ဆရာကျင့်ဝတ်
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့
ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။
တပည့်ကျင့်ဝတ်
ညီညာထကြွ၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
သင်တွေးအံ့ရွတ်
တပည့်ဝတ်၊ မချွတ်ငါးခုသာ။
မိဘကျင့်ဝတ်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်
ဖခင်မယ်တို့တာ။
သားသမီးဝတ်
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။
မြန်မာပြည်မှာ ရှိနေခိုက်... တစ်နေ့ Internet သွားသုံးရင်း ကျမသုံးနေတဲ့ စက်ဘေးမှာ ရေးဖို့ မှတ်ဖို့ထားပေးထားတဲ့ စာအုပ်လေးတွေ့တော့ စာအုပ်ကို အလယ်ကနေ တစ်ပိုင်း (တစ်ဝက်) မညီမညာ ဖြတ်ထားပုံကို သဘောကျသွားမိလို့ ယူကြည့်လိုက်မိပါတယ်... အဲဒီစာအုပ်လေးရဲ့ ကျောနောက်ဘက်မှာ ငယ်ငယ်က ကျောင်းသင်ခန်းစာအဖြစ်သင်ခဲ့ရဖူးပေမယ့် ယခုအခါမှာတော့ မေ့လုလုဖြစ်နေသော ကျင့်ဝတ်ဆောင်ပုဒ်လေးတွေကို တွေ့လိုက်ရချိန်... ဪ... မှတ်သားသင့်တာလေးတွေ မေ့ပျောက်နေပါလားဆိုပြီး အတွေးရောက်တာနဲ့ ရေးမှတ်လာခဲ့တာပါ... ဘဝ သင်ယူရတာတွေ အများကြီး ရှိခဲ့ပေမယ့် မေ့ပျောက်နေတဲ့ မေ့လျော့နေတဲ့ သင်ခန်းစာတွေလည်း အပုံအပင်ပါလားနော်... :P
Created By: k2tmaung (15 January 2010 Thursday 02:05PM)
Posted by
k2tmaung
comments (1)