သူငယ်ချင်း
မင်းအတွက်ဆို
ဘာမဆိုပေးဆပ်လိုက်ဖို့
ကိုယ်ကျေနပ်တယ်။
ချစ်သူ
မင်းအတွက်ဆို
ဘာမဆိုလိုက်နာလိုက်ဖို့
ကိုယ်ကျေနပ်တယ်။
သူငယ်ချင်း
တစ်ခုတော့ ခြွင်းချက်
ချစ်သူကို ပေးဖို့ကလွဲရင်
ကျန်တာအားလုံး ကိုယ်ပေးဆပ်မယ်။
ချစ်သူ
တစ်ခုတော့ ခြွင်းချက်
သူငယ်ချင်းကို ပေးဖို့ကလွဲရင်
ကျန်တာအားလုံး ကိုယ်လိုက်နာမယ်။
Created By: k2tmaung (2006)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...