သွားတော့မယ်ဆိုရင်တော့
နှုတ်မဆက်ဘဲ ထွက်သွားလေ့ရှိသူ...
သူ နှုတ်ဆက်မယ့်နေ့ကို စောင့်ရင်း
ဖြတ်သန်းခဲ့ရတာက တစ်နှစ်တာကာလ...
နောက်ဆုံး ကွဲကွာကြရတော့မယ့် ခွဲခွာကြရတဲ့နေ့အထိ
နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့တယ်...
ဒီနေ့...မမျှော်လင့်ဘဲ ပြန်ဆုံတွေ့ခဲ့ကြတယ်
ကိုယ်ကမမြင် သူကတွေ့ပြီး လာနှုတ်ဆက်ခဲ့ပေမယ့်
လိုရာခရီး ဆက်လှမ်းကြတော့
အရင်လို နှုတ်မဆက်ဘဲ
တိတ်တဆိတ် ထွက်သွားခဲ့တယ်...
ခပ်ဝေးဝေးက သူ့ရိပ်သွင်ကို လှမ်းကြည့်ရင်း
ရင်ထဲမှာ တစ်ခုခုဆုံးရှုံးသွားရသလို
ကမ္ဘာလောကဟာ ခဏတာ ပေါ့တိမ်သွားခဲ့တယ်...
Created By: k2tmaung (28 Dec 2004)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...