ဘဝအမော ခဏသဘောနဲ့
တွေ့ကြုံခဲ့ရ ကိစ္စမှန်သမျှ
မျက်စိကိုမှိတ် တအားကြိတ်ပြီး
အပျော်အပြုံး မျက်နှာဖုံးမှာ
မာန်ကိုယ့်ဖို့အတွက် တပ်ဆင်ခဲ့တယ်။
ရင်ထဲကိုကြည့် သောကရှိလည်း
ပျော်စရာအစစ်အမှန် တစ်နေ့ဧကန်
ရောက်မည်မလွဲ စိတ်ထဲစွဲမြဲ
သောကကိုအံတု ဝေဒနာကို ကုစားခဲ့တယ်။
ကျီစယ်လှည့်ဖျား သောကများက
အရှိန်မပျက် ဒီရေအတက်မှာ
ကိုယ်နဲ့မကွာေ
နာက်ကလိုက်ကာ
အပျော်အပျက် ဖျော်ဖြေဆဲမို့
ခဏသဘောနဲ့ ဘဝအမောမှာ
မြေပေါ်လှဲချ အိပ်စက်လိုက်ချင်သား။
Created By: k2tmaung (2006)
သူငယ်ချင်းမောင်နှမတွေကတော့ ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ်လှမ်းလျှောက်နေရတဲ့ ကိုယ့်ဘဝလေးကို ဘယ်လိုမြင်ကြတယ် မသိဘူး...ကိုယ့်အတွက်ကတော့ ဘဝကြီးက တစ်ခါတစ်လေ တာဝေးပြိုင်ပွဲတစ်ခုနဲ့တူတယ်...ခြေကုန်လက်ပန်းကျနေပေမယ့် ပန်းတိုင်ကိုလည်း ရောက်ချင်တယ်... လက်လျှော့လိုက်ဖို့ကျတော့လည်း... ကိုယ့်ကြိုးစားပြေးခဲ့ရတဲ့ ကိုယ့်နောက်က ခြေလှမ်းတွေကို နှမြောတယ်... ရပ်တန့်ပြီးနားနေပြန်ရင်လည်း...အလဟဿကုန်သွားမယ့် အချိန်တွေအတွက် နောင်တရပြန်ဦးမယ်... အားအင်တွေ ကုန်ခမ်းပြီး... ကိုယ့်ခြေလက်တွေတောင် မသယ်ချင်လောက်အောင်ပဲ... "ဆက်ပြေးရင်ကောင်းမလား... ဆက်လည်းပြေးချင်တယ်... နားလိုက်ရင်ကောင်းမလား... နားလည်းနားချင်ပြီ..." အဲလိုလွန်ဆွဲနေတဲ့ စိတ်တွေနဲ့ပဲ...ပြေးနေရတာ...မောလွန်းတယ်...
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...