မင်းကကိုယ့်ကို 'အချစ်ဆုံးသူငယ်ချင်း' တဲ့လား
ရပါတယ်
ကိုယ်က စိတ်မခိုင် မင်းအပေါ် ယိုင်မိမှတော့
နောင်တရမနေချင်တော့ပါဘူး။
မင်းမှာ 'သိပ်ချစ်ရတဲ့ ကောင်မလေး' ရှိနေပြီတဲ့လား
ကောင်းပါတယ်
မင်းရွေးချယ်ရာ မင်းစိတ်ချမ်းသာမှတော့
ကိုယ်ဝမ်းသာပေးရမှာပေါ့။
မင်းက 'ကိုယ့်ကိုကူညီပေးပါ' တဲ့လား
ဖြစ်ပါတယ်
မင်းပျော်ရွှင်လို့ ကိုယ်ရင်နာဖို့ လိုတယ်ဆိုမှတော့
စေတနာသန့်သန့်နဲ့ ကြိုးစားပေးရမှာပေါ့။
Created By: k2tmaung (2005)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...