တန်ဖိုးတော့မရှိပါဘူး
ဒါပေမယ့်
ငါသိမ်းထားမိခဲ့တာက
သူ့အကြည့်။
ဂုဏ်ဒြပ်တော့မရှိပါဘူး
ဒါပေမယ့်
ငါစုဆောင်းထားလိုက်မိတာက
သူ့အပြုံး။
တကယ်တော့
ငါလိုချင်ခဲ့တာက
မြတ်နိုးခြင်းမပါတဲ့ သူ့အကြည့်
မဟုတ်ပါဘူး။
ငါတောင့်တခဲ့တာက
စွဲလန်းခြင်းမပါတဲ့ သူ့အပြုံးမဟုတ်ပါဘူး။
ငါပိုင်ဆိုင်ချင်တာက
ငါ့ပုံရိပ်တွေရှိနေမယ့်
သူ့နှလုံး။
Created By: k2tmaung (2004)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...