မဟာသေနာပတိစာအုပ်လေးက ငယ်နာမည် 'မောင်ရစ်'လို့ ခေါ်တဲ့ မဟာဗန္ဓုလအကြောင်း ရေးသားထားသော စာအုပ်ဖြစ်ပါသည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော မြန်မာ့သမိုင်းရာဇဝင်ထဲက သူရဲကောင်းအကြောင်း အထူးအထွေ ပြောပြဖို့ လိုမယ်မထင်ပါဘူးနော်... ကျမကိုယ်တိုင်လည်း ရာဇဝင်ထဲက သူရဲကောင်းတွေကို သဘောကျနှစ်သက်မိသူမို့ မြန်မာ့သူရဲကောင်းတွေ အကြောင်းဖတ်ရတာ ဝါသနာပါလှပါတယ်... ငယ်ငယ်က မှတ်မိသေးတယ်... စာကျက်ပျင်းတဲ့ ကျမကို ကျမမိခင်က "စာလာဆို"ဆိုပြီး စာမေးတိုင်း သမိုင်းစာအုပ်ထိုးထိုးပေးတတ်တာ... သူရဲကောင်းတွေအကြောင်း ရေးထားတဲ့ သမိုင်းစာအုပ်တွေဟာ ကျမအတွက်တော့ ဝထ္တုပုံပြင်တွေ ဖတ်ရသလို အလွန်မှ သဘောကျမိခဲ့ပါတယ်... ဒါကြောင့်လည်း အချိန်အားရှိတဲ့အခါများမှာ မြန်မာသူရဲကောင်းတွေအကြောင်းဖတ်မိခဲ့ရင်း ဒီစာအုပ်လေးကို သဘောကျနှစ်သက်စွာ သူငယ်ချင်းမိတ်ဆွေတွေ ဖတ်ရအောင် ပြန်လည်မျှဝေလိုက်ပါတယ်ရှင်... :)
မဟာသေနာပတိ - ချစ်ဦးညို
စာပေများမှ တဒင်္ဂဖြစ်ဖြစ် ခံစားမှုတစ်ခုခုကို ပိုင်ဆိုင်နိုင်ကြပါစေ...
Created By: k2tmaung (07 June 2010 Monday 06:08AM)
အရှိတရား နဲ့ အကျိုးဆက်
1 month ago
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...