သွားစမ်းပါ...
ကြားရတဲ့ စကား...
နားခါးရအောင်...
လာလာ မကြွားစမ်းပါနဲ့...
နင့်အတွက် မရိုးပေမယ့်...
ငါ့အတွက် အဖြစ်ဆိုး...
အပြစ်တစ်မျိုးတိုးအောင် ...
နင် ဆူးချိုးပြီးပြီပဲ...
နင်လည်း ပြန်မဆုတ်...
ငါလည်း ရှင်းချက်မထုတ်တဲ့...
ဟိုနေ့ညက ဇာတ်ထုတ်လေး...
ဘယ်သူ့ကြောင့် မိုးချုပ်သွားတာပါလိမ့်...
ကိစ္စမရှိပါဘူး...
စ,ကတည်းက အရိပ်ကောင်းခဲ့သူမဟုတ်လို့...
ထိတ်လန့်ခံရတယ်ဆိုလည်း...
မိုးတိတ်နိုင်အောင်ပဲ ငါ ကြိုးစားလိုက်တော့မယ်...။
Created By: k2tmaung (29 May 2011 Sunday 12:51AM)
Posted by
k2tmaung
comments (0)
Posted by
k2tmaung
comments (0)
ဘဝက လမ်းများတာ အဆန်းလား...
အဟ... ငါလည်း ဒီနေ့ကစ မိန်းမကြမ်းပေါ့...
လန်းတယ်ထင်ရင် ပန်းတာလေးတွေ နည်းနည်းလျှော့...
ငါနဲ့အတူ မော့တာပေါ့...
မလန်းဘူးထင်ရင် မေတ္တာတွေ ခမ်းထားလိုက်...
...လုံးဝ လုံးဝ ဂရုမစိုက်...
ကြိုက်ချင်ကြိုက် မကြိုက်ချင် ပြိုင်မိုက်တာပေါ့... နော့...။
Created By: k2tmaung (27 May 2011 Friday 03:35AM)
Posted by
k2tmaung
comments (0)
အချစ်ဆိုတာ သာပေါင်းညာစား...
ဗိုက်မဝရင်လည်း အချစ်က ခါးတယ်...
စံနှုန်းတွေနဲ့ ဇကာချ...
ကျန်တာကိုတောင် အဆစ်ကလေးရ,မှ တဲ့..
ပေးနိုင်တုန်းခဏသာ ချိုမြိန်တာ...
ကြာကြာထားတော့ သွားကြားများ ညက်သလို...
ဟိုဟာဘဝင်မကျ ဒီဟာကြည့်မရ...
အချစ်ဆိုတာ ပါမုန့်ထောပတ်သုပ်လို...
ပါးပါးနဲ့ သကြားပါ,ပါမှ...
တော်ကာကျလေရဲ့..။
Created By: k2tmaung (27 May 2011 Friday 3:14AM)
Posted by
k2tmaung
comments (0)
Posted by
k2tmaung
comments (0)