ကံမကုန်
ပြန်ဆုံမယ်ဆိုရင်တောင်...
ကြွေချင်တိုင်းကြွေ
ဝေချင်တိုင်းဝေပြီးမှ...
ခေါင်းပေါ်ပြန်စိုက်
နမ်းရှိုက်ဖို့ မထိုက်ဘူးလေ...
Created By: k2tmaung (15 June 2014 Sunday 03:19AM)
ဒီ"ပန်းကမ္ဘာမျှော်စင်"သီချင်းလေးတွေ့ပြီး တုန်းက ကျောင်းကပွဲလေးကို သတိရမိသွားတယ်... :)
လူတွေရွေးပြီး အကတိုက်နေတော့မှ တစ်ယောက်က ထွက်သွားလို့ထင်တယ်... ကိုယ်က ထွက်သွားတဲ့သူနေရာမှာ ဝင်ပါဖြစ်သွားတာ...
အတန်းပိုင်ဆရာမက သမီး က,မလား... တစ်ခါတည်းဆုံးဖြတ်ပြီး ပြောရမှာဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်မလုပ်ရဲဘူးလေ... ဘာလုပ်လုပ် မိဘကို မေးရသေးတာကိုး... အဲ့တုန်းက အိမ်မှာ ဖုန်းမရှိတော့ ဦးလေးကို ဖုန်းဆက်တယ်... လုပ်ချင်လုပ်တဲ့... တစ်ခါမှ မလုပ်ဖူးတော့ အထူးအဆန်းနဲ့ ပါချင်တာကိုး... အတန်းထဲကပဲ ကိုယ့်သူငယ်ချင်းတစ်ယောက်ကလည်း ပါတော့ ကိုယ်လည်း ပါချင်တယ်... သူကလည်း ခေါ်တော့ ပိုပါချင်တာပေါ့... အဲ့တော့ ပါမယ် ကမယ်ပေါ့... အိမ်လည်း ရောက်ရော အဖေက ရှုပ်ရှုပ်ယှက်ယှက် မကရဘူးတဲ့...နောက်နေ့ မနက်ကျ သူငယ်ချင်းက အကတိုက်ဖို့ အကသင်တဲ့ဆရာမဆီသွားမယ်ဆိုပြီး လာခေါ်တယ်... အဖေက လုံးဝမသွားရဘူးတဲ့... သူငယ်ချင်းကို မလိုက်တော့ဘူးဆိုပြီး အိမ်အောက်ဆင်းပြောပြီး ငိုဖြစ်တယ်ထင်တယ်... :D အမေက ချော့မော့ပြီး ဈေးသွားမယ်ဆိုပြီး အတင်းခေါ်တယ်... အမေက ဈေးခေါ်သွားတယ်ဆိုပြီး အကတိုက်တဲ့ ဆရာမအိမ်ကို လိုက်ပို့ပြီး ဆရာမကိုပါ လိုက်ရှင်းပြပေးတယ်...
Copyright 2009 - k2tmaung
Blogspot Theme designed by: Ray Creations, Ray Hosting.