Blogger Widgets
မင်္ဂလာပါ~~~ သူငယ်ချင်းမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ~~~

k2tmaung

ဘဝဆိုတာ... သာဓကတစ်ခု... အတိတ်ဆိုတာ... အရိပ်တစ်ခု... စိတ်ဆိုတာ... ပိတ်ကားတစ်ခု...














အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျမ အိမ်ထောင်ပြုဖို့ အမျိုးသားတစ်ယောက်ကို လက်ထပ်တယ်ဆိုတာကို ဒီလို လက်ခံထားတယ်...
အိမ်ထောင်ပြုတယ်ဆိုတာ အမျိုးသမီးတွေအတွက် ချစ်တာအပြင် အားကိုးချင်တာလည်း ပါပါတယ်... အားကိုးမရဘဲ ချစ်ရုံနဲ့ လက်မထပ်သင့်ဘူး မှန်ပါတယ်... ဒါပေမယ့် မချစ်ဘဲ အားကိုးဖို့သက်သက် ဘာအတွက် လက်ထပ်မှာလဲ... အချိန်တန် ယောက်ျားတစ်ယောက် ယူကိုယူရမယ်ဆိုတာမျိုးကို ကျမ ဘယ်တုန်းကမှ လက်မခံခဲ့ဘူး... အိမ်ထောင်ပြုမှ ဖြစ်မယ်ဆိုတဲ့သူတွေကို ကျမ မေးလေ့ရှိတဲ့ မေးခွန်းက "ကိုယ့်ဘာသာ ရပ်တည်လို့မရလို့လား"လို့...

လောကမှာ ငွေက အဓိကအကျဆုံး အရာတော့ မဟုတ်ပါဘူး... ဒါပေမယ့် ငွေမရှိဘဲတော့လည်း ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပါဘူး...
ကိုယ်က မှီဖို့ မလိုအပ်သလို ကိုယ့်ကို မှီမယ့် ယောက်ျားမျိုးလည်း သေလောက်အောင်ချစ်ဦးတော့ စဉ်းစားဖို့တော့ လိုသေးတယ်... ကိုယ် ဘယ်လောက်ထိ အမှီခံနိုင်မှာလဲလို့... ယောက်ျားမိန်းမမှ မဟုတ်ပါဘူး... နှစ်ယောက်လုံး ကိုယ့်အခြေအနေနဲ့ကိုယ် တန်းတူညီမျှ ရုန်းကန်နိုင်ဖို့ လိုအပ်တယ်လို့ထင်တာပဲ... ဒီခေတ်ကြီးမှာ သာမာန်လူတန်းစားတွေအတွက် တစ်ယောက်ယောက်ကချည်း အမြဲမှီနေဖို့ရာ မဖြစ်နိုင်ပါဘူး...

ပြီးတော့ ဒီခေတ်ကြီးမှာ မိန်းမတွေကချည်း လိုက်ကပ်နေတာမဟုတ်ပါဘူး... မိန်းကလေးဆီကနေ ချစ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ညာစားနေတာတွေလည်း အများကြီးရယ်... မိန်းမဆိုတာကလည်း ခက်သားလား... မိခင်စိတ် သိပ်များတယ်လေ... ဘယ်လောက်ဆိုးမှန်းမကောင်းမှန်းသိသိ ချစ်တဲ့စိတ်နဲ့ ပြုပြင်လို့ရနိုးနိုး ပြုပြင်နိုးနိုးနဲ့ သူများအတွက် ကြိုးစားချင်တယ်ဆိုပေမယ့် အမှန်ကတော့ အချိန်တွေ ဖြုန်းနေကြတာ.. အဲ့လိုပဲ အမျိုးသားတွေမှာလည်း သနားစိတ်သိပ်များတာပဲ မဟုတ်လား... ကိုယ်ချစ်ကို ရှေ့တန်းတင်ပြီး သူရဲကောင်းစိတ်နဲ့ ကာကွယ်ပေးချင် ကူညီပေးနေချင်သမျှတော့ တစ်ဖက်က ကိုယ့်ကို ချစ်မချစ် မှန်ကန်စွာ ခွဲခြားနိုင်လိမ့်ဦးမယ် မထင်ဘူး...

