ငယ်ငယ်တုန်းကပေါ့
တေးချိုမြမြ ဆိုကာပြမှ
အိပ်မောကျတတ်ခဲ့တယ်။
ကလေးဘဝတုန်းကပေါ့
မွေးရုပ်ဖွားဖွား ဖက်ကာထားမှ
အိပ်မောကျတတ်ခဲ့တယ်။
သိပ်မကြာခင်တုန်းကပေါ့
စိတ်ကူးလှလှ တွေးရင်းနဲ့မှ
အိပ်မောကျတတ်ခဲ့တယ်။
ခုကျမှပေါ့
အပြုံးချိုချို မျက်ဝန်းခိုမှ
အိပ်မောကျတတ်ခဲ့တယ်။
Created By: k2tmaung (2005)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...