Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

အရာရာကို ကိုယ်နဲ့နှိုင်း...
မရိုင်းလို့ ငါခံယူလို့...
ငါ့ရဲ့ တန်ဖိုး...
မမြတ်နိုးရင်...
ကြိုးစားသဒ္ဒါ...
ငါ မထားနိုင်တော့ပါ...

အရေးကြီးတာတွေ အများကြီးထဲ...
ဘဝဝဲအတွက် ရင်ခုန်မှုအဖုံဖုံ...
ကြုံရတာ များသလို...
ကြိုတတ်ရင် ဆုံစရာတွေက...
အခါခါ...

ရှုပ်ထွေးမှုဝဋ်ကျုံး...
ရုန်းမထွက်နိုင်သေးခင်...
ရင်တစ်ခြမ်း ပျက်လည်း...
ထပ်ထူးပြီး ငါ မရူးချင်...

မူးတတ်မှမေ့မယ်လို့...
ငါ တကယ် မတွေးတတ်တော့...
ဆွေးစရာတွေရှိလည်း...
မချိ မေးခွန်းတွေများတဲ့ ပွဲ...
ငါ ထပ်လို့ မနွှဲလို...

လွယ်လွယ်နဲ့ငါ...
ကြာကြာ မခံစားတတ်လို့...
တားမြစ်မှုတွေ ငါရှောင်...
အယောင်ဆောင်ပြီးလည်း...
အတွေးခေါင်ခေါင်နဲ့...
သဘောထားပြည့်သယောင် မပြတော့ဘူး...
အထအန ကောက်တယ်ထင်လည်း...
မကြင်ခင် လမ်းခွဲ...
ကွဲရမှာလည်း ငါမကြောက်ဘူး...

လှောင်ချင်လှောင် ပြောင်ချင်ပြောင်...
ကြောင်တယ်ထင်လည်း...
ငါရင်နဲ့ရင်းနေရလို့...
ကိုယ်ချင်းလည်း စာမပေးနိုင်တော့ဘူး...

နောက်ကွယ်မှာ ရောက်တတ်ရာရာတောင်...
ဟန်ဆောင်လို့ သရုပ်ပြောင်း...
ငါ့မှာ အကြောင်းကြောင်းတွေလည်း မရှိခဲ့ဘူး...
ရယ်စရာ ဟန်လုပ်...
ငါ့မှာ အရှုပ်ထုပ်လည်းမရှိခဲ့လို့...
ကြည့်တတ်ရင် ပြန်တွေးပါ...
မနာခင် ငါ အငို ရပ်ချင်ပြီ...
ဆင်ခြင်လို့ အဆုံးသတ်ချင်ပြီ...


ဒီလိုပဲ ရောက်တက်ရာရာ ခံစားပါတယ်...:P
Created By: k2tmaung (23 January 2010 Saturday 01:05AM)


ဆက်လက်ဖတ်ရှုရန်...

zwani.com myspace graphic comments
ငါ့မှာ ဆန္ဒတွေ များများတော့ မရှိပါဘူး...
ဒါပေမယ့် လှည့်ကြည့်လိုက်ရင်...
ဘဝက ရေတော့ရေပါပဲ...
ဒါပေမယ့် ဆားတွေခပ်ခံရတာက စေတနာအပြည့်နဲ့...

မဖြစ်ချင်တာတွေ ဖြစ်နေတာကိုက...
ဖြစ်ချင်တာတွေ မဖြစ်လာနိုင်ဖို့ လမ်းစတစ်ခု...
ရှိစုမက်စု ငါ အရင်းပြုထားတဲ့ အိပ်မက်...
ညနက်နက်မှာ အဆိပ်ခပ်ခံရပြန်တယ်...

ဘယ်တော့မှ မရွေးချယ်ခဲ့တဲ့ ငါ...
ရွေးချယ်ခြင်းတွေက ပြန်ပြန်ရွေးသွားတာ...
တွေဝေခြင်းကို ဝါသနာ မထုံတဲ့ ငါ...
ရိုးသားခြင်းဆိုတာလည်း ဒဏ်ရာပေါင်းများစွာနဲ့ပါ...

