ငါ မုန်းတဲ့ အမှားတရား...
ထပ်ခါထပ်ခါ ငါ့အပေါ် မှားတယ်...
ငါ တစ်ယောက်တည်း အမှန်တွေ ရင်ဝယ်ပိုက်...
ခေါင်းငိုက်စိုက်နဲ့ လူတွေအားလုံးကို မုန်းတယ်...
အမြင်မတော်သူတွေ လက်ပိုက်ရပ်ကြည့်တဲ့ ပွဲ...
အမှန်တရားလို့ အော်သူတွေလည်း...
မမှန်တဲ့ဘက်မှာ ရပ်လို့ အရယ်မရပ်တဲ့ ပွဲ...
ကြောက်တတ်သူတွေ တိတ်တိတ် ရှောင်ဖယ် မျက်နှာလွှဲသွားတဲ့ ပွဲ...
မလိုမုန်းတီးသူတွေ လက်ခုပ်တီး အားပေးကြတဲ့ ပွဲ...
ချစ်ခင်သူတွေ အကျဉ်းချခံထားရတဲ့ ပွဲ...
တရားခံတွေ တရားလိုကို စကားလုံးနဲ့ အနိုင်ပေါက်ကြတဲ့ ပွဲ...
ငါလို ငမွဲ ဒီပွဲမှာ ဆဲတာကလွဲလို့...
ဘာများ တတ်နိုင်ပါ့...
ဒီလိုပွဲတော်မျိုး မျိုးရိုးလိုက်တတ်သလား...
လူဘယ်နှစ်ယောက် ခြေရာဖျောက်လို့ အမျိုးပျောက်သွားကြပြီလဲ...
ပြောပါရစေ နောက်တစ်ခေါက်...
ထပ်မခြောက်ပါနဲ့...
ငါ ကြောက်တတ်ပါတယ်...
ထပ်မဟောက်ပါနဲ့...
ငါ့ တန်ဖိုးလေး ပျောက်ခဲ့ပြီးပါပြီ...
ဆောက်လက်စ ငါ့ အနာဂတ်လေး...
ဘယ်ဘဝရောက်လို့ အမျှဝေရပါ့...
ကူရာကယ်ရာမဲ့တဲ့ ငါ...
ပျော်စရာပါ မဲ့လာတယ်...
ရပါတယ်...
တောက်ခေါက်ပြီး လမ်းဆက်လျှောက်ပါ့မယ်...
အမှားတွေနဲ့ ဝေးရာဆီ...
Created By: k2tmaung (06 November 2013 Wednesday 01:14PM)

0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...