ဘဝဆိုတာကို ခါးတယ်လို့ မြင်ရင်...
သင် ရယ်မောခြင်းကို အားနာသင့်တယ်...
တစ်ခါတစ်ခါ အထီးကျန်ဆန်လိမ့်မယ်...
နိမ့်ပါးတဲ့ အချိန်တိုင်း အသိဉာဏ်တစ်ခု...
စုမိတယ်ဆို အထီးကျန်ဆန်ခြင်းက...
သင့်အဆင်းကို လင်းဖို့ ရင်းနှီးမှုတွေ....
တစ်ခါတစ်ခါ ငိုကြွေးမိမယ်...
တွေးမိတတ်ရင် မျက်ရည်ဆိုတာ...
တိုတိုထွာထွာ အနာကျက်ဆေး...
အနက်ရောင်အတိတ်တစ်ချို့ကို ကန့်လန့်ကာချပေးတယ်...
တစ်ခါတစ်ခါ စိတ်ပျက်တတ်မယ်...
ခက်ခဲမှုတိုင်းက အောင်မြင်ဖို့မလွယ်...
ရယ်မောတတ်ရင် ရှုံးနိမ့်မှုဆိုတာ...
ငါ ဆိုတာအတွက် ခွန်အားတွေ ပေးလိမ့်မယ်...
တစ်ခါတစ်ခါ ဝမ်းနည်းနေမယ်...
ပြေရာပြေကြောင်းသာ ခေါင်းလောင်းထိုးတတ်ရင်...
နိုးကြားတဲ့ မနက်တိုင်းမှာ ငှက်လေးတွေတေးဆိုတတ်တယ်ဆိုတာ...
ဘေးလူမပြောဘဲ သင် တွေးရင်း ငေးမောတတ်လာလိမ့်မယ်...
ဘဝဆိုတာကို ခါးတယ်လို့ မြင်ရင်...
သင် ရယ်မောခြင်းကို အားနာသင့်တယ်...
ညဥ့်တိုင်းမှာ လမသာတတ်ပေမယ့်...
လသာတဲ့ညဥ့်တွေကိုလည်း သင် မေ့နေတတ်တယ်...။
Created By: k2tmaung (23 September 2011 Friday 11:05AM)