Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...

k2က သီချင်းအေးအေး (ဆွေးဆွေး :P ) တွေကို ကြိုက်တာများပါတယ်... ခံစားချက်နဲ့ အဆွေးသီချင်းလေးတွေကို ကြိုက်တာမျိုး မဟုတ်ပေမယ့် အဲ့လို သီချင်းလေးတွေကို နားထောင်ဖြစ်တိုင်း နာနာကျင်ကျင်နဲ့ အတွေးတွေကို ဖြန့်ကျက်သွားစေတဲ့ ခံစားမှုမျိုးလေးကို သဘောကျလို့ပါ...
နောက်ပြီး k2 စိတ်ဓာတ်အရမ်းကျနေရင်ဖြစ်ဖြစ်၊ စိတ်အရမ်းညစ်နေရင်ဖြစ်ဖြစ်... စိတ်ရော၊ လူရောအနားမရတဲ့ အလုပ်တစ်ခုမှာ အာရုံနှစ်ထားတတ်ပါတယ်... ဘာကိုမှလုပ်ဖို့ အားမရှိတော့လောက်အောင် မောပန်းနေခဲ့မယ်ဆိုရင်တော့ အိပ်ယာထဲ ဝင်ထိုးအိပ်ပစ်တတ်ပါတယ်... အများဆုံးလုပ်ဖြစ်တာကတော့ Game ကစားတာပါ... ရှိသမျှ အာရုံတွေကို Game ထဲ ထည့်ထားလိုက်တယ်... mouse ကိုင်ရတာ လက်တွေနာကျင်လာရတဲ့အထိ... မျက်လုံးတွေ ကျိန်းစပ်လာတဲ့အထိ... computer ကြည့်လွန်းလို့ ခေါင်းတစ်ခုလုံး ချာလပတ်ရမ်းအောင် မူးလာတဲ့အထိ မနားတမ်း ကစားတတ်ပါတယ်... နောက်တစ်ခုက အဆွေးသီချင်းတွေကြီးဖွင့်ပြီး အသံလုံးဝ ဝင်သွားတဲ့အထိ (မီးမပျက်ရင်ပေါ့လေ) နေရာမရွေ့ဘဲ ကာရာအိုကေ ဟဲတတ်ပါတယ်... :P

မှတ်မှတ်ရရ စာမေးပွဲတစ်ခုကို အရမ်ကြိုးစားထားပြီး မဖြေနိုင်ဘဲ ပြန်လာခဲ့တဲ့နေ့က အိပ်ရေးတွေ ရက်ဆက်ပျက်ထားတာတောင် မနားဘဲ စာအုပ်တွေဘေးချပြီး သီချင်းထိုင်ဆိုလိုက်တာ မိုးလုံးလုံးချုပ်တဲ့အထိပါပဲ... နောက်ဆုံး အသံမထွက်တော့မှ ထမင်းတောင်မစားဘဲ အိပ်ယာထဲသွားထိုးအိပ်ခဲ့ဖူးပါတယ်... :P
ဒီမှာတော့ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့အတွက် သီချင်းအော်ဆိုလို့မရသလို၊ ကက်ဆက်လည်းအသံအကျယ်ကြီး ဖွင့်လို့မရပါဘူး... အလုပ်လည်း သွားချင်သွား၊ မသွားချင်မသွားလုပ်လို့မရတာမို့... မနက်ရုံးသွားတာနဲ့ နားနဲ့နားကျပ်က အလိုလို လက်တွဲပြီးသား ဖြစ်နေတတ်ပါတယ်... အရမ်းအဆင်မပြေဖြစ်တဲ့အခါမျိုးတွေမှာတော့ တရားခွေနားထောင်တာပေါ့လေ... ဟီး
ဒီတလောကတော့ တော်တော်လေးစိတ်မကြည်တာနဲ့ သီချင်းတွေ ထိုင်နားထောင်ဖြစ်တယ်... ခု တင်လိုက်တဲ့ "L ဆိုင်းဇီ" ရဲ့ "မလွမ်းရဲသေးဘူး" သီချင်းလေးကိုတော့ repeat လုပ်ပြီး တစ်နေကုန် တိုးတိုးလိုက်ညည်းနေမိတယ်... သူ့ melody လေးက ဘာကို ခံစားရစေမှန်းမသိ တစ်ခုခုကို ပြန်တမ်းတမိစေသလိုပဲ... k2 အထင် မူရင်းက chinese သီချင်းတစ်ပုဒ်များလားလို့...
ဘာပဲဖြစ်ဖြစ် ခုလောလောဆယ် လိုက်ဆိုလို့ကောင်းသလို ခံစားလို့လည်း ကောင်းနေတဲ့ သီချင်းလေးကိုပဲ ဒီတစ်ပတ်အတွက် အကြိုက်ဆုံးအဖြစ် ရွေးလိုက်ပါတယ်... နောက်အပတ်ကျရင်တော့ နောက်တစ်ပုဒ်ပေါ့... ဟီးဟီး... ပြီးတော့... အဟဲ... k2 အသံကလည်း အဆွေးသီချင်းတွေနဲ့ ပိုလိုက်သလားလို့...ဟားဟား... ဘာမှမဟုတ်ဘူး... သီချင်းလေးမှာ "မောင်" ဆိုတာပါ,လို့... :P "မောင်" ဆိုတာ k2 နာမည်လေ... ဟာဟား...




သီချင်းလေးတွေနဲ့ ဘဝအမောတွေ ပြေနိုင်ကြပါစေ...


k2tmaung (03 September 2009 Thursday 02:05AM)

0 comments:

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..