ကိုစိုးသီဟရဲ့ Topicလေးကို မြင်တော့ ငယ်ငယ်က အတွေးလေးတွေ ခေါင်းထဲပြန်ဝင်လာတယ်...
၇တန်း ကျောင်းသူအရွယ်လောက်တုန်းကပေါ့... အရမ်းကို သေကြည့်ချင်ခဲ့တာ...ဟီး... ဘာလို့ဆို... မိဘတွေက အရမ်းချုပ်ချယ်တယ်...ကိုယ့်ကိုမချစ်ဘူး...အဲလိုအတွေးမျိုးလေးတွေရှိသလို ကလေးအတွေးနဲ့ အပြောင်းအလဲသိပ်မရှိတဲ့ ရေသေလိုဘဝကြီးက ပျင်းဖို့ကောင်းတယ်လို့ ထင်ခဲ့ဖူးလို့လေ... ဥပမာ...အရမ်းချမ်းသာတဲ့ ဘဝမျိုးကို ရဖူးချင်သလို အရမ်းဆင်းရဲတဲ့ဘဝမျိုးကိုလည်း ခံစားကြည့်ချင်တဲ့သဘောမျိုးပေါ့... အဲဒီလို အတွေးမျိုးနဲ့ အရမ်းသေကြည့်ချင်ခဲ့ဖူးတယ်... ကိုယ်သေသွားရင် ဘယ်သူတွေ ဝမ်းနည်းမလဲ...ဘယ်သူတွေ ဘယ်လိုစိတ်မကောင်းဖြစ်မလဲဆိုတာ... အရမ်းသိချင်တာလေ...ဟီး... ခုထိလည်း တစ်ခါတစ်လေ စိတ်ရူးပေါက်ရင် သေကြည့်ချင်နေသေးတယ်...ဟီး... ဒါပေမယ့် သေဆုံးပြီးမှ ဘယ်သူတွေ ကိုယ့်အပေါ် ဘယ်လိုသဘောထားလဲဆိုတာကို သိတော့လည်း ဘာလုပ်လို့ရမှာလဲနော်... အဲဒီတော့ သိချင်ပေမယ့်လည်း လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်နေသေးတဲ့ ဒီစိတ်ကူးလေးကို နောက်ထပ်နှစ်၄၀လောက် သိမ်းထားလိုက်ပါဦးမယ်...ဟားဟား...
ခုချိန်မှာတော့ သေရမှာ နည်းနည်းတော့လန့်တယ်...သေလည်း မသေချင်သေးဘူး... ဘာမှပြင်ဆင်မှုမရှိသေးလို့လေ... သေရတော့မယ်ဆိုရင်လည်း ဗြုန်းစားကြီးမသေချင်ပါဘူး... ဝေဒနာတွေ ခံစားရချင်ခံစားနေရပါစေ... ပြင်ဆင်ဖို့ အချိန်တစ်ခုတော့ လိုချင်ပါတယ်... အင်း... သေတယ်ဆိုတာလည်း ခရီးဝေးတစ်ခု သွားရသလိုပါပဲ... အနည်းဆုံးတော့ ကိုယ့်လက်ထဲ Passportလေး တစ်ခုတော့ရှိနေဖို့ လိုမှာပေါ့နော်...:) ပြီးတော့ လိုအပ်တာတွေကို နီးတော့မှ အမြန်ဝယ်ထည့်သိုတာထက်စာရင် ကြိုတင်စဉ်းစားပြီး ဖြည်းဖြည်းနဲ့မှန်မှန်ထည့်သိုထားတော့ သွားရခါနီးမှာ သိပ်ပြီးပျာယာမခတ်တော့ဘူးပေါ့... အဲဒီခရီးက လူတိုင်းသွားကြရမှာပဲလေ... စိတ်လှုပ်ရှားစရာတော့အတော်ကောင်းတယ်... သွားရခါနီးမှာလည်း စိတ်တည်ငြိမ်ဖို့တော့ လိုမယ်ထင်ပါတယ်... စိတ်သိပ်လှုပ်ရှားတော့လည်း မလိုအပ်တဲ့ အမှားတွေ ပိုကြုံနိုင်တာပေါ့...:) သွားရဖို့ရက်နီးလာရင်လည်း ကိုယ်နဲ့ သံယောဇဉ်ရှိသူအားလုံးကို နှုတ်ဆက်ချင်ပါသေးတယ်... ဒါပေမယ့် ဘယ်သူမှ မသိအောင်တော့ တိတ်တိတ်လေး ထွက်သွားချင်ပါတယ်...... :)