တစ်ချိန်တုန်းကတော့ ကြွေးကြော်ဖူးတယ်...
ငါ အမှားမလုပ်သ၍ မကြောက်ဘူးလို့...
ခုတော့ ဘယ်သူ့ ကြောက်ရမှန်းမသိ...
အလျှော့ပေးရခြင်းတွေနဲ့ နပန်းသတ်နေရတယ်...

မြင်နေရပြီလို့ ထင်ရတဲ့ လမ်း...
ဘယ်သူက ခဲဖျက်နဲ့ ဖျက်မှန်းမသိ ပျက်သွားခဲ့တယ်...
ထမ်းထားရတဲ့ မျှော်လင့်ချက်အသောသော...
တစ်ချက်တည်းနဲ့ ရေစုန်မျောပေါ့...
ရေဆန်ကို ပြန်တက်ဖို့...
လှော်ခတ်ရင်းကကို တက်ကထပ်ကျိုးပြန်တယ်...

ဘဝဆိုတာ ဆားရှိတိုင်း ဗိုက်မဝတဲ့ နာမည်ခံ...
ရန်လုပ်ရအောင်လည်း သူက အရိုးခံ...
ရိုက်ချက်သာ တည့်တည့်ထိရင်...
ဘယ်သူ့ကို အရင်ဆုံး ကာယကံနဲ့ စော်ကားကြည့်ရပါ့...
လက်ညှိုးထိုးဖို့ လူကို ရှာကြည့်ရင်း...
ပြန်ထိုးကြတဲ့ လက်ညှိုးတွေကသာ လာလာထိနေတယ်...

ဘာသာမဲ့ လူတစ်ယောက်...
ကမ္ဘာ့မြေပုံပေါ် လျှောက်နေရသလို...
ယုံကြည်ခြင်းတွေ ပျက်သုန်း...
ဝန်ခံခြင်းတွေလက်က ကိုယ်လွတ်ရုန်းနေရတယ်...

ငါကပဲ အတ္တတွေ များတာလား...
အာဃာတတွေပဲ ထားလွန်းတာများလား...
သေချာတာက မရေရာခြင်းတွေကြား...
စိတ်အခြေတွေလည်း ထွေပြားလို့...
လောကကြီးက ငါ့အတွက် ခါးသက်လွန်းတယ်...
အဖြစ်အပျက်တွေက ရက်စက်လွန်းတယ်...

"ဘဝပေး"လို့ နှလုံးသွင်းဆင်ခြင်ရင်းက...
မြိုသိပ်ခြင်းတွေ ခဏ ခဏ အန်ထွက်လို့...
အမျက်ဒေါသတွေကို မိတ်ဆွေဖွဲ့ကြတယ်...

မွေးရာပါတော့ လူတိုင်း ခြောက်ပြစ်ကင်းကြပါရဲ့...
တစ်ခါတစ်လေ ကံဆိုးလို့ မိုးများမှသာ...
မကောင်းဆိုးဝါးတစ်ကောင်အလား ရန်လိုတတ်တာ...

မကြာမကြာ ဘဝကို အရွဲ့တိုက်...
နောင်တတွေနဲ့ စစ်တိုက်နေရတာမို့...
အဆင်ပြေခြင်းဆိုတာ ကိုယ်နဲ့ မထိုက်တန်သလိုလို...
အရှုံးတွေကိုပိုက် အလံဖြူတွေ ခဏ ခဏ စိုက်နေရလို့...
ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်...
မာနတွေ ခေါင်းငိုက်စိုက်မကျခင်...
အားလုံးကို ရန်လုပ် ငါ လူမိုက်လုပ်ချင်တယ်...


Created By: k2tmaung (20 January 2010 Wednesday 11:50AM)

ဆက်လက်ဖတ်ရှုရန်...

zwani.com myspace graphic comments
ရေမြေလည်းခြား...
လူချင်းလည်း ကွဲပြားလို့...
အသံလေး ကြားရဖို့တောင်...
နေနဲ့ညတွေက အထားမှား...
ဆောင်းရာသီရဲ့ အအေးခါးက...
တဆိတ် စိမ်းကားလွန်းတယ်...

