အနာဂတ် အိပ်မက်တွေကို ပိုက်...
ငါတို့တွေ တော်ရာမှာ အခြေစိုက်လို့...
ကြိုက်ကြိုက် မကြိုက်ကြိုက်...
ထိုက်လို့ရတဲ့ အခြေအနေတစ်ခု...
ကိုယ့်အားကိုယ် အရင်းပြုလို့...
ကြမ္မာကို အံတု...
ဘဝတွေကို ထုဆစ်ကြတယ်...
တစ်နယ်တစ်ကျေး...
မျက်နှာရွေးခံရတဲ့ နယ်ပယ်...
ခံစားချက်တွေ ဖလှယ်ဖို့...
တူရာလူမျိုး တို့အချင်းချင်းစုတယ်...
"အနာဂတ် အိပ်မက်"တစ်ခု...
စိတ်ဝိညာဉ်တွေ အရင်းပြုလို့...
အဆင်းမဲ့ မောင်နှမတွေတိုး...
သံယောဇဉ်တွေနဲ့ ရိုးသား...
ဝိုးတိုးဝါးတား လက်တွေ့ဘဝတွေကြား...
ညည်းချင်းတေးအထာတွေ...
"အနာဂတ် အိပ်မက်"ထဲမှာ အဆိုရပ်ကြတယ်..
သက္ကရာဇ်တွေ တိုက်စား...
ရက်ပေါင်းများစွာ အခါခါမွေးဖွားလို့...
"အနာဂတ် အိပ်မက်"ကား တစ်နှစ်ပြည့်ခဲ့ပြီ...
လက်ရှိအချိန်ကို ရပ်ဆိုင်း...
အာရုံအတိုင်းနဲ့ အတိတ်က အနာဂတ်ကို...
အိပ်မက် ပြန်မက်ကြည့်တယ်...
မပီဝိုးတဝါးပေမယ့် အထင်းသားမြင်နေရတဲ့...
အတိတ်က အနာဂတ် အိပ်မက်ရှည်...
ဒီလိုအချိန် ဒီလိုအခါမှာပါပဲ...
ကမ္ဘာက နားမလည်တဲ့ တို့ဘာသာစကား...
ခုံမင်စွာ တို့များ လက်ကိုင်ထားလို့...
အားလပ်ချိန်တိုင်း အလုအယက်...
online ပေါ်တက် ရင်ချင်းဆက်ဖို့ ကြိုးစားခဲ့ကြတယ်...
အနေဝေးပေမယ့်...
အတွေးနဲ့ ပုံဖော်...
တစ်နေ့သော်လို့ မျှော်တွေး...
မမြင်ဖူးပေမယ့် နွေးထွေးမှုတွေ ဆင့်ပွါး...
ဖွားဖက်တော်တွေမဟုတ်ပေမယ့်...
တစ်မြေတည်းက တူတူ မွေးခဲ့ကြတဲ့...
သွေးချင်း မောင်နှမတွေ များစွာ ရခဲ့ဖူးတယ်...
စာပေနဲ့ ယှက်သွယ်...
အခွင့်လွယ်ရင် အကြားချင်းဖလှယ်...
ရေစက်ရယ်ကြုံ လူချင်းဆုံလို့...
ယုံတမ်းမဟုတ်တဲ့ ဇာတ်ခုံ...
တို့များ internet ပေါ်...
အဖြူရောင် ကြိုးစများနဲ့ ချည်နှောင်ထားကြတယ်...
online သူငယ်ချင်း...
စိတ်ချင်းစတင်ရင်းလို့...
ပျော်ရွှင်ခြင်း...
ဝမ်းနည်းခြင်း...
ခံစားချက်ချင်း အပြန်အလှန် အပ်နှင်းလို့...
သဘောဖြူနဲ့ ရိုင်းပင်းကြတယ်...
မင်္ဂလာအမှုတို့ နေ့စဉ် ဆောင်ကြဉ်းကြတယ်...
ဒီခြံဝင်းနဲ့ ဒီအိမ်မြေအတွင်း...
စည်းလုံးခြင်းရနံ့တွေ ပျံ့သင်းလှတယ်...
ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်...
နွေဦးအိပ်မက် ခြောက်ကပ်ကပ်...
မိုးထဲအိပ်မက် အေးစက်စက်...
အနာဂတ်အိပ်မက်မှာတော့ ရယ်သံတွေ တစွက်စွက်...
ဆောင်းနွေမိုးကူး ရာသီအလူးလူးမှာ...
မြူးတူးခြင်း သံစဉ် ရင်မှဖွဲ့တွင်...
အကြင်လူများ အနာဂတ်အား...
ဆထက်တိုးလို့ ရယ်မောပျော်ရွှင်သံတွေကြား...
အစဉ် နိုးကြား သက်ဝင်လှပပါစေ...
အိပ်မက်ရှည်ရေ... ။
အနာဂတ်အိပ်မက် (http://futuredream.ning.com) မှာ တစ်နှစ်ပြည့် (29 Mar 2010) အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ ကဗျာပြိုင်ပွဲလေးအတွက် ရေးသားခဲ့တာလေးပါ...
Created By: k2tmaung (20 March 2010 Saturday 06:20PM)
Posted by
k2tmaung
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...