"သေဆုံးခြင်းရဲအခြားတစ်ဖက်"မှာဆိုတော့...အင်း... သေဆုံးပြီးသွားရင်တော့ ချက်ချင်းကြီး နောက်ဘဝကို ကူးမသွားချင်ပါဘူး... ကိုယ်ချစ်တဲ့သူတွေအနားမှာ ခဏတော့ ဆက်နေချင်သေးတယ်... ပြီးတော့... ကိုယ်သွားရမယ့်ခရီးလေးက ဖြူးမယ်ဆိုရင်လည်း သူတို့ကို သိစေချင်တယ်... မဖြူးရင်တော့... တိတ်တိတ်လေးပဲ နေမှာပေါ့...ဟဲဟဲ...
အဲ...နတ်ပြည်တော့ မသွားချင်ဘူး... တစ်နေကုန် အပျော်အပါးကြီးပဲဆိုတော့ ကြာရင်ပျင်းလာမှာပေါ့... လူ့ဘဝကလာတာဆိုတော့ စိတ်အပြောင်းအလဲတော့ နည်းနည်းများတယ်... ဘဝဆိုတာ အနိမ့်အမြင့်လေးရှိမှာ အလှုပ်အရှားလေးရှိမှ သက်ဝင်တယ်ထင်တာပဲ...ဟီး...ဒါကြောင့် နတ်ပြည်တော့ မသွားချင်ဘူး... ငရဲပြည်ကတော့ မသွားချင်ဆုံးပဲ... ကိုယ့်လက်တစ်ချောင်း ရေနွေးပူလောင်တာတောင် မငိုပါပဲ မျက်ရည်က ကျ,ကျလာတာ...လူအကောင်လိုက်ကြီးများ ရေနွေးပူထဲ ဆင်းရရင်...အီး...ပြောရင်း ကျောတောင်ချမ်းလာပြီ... တိရိစ္ဆာန်ဘဝလည်း မဖြစ်ချင်ဘူး...ကြီးနိုင်ငယ်ညှင်း...မျှတမှု မရှိဘူး... တရားကျင့်တဲ့ ဗြဟ္မာပြည်ဆိုလည်း မဆိုးပါဘူး...မြန်မြန်ကျွတ်တန်းဝင်နိုင်တယ်လေ...အဟဲ... အဖြစ်ချင်ဆုံးကတော့ လူ့ဘဝပဲ...ဟီး... ဒါပေမယ့် အရင်ဘဝပြန်သတိရတတ်ကြတဲ့ လူဝင်စားဘဝတော့ မလိုချင်ဘူး... လူတစ်ယောက်တည်းနဲ့ နှစ်စိတ်လုပ်နေရတာ... တော်ကြာ အရင်ဘဝက ရည်းစားဟောင်းကြီး စွဲလန်းပြီး လက်ရှိဘဝက ရည်းစားနဲ့ ပြဿနာတတ်တော့မှ...ဟုတ်ပေ့..ဖြစ်နေမှာစိုးလို့... :P
Topicနဲ့ နည်းနည်းများ လွဲနေမလားတော့ မသိဘူး... သေဆုံးတာနဲ့ပတ်သပ်ပြီး စိတ်ထဲရှိတာလေး ပြောကြည့်တာပါ... အမှားတစ်စုံတစ်ရာပါရင်တော့ "တောင်းပန်ပါ၏" ပေါ့...
ပညာ
1 month ago
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...