အာရုံအလင်းတွေ တံခါးခေါက်...
အလွမ်းသွေ့ခြောက်ခြောက်နဲ့...
မနက်မိုးသောက်ဖို့...
တစ်နေ့တစ်ခေါက် ငါ နိုးပြန်တယ်...

အနာဂတ်အရေး ရှာကြံတွေး...
အတိတ်ဝေးဝေးလည်း ရေးရေးမြင်တယ်...
ပစ္စုပ္ပန်အတွက်တော့ အလွမ်းတေး...
ဧည့်ခန်းရှေ့က ဖုန်းမြည်သံပေးမှ...
ငါ ရင်အေးရတယ်...

နေ့မှာ စိတ်တွေကိုချုပ်...
အသံတိတ်နဲ့ ကဗျာတွေထုတ်...
ညညဆို အပူရုပ်နဲ့...
ကြယ်တွေရှေ့ အားအင်ယုတ်လို့...
အားလုံးခြုံ ဘုံထုတ်တော့...
တစ်ရက်မှာ ၂၄နာရီ ရဲ့ အလုပ်...
သူ့အကြောင်းနဲ့ပဲ ရှုပ်တယ်...

နေ့အခါနဲ့ ညသာသာ...
အချိန်အခါနဲ့ ရာသီအထာ...
မေ့လျော့ခြင်း ဝါသနာ...
ငါ့မှာ အချိန်ပြည့် ဝေဒနာ...

မနေ့တစ်နေ့က အဆွေး...
အိပ်ချိန်တွေကဝေးရင်...
သူ့ကို မေ့ဆေး...
ငါ့မှာ ဖြေဆေး မရှိပြီ...


This poem was created when he's in Delhi.
Created By: k2tmaung (15 December 2009 Tuesday 10:43PM)


ဆက်လက်ဖတ်ရှုရန်...

ဆရာကျင့်ဝတ်
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့
ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။

တပည့်ကျင့်ဝတ်
ညီညာထကြွ၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
သင်တွေးအံ့ရွတ်
တပည့်ဝတ်၊ မချွတ်ငါးခုသာ။

မိဘကျင့်ဝတ်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်
ဖခင်မယ်တို့တာ။

သားသမီးဝတ်
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။


မြန်မာပြည်မှာ ရှိနေခိုက်... တစ်နေ့ Internet သွားသုံးရင်း ကျမသုံးနေတဲ့ စက်ဘေးမှာ ရေးဖို့ မှတ်ဖို့ထားပေးထားတဲ့ စာအုပ်လေးတွေ့တော့ စာအုပ်ကို အလယ်ကနေ တစ်ပိုင်း (တစ်ဝက်) မညီမညာ ဖြတ်ထားပုံကို သဘောကျသွားမိလို့ ယူကြည့်လိုက်မိပါတယ်... အဲဒီစာအုပ်လေးရဲ့ ကျောနောက်ဘက်မှာ ငယ်ငယ်က ကျောင်းသင်ခန်းစာအဖြစ်သင်ခဲ့ရဖူးပေမယ့် ယခုအခါမှာတော့ မေ့လုလုဖြစ်နေသော ကျင့်ဝတ်ဆောင်ပုဒ်လေးတွေကို တွေ့လိုက်ရချိန်... ဪ... မှတ်သားသင့်တာလေးတွေ မေ့ပျောက်နေပါလားဆိုပြီး အတွေးရောက်တာနဲ့ ရေးမှတ်လာခဲ့တာပါ... ဘဝ သင်ယူရတာတွေ အများကြီး ရှိခဲ့ပေမယ့် မေ့ပျောက်နေတဲ့ မေ့လျော့နေတဲ့ သင်ခန်းစာတွေလည်း အပုံအပင်ပါလားနော်... :P

Created By: k2tmaung (15 January 2010 Thursday 02:05PM)

ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..