မတွေ့တာကြာလည်း မပြောင်းလဲခဲ့ပါဘူး
အဖြစ်ပျက်လေးတွေ တိုက်ဆိုင်တိုင်း
သတိရမိတယ် ချစ်သူရယ်။
မမြင်တာကြာလည်း မမေ့ခဲ့ပါဘူး
မျက်လုံးလေးတွေ မှိတ်လိုက်တိုင်း
မြင်ယောင်နေမိတယ် ချစ်သူရယ်။
မင်းအကြောင်းလည်း တွေးမနေခဲ့ပါဘူး
သီချင်းသံလေးတွေ ကြားမိတိုင်း
တမ်းတမိတယ် ချစ်သူရယ်။
မင်းပေးခဲ့တဲ့ လက်ဆောင်တွေလည်း သိမ်းမထားခဲ့ပါဘူး
ပို့စကဒ်လေးတွေ ဝယ်မိတိုင်း
အမှတ်ရနေမိတယ် ချစ်သူရယ်။
အတိတ်အကြောင်းလည်း (ပြန်လည်) မစဉ်းစားခဲ့ပါဘူး
မိုးသည်းတဲ့နေ့တွေ ရောက်တိုင်း
လွမ်းနေမိတယ် ချစ်သူရယ်။
Created By: k2tmaung (2005)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...