ဘဝကို လမ်းလျှောက်သင်ခါစ..
မခိုင်တဲ့ ဒူးတွေနဲ့ ခြေချော်ချော်ကျတယ်...
သူ...
ကတီပါခင်း ပိုးသားအဆင်းနဲ့ ရွှေဖိနပ် ပိုင်ရှင်...
ခြေဖဝါးနုနု သွေးခြေဥမှာ ဆိုးသတဲ့...
ဆူးခင်းလမ်းထက် ငါ့ ကို တွဲကူလျှောက်ခဲ့တယ်...
နှင်းမကျတဲ့ ရာသီ ငါ ချွေးကျနေခဲ့တယ်...
ရာသီပြောင်းကူး ငါ အရူးအမူးနဲ့ စွဲချက်တင်...
ငှက်ဆိုတာ ပျံတတ်မှန်း အတောင်ဖြန့်မှ ငါ သတိရတယ်...
အမိုးမလုံတဲ့ ငါ့အိမ်ကလေး...
အညှိုးကြီးတဲ့ ဒီမုတ်သုန်မိုးအောက်...
ကယ်တင်ရှင်ပျောက်လို့...
ပြူတင်းမှန်တွေ တခြွမ်းခြွမ်းကွဲအထွက်...
မိုးကြိုးက ငါ့ အိမ်ကလေးမှ တည့်တည့်ပစ်ချရက်တယ်...
ပြောခဲ့စမ်းပါ...
အမှန်တရားကို သစ္စာရှိတဲ့ စစ်သည်တော်...
ငါ့ အသဲကို နင် အပျော်စော့ခဲ့သလား...
ပြောခဲ့စမ်းပါ...
နောင်တတွေပိုက် ငါ ထပ်မမိုက်ရအောင်...
ဘာမှားခဲ့သလဲလို့ ...
၂၅ရက်...
ညညမက်တဲ့ ဒီအိပ်မက်ဆိုး...
ငါ့ စိတ်တန်ခိုးတွေကို ခိုး...
ခုတော့
အဆာငတ်တဲ့ ငါ့ရင်တွေ နာလွန်းလို့...
Created By: k2tmaung (06 November 2013 Wednesday 12:43PM)

0 comments:
အမှတ်တရ တစ်ခုတော့ ပြောခဲ့ပါဦးနော်...
ကျေးဇူးတင်ပါတယ်...