တာပေါ့...
ချစ်သူရဲ့ချစ်သူ...
ဘယ်တုန်းကမှ သင့်အပေါ် မေတ္တာမပျက်၊ မမုန်းခဲ့ပါ... ငါ ချစ်သလို သင်လည်း သူ့ကို ချစ်မှာပါပဲ...
အဲ့ဒီနေရာ ငါ လည်း နေခဲ့ဖူးလို့ ငါ လည်း နားလည်တယ်... ခံစားပေးလို့ ရတယ်...
တစ်ခုတော့ ရှိတယ်... ငါက ငါ့ကိုယ်ငါ သူငယ်ချင်းလို့ ခေါင်းစဉ်တပ်ပြီး ရှေ့က တစ်ယောက်ဆီ ငါ ပြန်တွန်းပို့ပေးဖို့ ကြိုးစားခဲ့တာ...
သင့်ကို ငါ မသိဘူး... ရှေ့က တစ်ယောက်ကိုလည်း ငါ မသိခဲ့ဘူး... (ရှေ့တစ်ယောက်ကို မသိဘူးဆိုတာထက် ငါ အမှတ်မထားမိလိုက်မိဘူးဆို ပိုမှန်မယ်...)
ဒါပေမယ့် ဇာတ်သိမ်းခန်း ရောက်ကာနီးမှ သိလိုက်ရတာချင်းကတော့ တူတူပါပဲ...
ရှေ့တစ်ယောက်ဆီက ငါ မလုခဲ့သလို ငါ့နေရာကိုလည်း ငါ အလုမခံနိုင်တာ သဘာဝတော့ ကျ,မယ်ထင်ပါရဲ့...
နှစ်ယောက် တစ်ယောက်မို့ ငါ ဒီပွဲက တရားဝင် ထွက်ပါတယ်... ဘက်မညီတဲ့ ငါတို့ ပွဲမှာ ငါ့ကိုယ်ငါ ထပ်မရှုံးချင်ဘူး...
ငါ မကြားဖူးတဲ့ စကားလုံးတွေ... သူ့ဆီက ထွက်လာကတည်းက ငါ ရိပ်မိခဲ့ပါတယ်... ဒါပေမယ့် ငါတို့က ဝေးကွာနေဆဲလေ...
ငါ... ဒီဇင်ဘာနှင်းထုကို အရမ်းမျှော်လင့်ခဲ့တာ... ငါတို့နှစ်ယောက် ရန်ပွဲတွေ မျက်နှာချင်းဆိုင် ဆွေးနွေးဖြေရှင်းပြီး ချစ်ကြည်ရေးရဖို့ကို...
ထင်မထားလိုက်မိဘူး... သင် က လက်ဦးသွားလိမ့်မယ်လို့..