မိဘအုပ်ချုပ် မင်းလုပ်တဲ့တိုင်းပြည်မှာ...
ငါက အိမ်ရှေ့စံ...
အခြံအရံနဲ့ အာဏာစက်...
လိုတိုင်းရ တ,တိုင်းအသင့်ဖြစ်တဲ့ ဘဝနဲ့...
ငြိမ်းအေးခဲ့တယ်...
နုရွယ်ငယ်စဉ် အသင်တတ်ဖို့...
မြတ်ဆရာတို့ထံပါး...
ဆယ့်လေးနှစ်ကြာ ပညာရှာ...
ဆည်းပူးလေ့လာခဲ့တယ်...
သင်ယူတတ်မြောက် အရွယ်ရောက်တော့...
ငါ့မနောပြည်လှ အစိုးရတဲ့...
ဘုရင်ငယ်တစ်ပါးဘဝ အပိုင်စားရခဲ့တယ်...
ကိုယ်တိုင်ပလင်ပေါ်ထက်...
နန်းတက်ရတဲ့အခါ...
တစ်ခြားသောမင်းတို့ ရန်ပြု...
ပြည်လုဖို့ကြိုးစား...
ငါ့အားလုပ်ကြံ အလံသိမ်းဖို့...
သွေးအလိမ်းလိမ်းနဲ့ စစ်ခင်းကြတယ်...
"ဘဝဆိုတာတိုက်ပွဲ အရှုံးတော့ရှိမှာပဲ...
ကိုယ်တိုင်ဒူးမထောက်...
လက်မမြှောက်ဖို့ပဲလိုတယ်..."
ဒါငါ့သမိုင်း ငါရေးဖို့...
ငါကိုယ်တိုင်တေးစပ်တဲ့ ဆောင်ပုဒ်...
ငါ့ခေါင်းထက်မှာ သံမှိုစိုက်...
ရင်ထဲရိုက်ထည့်ခဲ့တယ်...
ငါနဲ့မဆိုင် ငါမပိုင်တဲ့ ထီးနန်း...
ငါလွှမ်းမိုးဖို့မကြိုးစားသလို...
ငါ့ပိုင်နက်လည်း တစ်လက်မမှ...
အထိမခံ မာနထန်သူမို့...
လှေခွက်ကြီးပဲ ကျန်ပါစေ...
ငါ့အလံမလဲစေရဘူးလို့ ငါကြွေးကြော်တယ်...
စာရိတ္တဓားရေး အလေးပေး...
ငါ့ရဲသွေး နွေးလှတယ်...
ဦးဆောင်ချွန်းဖွင့် ရဲရင့်လက်ရုံး...
ငါ့နှလုံးမှာကိန်းဝပ်လို့...
မင်းကျင့်အမှန်တရား လက်ကိုင်ထားဆဲ...
တစ်ဦးချင်းလည်း စစ်ထိုးရဲတယ်...
သို့သော်ငြားလည်း...
ပုရောဟိတ်အတတ် ငါ.. မဖတ်တတ်ဘူး...
နက္ခတ္တဗေဒသဘော ငါ.. မဟောတတ်ဘူး...
ဗျူဟာပရိယာယ် ငါ.. မလည်ဝယ်လို့...
ယုံစားရတဲ့အမတ် တစ်သက်စာအတွက်တော့ လိုအပ်တယ်...
Created By: k2tmaung (26 March 2010 Friday 04:25AM)
Posted by
k2tmaung
comments (1)