မေမေပေးတဲ့ မေတ္တာချိုချိုတွေကိုသောက်ရင်
လောကကြီးကို အပြုံးမျက်နှာနဲ့ ကြည့်ခဲ့တယ်...
တစ်နေ့မှာ...
အချစ်ရောင်းတဲ့ ဆိုင်လှလှလေးရှေ့မှာရပ်မိတယ်
စမ်းသောက်သုံးကြည့်ချင်နေတဲ့ နှုတ်ခမ်းလေးက
ဟန်မဆောင်နိုင်တော့တာမို့
နောက်ဆုံးမှာ သောက်သုံးဖို့ ခွင့်ပြုလိုက်တယ်...
ဆိုင်ထဲရောက်တဲ့အခါ
အချစ်ခါးခါးရဲ့အရသာကို ခုန်မင်သွားရာက
တစ်ခွက်၊ နှစ်ခွက်၊.....
ခွက်ပေါင်းများစွာ သောက်သုံးပြီးလို့
ကျသင့်ငွေရှင်းပြီး ဆိုင်ထဲက ပြန်ထွက်လာခဲ့တယ်...
ဆိုင်အပြင်ရောက်တော့မှ
ရင်ထဲက ခပ်ပူပူခံစားချက်လေးကို သတိပြုမိလာတယ်...
အဲဒီအချိန်မှာ...
မေတ္တာချိုချိုတွေပေးတတ်တဲ့ မေမေ့ဆီ အပြေးပြန်ခဲ့ရတယ်...
Created By: k2tmaung (2005)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...