အိမ်ထောင်ပြုတယ်ဆိုတာ စီးပွားရေးလုပ်သလို အကျိုးအမြတ်တွက်ပြီး ယူတာမျိုး လက်မခံဘူး... ကျမ နေထိုင်တဲ့ နိုင်ငံက အနောက်တိုင်းဆန်တဲ့သူတွေများတော့ သူတို့ကို living together နေတာနဲ့ပတ်သက်ပြီး မေးကြည့်ဖူးတယ်... ဘာကြောင့်လဲလို့... သူတို့တော်တော်များများပြောကြတာက အတူနေကြည့်မှ တစ်ယောက်နဲ့တစ်ယောက် စရိုက်သဘာဝလက်ခံနိုင်လက်မခံနိုင် သိမှာပေါ့တဲ့... အဲ့ဒါဆို အချစ်စစ် မဟုတ်ဘူးလို့ ကျမ ဆရာပြန်လုပ်ဖူးတယ်... တကယ်ချစ်ရင် သူ့ရဲ့ကောင်းတာတွေအပြင် သူ့ရဲ့ အားနည်းချက်တွေကိုလည်း လက်ခံနားလည်ပေးနိုင်ရမယ်... ကိုယ်ကလည်း သူလက်မခံနိုင်တဲ့ အကျင့်စရိုက်မျိုးကို ပြောင်းပေးနိုင်ရမယ်... မပြောင်းလဲပေးနိုင်ရင်တောင် ညှိနှိုင်းနိုင်ရမယ်ထင်တာပဲ... အမွှာပူးတောင် စရိုက်သဘာဝကွဲပြားသေးတာပဲ... တသက်လုံး အတူနေတဲ့ မိသားစုဝင်တွေတောင်မှ မတည့်ကြသေးတာပဲ တစိမ်းလူနှစ်ယောက် ထပ်တူကျဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ...

ရင်ခုန်မှုကို ရှေ့တန်းတင်တဲ့ အချစ်တွေ လောကကြီးမှာ သိပ်များလွန်းတော့ အချစ်ဆိုတာ မနှင်းဖြူလေးစားမိခဲ့တဲ့ ပန်းသီးလှလှလေးလိုပဲ...
ကိုယ်က တကယ်ချစ်တာ ဟုတ်ရဲ့လား... ကိုယ့်ကို တကယ်ချစ်တာ ဟုတ်ရဲ့လား... ?? အချစ်ဆိုတာ လူနှစ်ယောက် တင်းတင်းဆွဲထားတဲ့ သားရေပင်လို တစ်ဖက်က လွှတ်လိုက်ရင် တစ်ဖက်မှာ အင်မတန် နာကျင်ရတတ်ပါတယ်... အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ဦးနှစ်ယောက်တည်း ပေါင်းသင်းတာမဟုတ်ဘဲ နှစ်ဖက်မိသားစု နှစ်ဖက်အသိုင်းအဝိုင်းနှစ်ခု ပူးပေါင်းကြတာမို့ အခက်အခဲတွေ အများကြီး ရှိမှာပါ... သူ့ဘက်ကိုယ့်ဘက် နားမလည်နိုင်တာ နားလည်ရခက်တာတွေလည်း အများကြီး ရှိမှာပါ... ဘယ်လိုအခြေအနေ ဘယ်လိုအကြောင်းကြောင့်မှ လက်လွှတ်ဖို့ မစဉ်းစားနိုင်မှ အချစ်လို့ ခေါ်သင့်တယ် ထင်ပါတယ်... အဲ့လိုမှ မဟုတ်ရင် ကိုယ်က သူ့ကို ချစ်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်တာပဲ ဖြစ်ပါလိမ့်မယ်... တခါတလေမှာ ကိုယ့်ကိုယ်ကိုယ်မသိတဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့စိတ်ကြောင့်လည်း ကိုယ့်ကို မချစ်တဲ့သူကို ချစ်တယ်ထင်ယောင်ထင်မှားဖြစ်မိတတ်ကြသေးတယ်... အချစ်မညီခဲ့ရင် ရင်ဘတ်တွေ ကွဲအက်ပြီး မျက်ရည်ကုန်ခမ်းသွားချိန်ကျမှ အဲဒီလူကို လက်လွတ်ဖို့ သင့်မှန်း သိလာလိမ့်မယ်... အိမ်ထောင်ပြုတယ်ဆိုတာ ချစ်သူရည်းစားထားတာထက် ပိုလေးနက်တာမို့ ညှိနှိုင်းစရာတွေလည်း ပိုများတော့ အချစ်ဆိုတာအပြင် မေတ္တာလေးပါ ဖြည့်စွက်နိုင်ပါမှ...

