ဆုတောင်းတွေ ပြည့်စေလို
အို ကြွေပါလေတော့ ကြယ်လေးရယ်တဲ့...
ကောင်းကင်ကိုမော်
အသက်ရယ် ဆယ်ကျော်
အဖြူထည်အရွယ် ငယ်ငယ်ကပေါ့...
မမြင်ရတဲ့ ဆူးတစ်ချောင်း...
ဘဝတစ်ခုလုံး ဗြောင်းဆန်အောင်
အတိတ်မှာ အရိပ်တွေ စွေစောင်း
ဆယ်ကျော်သက်ကို အဲ့လောင်းရိပ်က
အမုန်းတရားဆီမှာ ရောင်းစားခဲ့တယ်...
အမှတ်မရှိတာလား...
အမှတ်တမဲ့လား...
သိပ်တော့ မသေချာဘူး...
ကမ်းနေတဲ့လက်က
ခြေချော်ကျတဲ့ လမ်းတစ်ဝက်မှာ
သွေးတိုးစမ်းတဲ့ အနာကျက်ဆေး
ခပ်ရေးရေး အနာဂတ်ကို တွယ်ဖက်
ရက်သတ္တပတ်တွေ အခါခါဖြတ်ပြီးမှ
အတ္တနဲ့ အပွန်းအပဲ့ခံ တွဲခဲ့တဲ့ အဲ့ဒီလက်
မငဲ့မကွက် ရိုက်ထည့်ခဲ့တာ
စိုက်ဝင်နေတဲ့ဆူးတစ်ချောင်း အဆုံး
ရောင်မပြန်တဲ့ မေတ္တာ နဲ့ စေတနာ
ခွင့်လွှတ်တတ်တဲ့ အကြင်နာ နဲ့ ဂရုဏာ
ကျေးဇူးတစ်ခွန်းနဲ့ မညီမျှခဲ့သလား
ဆော်ရီးတစ်ခွန်းနဲ့ မထိုက်တန်ခဲ့သလား
မမြင်ရတဲ့ ဆူးတစ်ချောင်း...
တစ်ဘဝလုံး နှုတ်မရအောင်
အနာဂတ်မှာ အရိပ်တွေ ခြေချုပ်
ဘဝနိဂုံးကို အဲ့ရက်စွဲတွေက
အကျဉ်းစံတံဆိပ် ခတ်နှိပ်ခဲ့တယ်
ဆုတောင်းတွေ ပြည့်စေလို
အို ကြွေပါလေတော့ ကြယ်လေးရယ်တဲ့...
ရက်စက်လိုက်တဲ့ ဆန္ဒ
မာနတွေ ခဝါကျ
ကိုယ်ချင်းစာ နာကျင်တတ်မှ
ခခယယ စကားလေးတစ်ခွန်း ဆိုပါရစေ
တောင်းပန်ပါတယ်...လို့
ကြယ်လေး...သို့
Zawgyi
ဆုေတာင္းေတြ ျပည့္ေစလို
အို ေႂကြပါေလေတာ့ ၾကယ္ေလးရယ္တဲ့...
ေကာင္းကင္ကိုေမာ္
အသက္ရယ္ ဆယ္ေက်ာ္
အျဖဴထည္အရြယ္ ငယ္ငယ္ကေပါ့...
မျမင္ရတဲ့ ဆူးတစ္ေခ်ာင္း...
ဘဝတစ္ခုလုံး ေျဗာင္းဆန္ေအာင္
အတိတ္မွာ အရိပ္ေတြ ေစြေစာင္း
ဆယ္ေက်ာ္သက္ကို အဲ့ေလာင္းရိပ္က
အမုန္းတရားဆီမွာ ေရာင္းစားခဲ့တယ္...
အမွတ္မရွိတာလား...
အမွတ္တမဲ့လား...
သိပ္ေတာ့ မေသခ်ာဘူး...
ကမ္းေနတဲ့လက္က
ေျခေခ်ာ္က်တဲ့ လမ္းတစ္ဝက္မွာ
ေသြးတိုးစမ္းတဲ့ အနာက်က္ေဆး
ခပ္ေရးေရး အနာဂတ္ကို တြယ္ဖက္
ရက္သတၱပတ္ေတြ အခါခါျဖတ္ျပီးမွ
အတၱနဲ႕ အပြန္းအပဲ့ခံ တြဲခဲ့တဲ့ အဲ့ဒီလက္
မငဲ့မကြက္ ႐ိုက္ထည့္ခဲ့တာ
စိုက္ဝင္ေနတဲ့ဆူးတစ္ေခ်ာင္း အဆုံး
ေရာင္မျပန္တဲ့ ေမတၲာ နဲ႕ ေစတနာ
ခြင့္လႊတ္တတ္တဲ့ အၾကင္နာ နဲ႕ ဂ႐ုဏာ
ေက်းဇူးတစ္ခြန္းနဲ႕ မညီမွ်ခဲ့သလား
ေဆာ္ရီးတစ္ခြန္းနဲ႕ မထိုက္တန္ခဲ့သလား
မျမင္ရတဲ့ ဆူးတစ္ေခ်ာင္း...
တစ္ဘဝလုံး ႏႈတ္မရေအာင္
အနာဂတ္မွာ အရိပ္ေတြ ေျခခ်ဳပ္
ဘဝနိဂုံးကို အဲ့ရက္စြဲေတြက
အက်ဥ္းစံတံဆိပ္ ခတ္ႏွိပ္ခဲ့တယ္
ဆုေတာင္းေတြ ျပည့္ေစလို
အို ေႂကြပါေလေတာ့ ၾကယ္ေလးရယ္တဲ့...
ရက္စက္လိုက္တဲ့ ဆႏၵ
မာနေတြ ခဝါက်
ကိုယ္ခ်င္းစာ နာက်င္တတ္မွ
ခခယယ စကားေလးတစ္ခြန္း ဆိုပါရေစ
ေတာင္းပန္ပါတယ္...လို႕
ၾကယ္ေလး...သို႕
Created By: k2tmaung (31 August 2015 Monday 02:05PM)
0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...