ဘဝအတွက် လက်တွဲဖော်ဆိုတာ ဆိုးတူကောင်းဖက် တယောက်နဲ့တယောက် နားလည်သီးခံပြီး အပြန်အလှန် အဖော်ပြုဖို့... တယောက်ကွက်လပ်ကို တယောက်ဖြည့်ပေးပြီး အပြန်အလှန် လက်တွဲခေါ်နိုင်ဖို့... နားလည်သီးခံပေးဖို့ဆိုတာမှာလည်း အပြောသာလွယ်တာ ရင်ဘတ်ထဲကနေလာဖို့ အချစ်မပါ မေတ္တာမပါဘဲ မဖြစ်နိုင်ပါဘူး... အဲ့တော့ မေတ္တာမပါဘဲ ဘာအတွက် အိမ်ထောင်ပြုကြမှာလဲ... ကိုယ့်ကိုချစ်လို့ ကိုယ့်ကိုချည်း သူကဖြည့်ပေးနေရရင် ကိုယ်က အခွင့်အရေးယူသလိုပဲ ဖြစ်နေမှာပေါ့... ကိုယ်ကချစ်လို့ ကိုယ်ကချည်း ဖြည့်ပေးနေရပြန်ရင်လည်း ကိုယ်က အထီးကျန်နေဦးမှာပဲ... အဲ့တော့ မျှမျှတတ နားလည်လက်ခံနိုင်တဲ့ သူချစ်ကိုယ်ချစ်ပဲ ကောင်းပါတယ်... အဲ့လိုမှ မဟုတ်ရင်တော့ အိမ်ထောင်ပြုဖို့ မလိုအပ်ဘူးလို့ ထင်တာပဲ...

အင်းလေ... လူတိုင်းက ကိုယ့်လိုမှ မဟုတ်တာ... ကိုယ်က သူများကို သိပ်ကိုယ်ချင်းစာသီးခံပေးတတ်တဲ့သူ မဟုတ်ဘဲ တကိုယ်ကောင်းလည်း ခပ်ဆန်ဆန်ဆိုတော့ အချိန်တန် ချစ်ချစ်မချစ်ချစ် အိမ်ထောင်ပြုပြီး ဘလိုင်းချည်း သီးခံနားလည်ပေးရမယ်ဆိုတာမျိုးကို လက်မခံဘူးလေ...

Created By: k2tmaung (27 October 2014 Monday 10:32AM)

2 comments:

i miss you TTLay K2 , thats why i came to your blog home
everything is okey there?
i think u already forgot about me
:P

long time no see...
u can hide urself long time... :D
anyway nice to see u again...
btw... when can i read ur post again? :)

Comment here

အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...

မင်္ဂလာပါ



ဒီ blog လေးကို လုပ်ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ကူးပေါက်သမျှ ရေးထားခဲ့တာလေးတွေကို တစုတဝေးတည်းရှိနေစေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ပါ...
တခြားသူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စာပေမျိုး ရေးသားဖို့ရန် သိုမှီးသိမ်းဆည်းထားတဲ့ အသိပညာ ဗဟုသုတတွေ မပြည့်ဝသေးတာမို့ တစ်ဦးတစ်ယောက်ကိုသော်မျှ ကျေနပ်ပျော်ရွှင် အသိပညာတိုးပွားစေလိုသော ဆန္ဒနဲ့ ဒီ blog လေးကို ဖန်တီးထားခြင်း မဟုတ်ရပါ...
ရင်းနှီးမြှုပ်နှံခဲ့တဲ့ အာရုံ၊ အတွေး၊ ခံစားချက်၊ အချိန်လေးတွေကို အတူတကွရှိနေစေချင်ရုံ သက်သက်နဲ့ ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်...

တကယ်လို့ ကျမ ကြိုးစားရေးခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ကူးယူချင်တယ်ဆိုတဲ့ စိတ်ကလေးများရှိခဲ့တယ်ဆိုရင်ဖြင့် ကျမရဲ့အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျမနာမည်လေးကို ဖော်ပြပေးစေလိုပါတယ်... သို့ပေမယ့် ကျမရေးသားခဲ့သော ကျမ၏အကြောင်းအရာများကိုတော့ မကူးယူဖို့ မေတ္တာရပ်ခံပါရစေ...

အဆင်ပြေပျော်ရွှင်ကြပါစေ...
k2tmaung

My Quotes


ယနေ့ ကျရှုံးမှုတွေသည် မနက်ဖြန်၏ အောင်မြင်မှုများအတွက် လှေခါးထစ်များဖြစ်၏...

ဘဝဆိုတာ တိုက်ပွဲ... အရှုံးတော့ရှိမှာပဲ... ကိုယ်တိုင် ဒူးမထောက် လက်မမြှောက်ဖို့ပဲလိုတယ်...

ကျွန်ုပ်ကို ခင်မင်သူများ...

ခင်ရင်ရေးပေး ကျွန်ုပ်အတွက် အားဆေး... (သူငယ်ချင်းတို့ကို သိရအောက် Link လေးတွေတော့ ထားခဲ့ပေးနော်)

ကျွန်ုပ်ခြေရာများသော သူတို့နေရာ...

ရေးထားသမျှ... ခွဲခွဲခြားခြား..